Latest News

Sunday, August 5, 2018

ရေပြန်ကျ၍ ညောင်လေးပင်မြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၄၃ ခုကို ပိတ်သိမ်း

ရေပြန်ကျ၍ ညောင်လေးပင်မြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၄၃ ခုကို ပိတ်သိမ်း

ညောင်လေးပင် သြဂုတ် ၎

ပဲခူးတိုင်းဒေသကြီး   ညောင်လေးပင် မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၄၃ ခု ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူများ အား ထောက်ပံ့ကူညီကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရေ ပြန်ကျနေပြီဖြစ်၍ ယမန်နေ့ ညနေ ၄ နာရီတွင် ရေဘေးကယ်ဆယ်ရေးစခန်း အားလုံးကို ပိတ်သိမ်းလိုက်ကြောင်း သိရ သည်။

မဒေါက်မြို့၌ စစ်တောင်းမြစ်ရေသည် ယမန်နေ့    ညနေ    ၃    နာရီခွဲအချိန် တိုင်းတာချက်အရ  ၁၂ဝ၃  စင်တီမီတာ အထိ ကျဆင်းနေပြီး မြို့၏စိုးရိမ်ရေမှတ် ၁ဝ၇ဝ စင်တီမီတာအထက်တွင်  ဆက် လက်တည်ရှိနေသေးသော်လည်း ဒေသ အခြေအနေအရ နေအိမ်များတွင် ပြည်သူ များ ပြန်လည်နေထိုင်၍ရသည့်အတွက် ရေဘေးကယ်ဆယ်ရေး ကွပ်ကဲရေးစခန်း များမှ တာဝန်ရှိသူများ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်   ပိတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးနေ ဇာမျိုးက ပြောသည်။

အဆိုပါရေကြီးမှုသည် မဒေါက်မြို့၌ နှစ် ၅ဝ အတွင်း အမြင့်ဆုံး စံချိန်တင်ရေ ကြီးမှုဖြစ်ခဲ့ပြီး  ရေဘေးကယ်ဆယ်ရေး စခန်းများကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၃ ရက်အထိ  ဖွင့်လှစ်ပေးခဲ့ရကာ  စုစု ပေါင်း  ကယ်ဆယ်ရေးစခန်း ၄၃ ခု၌ အိမ် ထောင်စု ၃၅၇၉ စုမှ ရေဘေးသင့်ပြည်သူ ၁၆၉၁၉  ဦးအတွက်  နေရေး၊  စားရေး၊ ကျန်းမာရေးတို့ကို စီစဉ်ဆောင်ရွက်ပေး ခဲ့ရကြောင်း သိရသည်။

ထောက်ပံ့လှူဒါန်းမှုအနေဖြင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊     ဘေး အ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု  ဦးစီးဌာနက ရေဘေးသင့်ပြည်သူ ၁၆၉၁၉ ဦးအတွက် တစ်ဦးလျှင် ဆန်ရိက္ခာဖိုး ၂၁ဝဝ ကျပ်ဖြင့် စုစုပေါင်း ၃၅၅ သိန်းကျော်၊ ပဲခူးတိုင်း ဒေသကြီးအစိုးရက ရေဘေးသင့်ပြည်သူ ၁ဝ၆၇၃ ဦးအတွက်  တစ်ဦးလျှင် ဆန် ခြောက်ဘူးနှင့်  ခေါက်ဆွဲခြောက်  သုံး ထုပ်စီ၊ အိမ်ထောင်စု ၂ဝ၃၂ စုအတွက်  ဆီ ၅ဝကျပ်သားစီတို့ကို လှူဒါန်းခဲ့သည့် အပြင်    မြန်မာနိုင်ငံဒေသအသီးသီးမှ အလှူရှင်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်း များ၊ ဌာနဆိုင်ရာများကလည်း ဆန်၊ ရေသန့်၊ ထမင်းထုပ်၊ စားသောက်စရာ များ၊ အဝတ်အထည်နှင့် ဆေးဝါးများ စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၁၅ဝဝ ခန့်ကို ရေဘေးသင့်ပြည်သူများထံသို့ ထောက် ပံ့လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။

''အခုလို   ရေကြီးမှုကာလအတွင်း ရေဘေးဒုက္ခသည်တွေအတွက်   ငွေ၊ ပစ္စည်းမျိုးစုံ၊  စားသောက်စရာမျိုးစုံ လှူ ဒါန်းပေးကြတဲ့အနယ်နယ်အရပ်ရပ်က အလှူရှင်များအားလုံးနဲ့  ရေဘေးကယ် ဆယ်ရေး ဝိုင်းဝန်းကူညီပြီးဆောင်ရွက် ပေးသူများအားလုံးကို   အထူးကျေးဇူး တင်ပါတယ်''ဟု ညောင်လေးပင်မြို့မိမြို့ဖ ဦးမျိုးကျော်က ကျေးဇူးတင်စကား ပြော ကြားသည်။         

 မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment