Latest News

Saturday, August 4, 2018

ကျောက်ကပ်၌ ကျောက်တည်ခြင်း မဖြစ်စေရန်

ကျောက်ကပ်၌ ကျောက်တည်ခြင်း မဖြစ်စေရန်

ကျောက်ကပ်ဆိုတာ

-ခန္ဓာကိုယ်ကြီး ကောင်းစွာအသက်ဆက်နိုင်ဖို့အတွက် ကျောက်ကပ်ရဲ့ အခန်းကဏ္ဍဟာ လွန်စွာအရေးပါလှပါတယ်။ ဒါကြောင့်လည်း အခြားကလီစာများနှင့် မတူ လူတစ်ယောက်မှာ ကျောက်ကပ်နှစ်ခု(တစ်စုံ) မွေးလာကတည်းက အတူပါလာရခြင်းဖြစ်ပါတယ်။

-ကျောက်ကပ်တစ်ခုစီ၏ အလေးချိန်မှာ ၄ အောင်စမှ ၆ အောင်စ ဝန်းကျင်ရှိပါတယ်။

-ဦးနှောက်၊ အသည်း၊ နှလုံးတို့ထက်ကျောက်ကပ်ထဲ သွေးစီးဆင်းနှုန်းကပိုမြင့်မားပါတယ်။

-ကျောက်ကပ်တစ်ခု၏ အရွယ်အစားဟာပျမ်းမျှ ၄ လက်မခွဲသာရှိပါတယ်။

-ကျောက်ကပ်တစ်စုံဟာ ခန္ဓာကိုယ်ထဲရှိသွေး၏ ၉၉ ရာခိုင်နှုန်းကို ပြန်လည်စုပ်ယူကာ သန့်စင်သုံးစွဲပြီး ၁ ရာခိုင်နှုန်းကိုသာ ကျင်ငယ်ရည်အဖြစ် စွန့်ထုတ်လေ့ရှိပါတယ်။

ဘယ်သူတွေမှာ ကျောက်ကပ်၌ ကျောက်တည်နိုင်ပါသလဲ

-ပျမ်းမျှ အသက် ၆၀ ကျော် အမျိုးသားကြီးတွေမှာ ကျောက်တည်လေ့ရှိပါတယ်။

-အထူးသဖြင့် အသက် ၄၀ ကျော် အဝလွန်သူအမျိုးသမီးများ နံနက်စာမစားပါက ကျောက်ကပ် ကျောက်တည်ရောဂါဖြစ်နှုန်းဟာ ရိုးရိုးသာမန်လူထက် ငါးဆမျှပို၍မြင့်မားနိုင်ပါတယ်။

-တစ်နေ့တွင် ဆီးသွားနှုန်း ၁၅၀ဝ မီလီလီတာ(၁ လီတာ)ဝန်းကျင်ရှိပါက ကျောက်ကပ် ပုံမှန်လည်ပတ်နေပြီး ၎င်းပမာဏထက် ဆီးသွားနှုန်းလျော့နည်းသွားပါက ကျောက်ကပ်ကို အထူးဂရုစိုက်ရန်လိုအပ်ပါတယ်။

ရှောင်ကြဉ်သင့်သောအစားအစာများ

-ဗီတာမင်စီဆေးပြားတွေကို လိုအပ်တဲ့ ပမာထက် ပို၍စားသုံးမိတဲ့အခါ ကျောက်ကပ်မှာ ကျောက်တည်စေနိုင်ပါတယ်။

-အကိုက်အခဲပျောက်ဆေးများကိုလည်း လွန်ကဲစွာစားမိပါက ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။

-Antacid အစာအိမ် အချဉ်ပေါက် ပျောက်ဆေးများကို အလွန်အကျွံ သောက်သုံးခြင်းကလည်း ကျောက်ကပ် ကျောက်တည်စေပါတယ်။

-နို့၊ ဒိန်ချဉ်၊ နို့ခဲစတဲ့ တိရစ္ဆာန်မှ ရရှိသော အဆီမထုတ်ထားတဲ့ နို့ထွက်ပစ္စည်းများကို လွန်ကဲစွာ စားသောက်တဲ့အခါမှာ ကျောက်ကပ်ထဲကို ကယ်လ်စီယမ်ဓာတ်များ အနည်ကျကာ ဆီးကျောက်တည်ခြင်း ဖြစ်စေပါတယ်။

-ဆိုဒီယမ်(အငန်)ဓာတ်က ခန္ဓာကိုယ်ထဲရှိ အရည်တွေကို မျှတအောင်ထိန်းပေးနိုင်တာကြောင့် ဆားဟာမရှိမဖြစ်တဲ့အရာပါ။ သို့သော် ဆားနဲ့ အငန်ဓာတ်တွေကို လိုအပ်တာထက် ပိုမိုစားသုံးမိတဲ့အခါ ကိုယ်ထဲမှာ ကယ်လ်စီယမ်ဓာတ်ကို စွန့်ထုတ်မှုပိုများစေပြီး အရိုးသန်မာမှုကို ယုတ်လျော့စေတဲ့အပြင် ကျောက်ကပ်မှာကျောက်တည်နိုင်ခြင်း အလားအလာကို လည်းပိုများလာစေပါတယ်။ ဒါကြောင့် ဆားကိုလျှော့နိုင်သမျှ လျှော့စားပါ။

-Oxalates ဓာတ်ကြွယ်ဝတဲ့ ဗိုလ်စားပဲသီး၊ ပိန်းဥ၊ ပိန်းရိုး၊ ဟင်းနုနယ်ရွက်တို့က ဆီးကျောက် တည်စေနိုင်တာကြောင့် သင့်တင့်ရုံသာစားပေးပါ။

-ကာဗွန်ဒိုင်အောက်ဆိုက်ဂက်စ်တွေ ထည့်ထားတဲ့ အဖျော်ယမကာများကလည်း ကျောက်ကပ်ထဲရှိ သွေးကြောများပျက်စီးခြင်း၊ ကျောက်တည်ခြင်းစတဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

-ကျောက်ကပ်တွင် ဖြစ်ပေါ်သောကျောက်ဟာ ထုံးဓာတ်ပါဝင်မှုများပြားသော ရေကြောင့်ဖြစ်ပြီး ကယ်လ်ဆီယမ်နှင့် ပေါင်းစပ်မှုကြောင့် ဆီးလမ်းကြောင်း ပိတ်ဆို့စေပါတယ်။

-သကြား(အချို)ဓာတ်များသော အစားအစာများကလည်း ကျောက်ကပ်ထဲမှာ ကျောက်တုံးကို ဖြစ်ပေါ်စေနိုင်ပါတယ်။

-သကြားဓာတ်က အင်ဆူလင်ထုတ်လုပ်ရန် ဂလင်းအရည်တစ်မျိုးကို ထုတ်ပေးပါတယ်။ ၎င်းက ကယ်လ်စီယမ်ဓာတ် ပိုမိုဖြစ်ထွန်းစေပြီး ကျောက်ကပ်ကို ကျောက်တည်စေပါတယ်။

စားသုံးသင့်သောအစားအစာများ

-ကျောက်ကပ်မှ ကျောက်များကြေစေရန်အတွက် အကောင်းဆုံး သဘာဝကုသနည်းမှာ မမေ့မလျော့ ရေသောက်ခြင်းပဲ ဖြစ်ပါတယ်။

-ဆေးသုတေသန ပြုချက်များအရ ခရမ်းချဉ်သီးကို အစေ့ဖယ်၍ စားခြင်းက ကျောက်ကပ်နှင့် ဆီးအိမ်ကျောက်တည်ခြင်း အလားအလာကို လျှော့ချပေးနိုင်ကြောင်း၊ တစ်ပတ်အတွင်း ခရမ်းချဉ်သီး ခုနစ်ကြိမ် စားသုံးသူသည် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း၊ တစ်ပတ်လျှင် ဆယ်ကြိမ်အထက် စားသုံးသူသည် ဆီးကျိတ်ကင်ဆာမှ လုံးဝလွတ်ကင်းနိုင်ကြောင်း ဆေးသုတေသီများက အကြံပြုထားပါတယ်။

-စပျစ်သီးက ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော ယူရစ်အက်စစ်များကို ဆီးအဖြစ် ထွက်ရှိလာအောင် တွန်းအားပေးတာကြောင့် ဆီးရွှင်စေကာ ကျောက်ကပ် ကျန်းမာစေတဲ့အပြင် ခန္ဓာကိုယ်တွင်း အဆိပ်များကို အရှိန်အဟုန်မြှင့် သုတ်သင် ရှင်းလင်းနိုင်သည့် ဇီဝဖြစ်စဉ်ကိုတိုးမြှင့်ပေးနိုင်၍ ကျောက်ကပ်နှင့် သည်းခြေကို သန့်စင်စေပါတယ်။

-မည်သည့်ငှက်ပျောပင်မဆို အူတိုင်ကို ကျောက်ဖရုံသီးဖြင့် ဖျော်ရည်လုပ်သောက်ပါက ကျောက်ကပ်၊ ဆီးအိမ်၊ အမျိုးသားများ ဆီးကျိတ်ဝေဒနာနှင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်။

-ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့ထဲရှိ အဆီတို့ဟာ ကျောက်ကပ်၏ စွမ်းဆောင်ရည်ကို တိုးတက်မြင့်မားလာစေပြီး ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော အညစ်အကြေးတို့ကို ဆီးအဖြစ် စွန့်ထုတ်ပေးနိုင်၍ ဆီးကျောက်တည်ခြင်း မဖြစ်စေပါဘူး။ အထူးသဖြင့် အမျိုးသားများတွင် ဖြစ်တတ်သော ဆီးကျိတ်ကြီးထွားလာခြင်းကိုသက်သာစေရုံမျှမက ဆီးကျိတ်ကင်ဆာ ရောဂါကိုလည်း ထိထိရောက်ရောက် တားဆီးကာကွယ်ပေးနိုင်ပါတယ်။

-အာလူးထဲမှာ မဂ္ဂနီစီယမ်ဓာတ်မြင့်မားစွာ ပါရှိပြီး ထိုဓာတ်က ကျောက်ကပ်နှင့် တစ်သျှူးများထဲတွင် ကျောက်ကပ်ကျောက်တည်ခြင်းကို ချေဖျက်ပေးနိုင်စွမ်းရှိပါတယ်။

-မြင်းခွာရွက်ကို နေ့စဉ်မှန်မှန်စားပေးခြင်းဖြင့် ကျောက်ကပ်နဲ့ ပတ်သက်သော ဆီးဝေဒနာ အမျိုးမျိုးမှ ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။

-ကျောက်ဖရုံသီးကို မကြာခဏဟင်းခါးချက်သောက်ပေးပါ။

-သံမနိုင်ကျောက်မနိုင် အပင်တစ်ပင်လုံး အမြစ်ပါမကျန် (ပဉ္စငါးပါး)တို့ကို အရည်ညှစ်ပြီး ကျိုချက်၍လည်းကောင်း၊ အခြောက်ကို လက်ဖက်ရည်ကဲ့သို့ ပြုလုပ်၍လည်းကောင်း သောက်လျှင် ဆီးချုပ်၊ ဆီးပူ၊ ကျောက်တည်ရောဂါများ ပျောက်ကင်းစေပါတယ်။

-ဖရဲသီးများများစားပါ။

-အုန်းသီးနုနုတစ်လုံး၏ ထိပ်ဖက်အပိုင်းလေးကိုဖြတ်ပြီး လှော်ထားသော ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်၍ ထည့်စိမ်ထားလိုက်ပါ။ တစ်နာရီခန့် စိမ်ထားပြီးလျှင် ၎င်းအုန်းစိမ်းရည်ကို သောက်ပေးနိုင်ပါတယ်။ နံနက်အိပ်ရာထခါစမှာ သောက်ရေမတ်ခွက် အပြည့်ဖြင့် တစ်ခွက်သောက်ပေးပါ။ ဆီးများများ သွားလိုက်လျှင် ကျောက်များကြေ၍ ကျသွားပါလိမ့်မယ်။

-သံမနိုင်ကျောက်မနိုင်ပဉ္စငါးပါး၊ ကုန်းထိကရုံးပဉ္စငါးပါး၊ တောင်ဆီးဖြူပဉ္စငါးပါး ၎င်းသုံးမျိုးတို့ကိုဆတူရောပြီး ကျိုချက်ပါ။ သုံးခွက်တစ်ခွက်တင် ကျိုပြီးနောက် တစ်နေ့သုံးခွက်သောက်ပါ။

ပေါက်ပေါက်

No comments:

Post a Comment