Latest News

Monday, August 13, 2018

ကန်စွန်းပဲငါးပိချဉ်စပ်

ကန်စွန်းပဲငါးပိချဉ်စပ်

ကန်စွန်းပဲငါးပိချဉ်စပ် ချက်မယ်ဆိုရင် ကန်စွန်းရွက်ကို အရွက်ခြွေပြီး ရေသေချာ ဆေးပြီးစစ်ထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ ပဲပြားကို အတုံးလေးတွေ တုံးထားပါ။

စချက်မယ်ဆိုရင် အိုးတစ်လုံးထဲ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ နနွင်းမှုန့်နဲ့ ငရုတ်ပုထောင်းကို ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာရင် ခရမ်းချဉ်သီးနဲ့ ပဲပြားထည့်ပါ။ ပဲပြားအပေါ်ယံ တင်းလာရင် ပဲငါးပိထည့်ပြီး ခဏထားပါ။ ပြီးရင်ကန်စွန်းရွက် ထည့်ပါ။ အရသာအတွက် ဆားအနည်းငယ်နဲ့ သကြားထည့်ပါ။

ကန်စွန်းရွက်နူးလာရင် ငရုတ်သီးစိမ်း နှစ်တောင့်နဲ့ ကြက်သွန်ဖြူနှစ်မြွှာ ထပ်ထည့်ပါ။ အိုးချခါနီးမှာ သံပရာသီးနှစ်စိတ် ညှစ်ထည့်ပြီး အရသာထူးကဲတဲ့ ကန်စွန်းပဲငါးပိ ချဉ်စပ်ကို သုံးဆောင်နိုင်ပါပြီ။

MWD

No comments:

Post a Comment