ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ၊ကန်သာယာ ပြည်သူ့ပန်းခြံ အတွင်း ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ- နှစ်(၃၀)ပြည့် အထိမ်းအမှတ် ရုပ်တုဖွင့်ပွဲ သြဂုတ်လ ၈ရက် နေ့ နံနက် ၁၀နာရီတွင် ဖွင့်လှစ်မည်။
ဦးမင်းကိုနိုင်၊အပါအဝင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဦးမောင်မောင်စိုး (ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ) စသည်တို့ မှ နေ့လည် ၁နာရီတွင် ၈၈၈၈ နှစ်(၃၀)ပြည့် အရေးတော်ပုံကျောက်တိုင်အား တက်ရောက်ဖွင့်လှစ်ကြမည်ဖြစ်သည်ဟု သိရ။ အထိမ်းအမှတ် ရုပ်ထု ဖွင့်ပွဲအခန်းအနားကို နံနက် ၁၀ နာရီတွင် စတင်မှာ ဖြစ်ပြီး ၊ ၈၈၈၈ အရေးတော်ပုံ ကာလာက မြောက်ဥက္ကလာပ မြို့နယ် အတွင်းလှုပ်ရှားမှု များကို ပြခန်း အဖြစ်ထား ရှိထားပြီး၊ မနက်ပိုင်း၈နာရီ ၈မိနစ်အချိန်တွင် ယခင်(၈.၈.၈၈) စိုက်ထူခဲ့သော လမ်းဝတံတားအနီးတွင်း ယာယီကျောက်တိုက် စိုက်ထူမှုလည်း အစီအစဉ် လည်းပါဝင်သည်ဟု
ရှစ်လေးလုံးဒီမိုကရေစီရုပ်တုဖြစ်မြောက်ရေးကော်မတီ(ပြန်ကြားရေး) မှ တာဝန်ရှိသူများမှ သတင်းထုတ်ပြန်ထားသည်။
ညနေပိုင်းတွင် ကမ္ဘာမကြေးဘူး သီချင်းအား သီဆိုခဲ့ကြသော(ကျောင်းသားများသမဂ္ဂ မ/ဥ)မှ ကျောင်သား/သူ များနှင့်တေးရေး နိုင်မြန်မာ တို့မှလည်း ဖျော်ဖြေမှု များပြုလုပ်မည်ဟုသိရ။
သားစိုးလေး
No comments:
Post a Comment