Latest News

Wednesday, August 15, 2018

လာကာဇက်တီနှင့်အတူ ပွဲထွက်ကစား ခိုင်းရန် နည်းပြအမ်မရီကို အူဘာမီယန်း တောင်းဆို

လာကာဇက်တီနှင့်အတူ ပွဲထွက်ကစား ခိုင်းရန် နည်းပြအမ်မရီကို အူဘာမီယန်း တောင်းဆို

လန်ဒန် သြဂုတ် ၁၅

ရာသီအဖွင့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် မန်စီးတီးကို နှစ်ဂိုးပြတ်ရှုံးခဲ့ရသော အာဆင်နယ် အသင်းမှ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းက မိမိနှင့် ပြင်သစ် တိုက်စစ်မှူး လာကာဇက်တီတို့ကို ပွဲထွက်စာရင်းတွင် အတူထုတ်သုံးရန် နည်းပြ အမ်မရီအား တိုက်တွန်း ခဲ့သည်။

လာကာဇက်တီသည် ၂ဝ၁၇ ခုနှစ်တွင် အာဆင်နယ်သို့ စတင် ရောက်ရှိခါစက ခြေစွမ်းပြ ဂိုးများ သွင်းယူနိုင်သော်လည်း ပြီးခဲ့သည့် ဇန်န၀ါရီဈေးကွက်တွင် အူဘာမီယန်း ဒေါ့မွန်မှ ပြောင်းရွှေ့ ရောက်ရှိ လာပြီးနောက် ပုံမှန် ပွဲထွက်ခွင့် မရသလို နှစ်ဦးသား ကစားပုံ နေရာတူနေခြင်းကြောင့် အရန်ကစားသမား ဘ၀ရောက်ခဲ့ရပြီး မန်စီးတီးနှင့် ပွဲတွင်လည်း ဒုတိယပိုင်းရောက်မှ လူစားဝင်ခွင့် ရခဲ့သည်။

အူဘာမီယန်းက ''ကျွန်တော်နဲ့ လာကာဇက်တီ တို့နှစ်ဦး တိုက်စစ်မှာ ကောင်းကောင်းတွဲ ကစားနိုင်မှာပါ။ ကွင်းထဲရောက်ရင် သူနဲ့နေရာ မထပ် အောင် ကျွန်တော် ကစားပါ့မယ်။ မန်စီးတီးနဲ့ပွဲမှာ ကျွန်တော်တို့ တွဲဖက်ကစားနိုင်ခဲ့တယ်။ လာကာဇက်တီက တိုက်စစ်ဗဟိုနေရာမှာ နေရာယူထားရင် ကျွန်တော် ဘယ်ဘက်ခြမ်းမှာ ကစားရမယ်လ်လို့  စိတ်ထဲမထားဘဲ သူနဲ့ တွဲဖက်ညီစွာ ကစားနိုင်ဖို့ ကြိုးစားခဲ့တယ်။

နှစ်ယောက်စလုံး အကောင်းဆုံးပေါင်း ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အသင်းက နည်းပြသစ်နဲ့ အသားကျဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမယ့် သူ့ကစားဟန်က တစ်ဖက်ကို ဖိအားပေးပြီး အကောင်းဆုံး ကစားနိုင်တဲ့ နည်းစနစ်ဖြစ်လို့ နောက်ပိုင်း အောင်မြင်မှာပါ” ဟု ပြောခဲ့သည်။

MWD

No comments:

Post a Comment