Latest News

Thursday, August 16, 2018

အမှုဖြစ်နေသော လယ်ယာမြေများအတွက် တောင်သူများမနစ်နာစေရေး တရားရုးံဆုးံဖြတ်ချက်မကျမီ စိုက်/ဘဏ်ချေးငွေထုတ်ပေးရန် တောင်းဆို

အမှုဖြစ်နေသော လယ်ယာမြေများအတွက် တောင်သူများမနစ်နာစေရေး တရားရုးံဆုးံဖြတ်ချက်မကျမီ  စိုက်/ဘဏ်ချေးငွေထုတ်ပေးရန် တောင်းဆို

   စစ်ကိုင်းတိုင်းအတွင်း အငြင်းပွားမှုများ၊တရားမလမ်းကြောင်းဖြင့် တရားရုးံရောက်နေသော လယ်ယာမြေများအတွက်   အမှုအခင်း အပြီးပြတ်သေးမီ စိုက်စရိတ်ချေေးငွများကို  တောင်သူများမနစ်နာစေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ထုတ်ချေးပေးသင့်ကြောင်း ၀န်းသိုမြို့ အမှတ်၁ မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦး ကပြောသည်။
     
   သြဂုတ် ၂ ရက်ေန့ကပြုလုပ်သော  ၁၅ကြိမ်မြောက်တိုင်းဒေသကြီးလွှတ်  ၄ရက်မြောက်ပုံမှန်အစည်းအဝေးတွင်အမွေဆက်ခံခြင်းနှင့်ပတ်သက်သောလယ်ယာမြေအငြင်းပွားမှုများ၊တရားမကြောင်းအရတရားစွဲထားသော လယ်ယာမြေများ၊အမှုအခင်းမပြီးအပြတ်ဆုးံဖြတ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးခင်းအချိန်ထိဘဏ်ချေးငွေ ထုတ်ချေးပေးနိုင်ခြင်း ရှိ၊မရှိကို ဦးဇော်လင်းဦး ကမေးမြန်းခဲ့ခြင်းဖြစ်သည်။

     "အမှုအခင်းနဲ့ဖြေရှင်းနေရတဲ့ အတောအတွင်းမှာ လက်ရှိတောင်သူကလည်းလယ်ယာမြေ ဆက်လုပ်နေတယ်၊ပုံစံ၇ လည်း ရပြီးဖြစ်တယ်၊ တရားမကြောင်းနဲ့ဆွဲတဲ့အမှုတွေဆို အမှုပြီးဖို့ နှစ်ချီကြာတာကြောင့်  အမှုရင်ဆိုင်နေရတဲ့ အချိန်အတွင်း စိုက်စရိတ်ကို တခြားနည်းနဲ့ချေးယူနေရတာ တောင်သူတွေ ပိုနစ်နာဆုးံရှုးံတယ် "ဟု ၄င်းကပြောသည်။

      ယခုနှစ်မှ စ၍  ဘဏ်ချေးငွေများထုတ်ပေးရာတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းကို ဘဏ် သို့ပေးအပ်နိုင်မှသာ စိုက်စရိတ်ချေးငွေများ ထုတ်ပေးသည့်စနစ်သို့ ပြောင်းခဲ့ကြောင်း သိရသည်။ ၄င်းပုံစံ၇ နှင့်ပတ်သက်၍ မိသားစုတစ်ဦးကသော်လည်းကောင်း၊ပြင်ပ ပုဂ္ဂိုလ်တစ်ဦးကသော်လည်းကောင်း ကိစ္စတခုခုကြောင့်ချေးငွေထုတ်မချေးရန် ဘဏ်သို့ တရားဝင်ကန့်ကွက်ပါက ယာယီရပ်ဆိုင်းထားနိုင်ကြောင်း သိရသည်။

   "သက်ဆိုင်ရာတရားရုးံများက အဆုးံအဖြတ်မကျသေးခင် ဘယ်သူ့ကိုမှ ငွေထုတ်ချေးခြင်းမပြုပါဘူး၊ ထုတ်ချေးပြီးမှ  အငြင်းပွားသူ တစ်ဦးကို အနိုင်ပေးလိုက်ရင် နိုင်ငံတော်ငွေသာ ဆုးံရှုးံသွားမှာပါ၊ "ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး ကပြောသည်။
 
ယင်းကြောင့် အငြင်းပွားမှုများနှင့် တရားရင်ဆိုင်နေရသော လယ်ယာမြေများကို အမှုမပြီးခင်ထိ ချေးငွေများ ထုတ်ချေးသွားရန် အစီအစဉ်မရှိကြောင်း  ၀န်ကြီး ကလွှတ်တော်တွင်ဖြေကြားခဲ့သည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment