Latest News

Thursday, August 16, 2018

အဆိုတော် ရသနှင့် လူငယ်နှစ်ဦးကို စိတ်ကြွဆေးပြား နှင့်အတူ ဖမ်းဆီးရမိ

အဆိုတော် ရသနှင့် လူငယ်နှစ်ဦးကို စိတ်ကြွဆေးပြား နှင့်အတူ ဖမ်းဆီးရမိ

မန္တလေး သြဂုတ် ၁၅

မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည် မြို့နယ် ထွန်တုံးရပ်ကွက်၌ ယမန်နေ့ ညနေ ၃ နာရီက အဆိုတော် ရသနှင့် အခြားလူငယ် နှစ်ဦးကို စိတ်ကြွဆေး များနှင့်အတူ ဖမ်းဆီး ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ် ရဲမှူး စံသူနှင့် အဖွဲ့ဝင်များသည် ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် အောင်ဇေယျလမ်း ၄၉ လမ်းနှင့် လမ်း ၅ဝ ကြား နန်းထိုက်ပန်း အအေးခန်း ဧည့်ရိပ်မွန် အခန်းအမှတ်(၂ဝ၅)တွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ အမှတ်(၈၉) ရွာလယ်လမ်း(ဇ) မြောက်ရပ်ကွက် သင်္ဃန်းကျွန်းမြို့နယ်နေ အဆိုတော် ရဲမင်းသိန်း(ခ) ရသ ၃၅ နှစ်၊ ရတနာမြလမ်းရွာသာကြီး ၁၄ဝ ရပ်ကွက် တောင်ဒဂုံမြို့နယ်နေ မျိုးတင့် ၂၆ နှစ်၊ လမ်းသွယ် ၇၊ ၅၄ လမ်းနှင့် ၅၅ လမ်းကြား ထွန်တုံးရပ်ကွက် ချမ်းမြသာစည် မြို့နယ်နေ အဆိုတော် ခေမီ(ခ) ဗာတားမီး ၂ဝ နှစ်တို့ သုံးဦးကို တွေ့ရပြီး အခန်းအတွင်းမှ စိတ်ကြွဆေးပြား ၁၆၅၅ ပြားနှင့် လက်ကိုင်ဖုန်း သုံးလုံးကို သိမ်းဆည်း ရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲမင်းသိန်း(ခ)ရသ၊ မျိုးတင့်နှင့် ခေမီ(ခ)ဗာတားမီး တို့ကို အောင်ပင်လယ် နယ်မြေရဲစခန်းက မယ ၁၁/၂ဝ၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

အမ်အမ်ကေ

No comments:

Post a Comment