Latest News

Thursday, August 9, 2018

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား တမူး-မိုးရေးနှင့် ရိခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက် ဂိတ်များ ယနေ့ တစ်ပြိုင်တည်းဖွင့်လှစ်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား တမူး-မိုးရေးနှင့် ရိခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက် ဂိတ်များ ယနေ့ တစ်ပြိုင်တည်းဖွင့်လှစ်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်အရ အကောင်အထည်ဖော် ဆောင်ရွက်သည့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်နှင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့နယ်တို့ရှိ တမူး-မိုးရေးအပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက်ဂိတ်နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ် ရိခေါဒါရ်မြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါသာမြို့တို့ရှိ ရိခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ဂိတ် ဖွင့်ပွဲများကို ယနေ့ နံနက် ၈ နာရီခွဲတွင်  တစ်ပြိုင်တည်း ကျင်းပသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား တမူး-မိုးရေးအပြည်ပြည်ဆိုင်ရာ  နယ်စပ် ဝင်/ထွက်  ဂိတ်ဖွင့်ပွဲကို   တမူးမြို့ရှိ ချစ်ကြည်ရေးတံတားအနီး   အဆိုပါ ဝင်/ထွက် ဂိတ်မုခ်ဦး၌ကျင်းပရာ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးအေးလွင်က မြန်မာ-အိန္ဒိယ နှစ် နိုင်ငံအကြား အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက်ဂိတ်များ ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍    ရှင်းလင်းပြောကြားပြီး မန္တလေးမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံရုံး   ကောင်စစ်ဝန်ချုပ်   Mr. Nandan Shigh Bhaisoraနှင့်       တမူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန  ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သင်း အောင်တို့က   အမှာစကား  ပြောကြား  ကြသည်။
ထို့နောက်  အမြဲတမ်းအတွင်းဝန်၊ ကောင်စစ်ဝန်ချုပ်နှင့် ခရိုင်အုပ်ချုပ်ရေး မှူးတို့က   တမူး - မိုးရေးအပြည်ပြည် ဆိုင်ရာနယ်စပ်  ဝင်/ထွက်ဂိတ်မုခ်ဦး အား   ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဝင်/ထွက်၏  ဂိတ်အတွင်း   လူဝင်မှု ကြီးကြပ်ရေးစစ်ဆေးရေးလုပ်ငန်း အခြေ အနေများကို လှည့်လည် ကြည့်ရှုအားပေး ကြသည်။
အလားတူ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား ရိခေါဒါရ်-ဇိုခေါသာ အပြည်ပြည် ဆိုင်ရာနယ်စပ် ဝင်/ထွက်ဂိတ်ဖွင့်ပွဲကို သြဂုတ် ၈ ရက်  နံနက် ၈ နာရီခွဲတွင် ရိခေါဒါရ်မြို့ရှိ အဆိုပါ ဝင်/ထွက်ဂိတ် မုခ်ဦး၌ကျင်းပရာ အစီအစဉ်အရ ချင်း ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် နှင့်   အိန္ဒိယနိုင်ငံ   မီဇိုရမ်ပြည်နယ်        နယ်စပ်ကုန်သွယ်ရေးဝန်ကြီး Mr. H Bohluma  တို့က အမှာစကားအသီးသီး ပြောကြားကြသည်။
ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်စာရင်း စစ်ချုပ် ဦးလာလ်တင်မန်း၊     စစ်တွေမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ကောင်စစ်ဝန်ချုပ်   Dr.  Kumar Praveen နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ဦးဝင်းနီဦးတို့က  ရိခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက် ဂိတ် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြပြီး လူဝင်မှု ကြီးကြပ်ရေး စစ်ဆေးရေး လုပ်ငန်းအခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား          တမူး - မိုးရေးနှင့်  ရိခေါဒါရ် - ဇိုခေါသာ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက် ဂိတ်များ    ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှထုတ်ပေးသည့် ပြည်ဝင်ဗီဇာနှင့် e-Visa  ပါရှိသော မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံသို့ လည်းကောင်း၊ သက်တမ်း ရှိသော နိုင်ငံကူးလက်မှတ်နှင့် သက်ဆိုင် ရာ နိုင်ငံ၏ မြန်မာနိုင်ငံသံရုံးမှထုတ်ပေးသည့် ပြည်ဝင်ဗီဇာ (သို့မဟုတ်)  e-Visa  ပါရှိသည့် အိန္ဒိယနိုင်ငံသားနှင့် အိန္ဒိယ နိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံခြား သား  (တတိယနိုင်ငံသား) များသည် မြန်မာနိုင်ငံသို့ လည်းကောင်း ဝင်/ထွက် သွားလာနိုင်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်း ဝင်ရောက်လာသူများအနေဖြင့်  မည်သည့်အပြည်ပြည်ဆိုင်ရာ ဝင်/ထွက် ပေါက်များမှမဆို ပြည်ပသို့ ပြန်လည် ထွက်ခွာနိုင်ကြောင်းနှင့် သံတမန်နိုင်ငံ ကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် အိန္ဒိယနိုင်ငံသား များအား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပြု ကြောင်း သိရသည်။
ထို့အပြင်   အဆိုပါ  အပြည်ပြည် ဆိုင်ရာ  နယ်စပ်ဝင်/ထွက်ပေါက်များ တည်ရှိရာ နယ်စပ်ဒေသ၌ နေထိုင်သူ         မြန်မာနှင့်     အိန္ဒိယနိုင်ငံသားများ           သည်  နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ဖြင့်  နယ်စပ်မျဉ်းမှ (၁၆) ကီလိုမီတာ အကွာအဝေးအထိ ဝင်/ထွက်ခွင့်ပြုပြီး တစ်ကြိမ်ဝင်/ထွက် ခွင့်အတွက်  ၁၃  ညအိပ် ၁၄  ရက် ခွင့်ပြုပေးလျက်ရှိကြောင်း     သတင်းရရှိသည်။
သတင်းစဉ်
ဓာတ်ပုံ-ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment