Latest News

Wednesday, August 29, 2018

ဆွာရေလှောင်တမံကျိုးပေါက်မှူကြောင့်ကျေးရွာအချို့ရေနစ်မြှပ်ကာအရေးပေါ်ရွှေ့ပြောင်းနေရအမြန်လမ်းပိတ်ထားရ

ဆွာရေလှောင်တမံကျိုးပေါက်မှူကြောင့်ကျေးရွာအချို့ရေနစ်မြှပ်ကာအရေးပေါ်ရွှေ့ပြောင်းနေရအမြန်လမ်းပိတ်ထားရ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းတည်းဆောက်ထားသော ဆွာရေလှောင်တမံသည်သြဂုတ်လ ၂၉ ရက်နေ့ နံနက်ငါးရီခန့်မှစတင်းကျိုးပေါက်မှူကြောင့်ဒေသတွင်းကျေးရွာအချို့အရေးပေါ်ရွှေ့ပြောင်းနေရပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအက်ကွဲကာရေကျော်နေသည့်အတွက်ပိတ်ထားရသည်။

 အနီးရှိကျေးရွာများနှင့်ဆွာမြို့နေပြည်သူများသည် သာဂရဘက်သို့အရေးပေါ်ရွှေ့ပြောင်းနေရပြီး လူနေအိမ်များ ကျေးရွာများ ရပ်ကွက်များ လယ်ယာစိုက်ခင်းများရေနစ်မြှပ်နေကြောင်းသိရသည်။ နံနက် ၈ နာရီခန့်မှစ၍ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းဟောင်းကာပိတ်ထားရပြီးရထားလမ်းပေါ်သို့ရေကျော်နေကြောင်းသိရသည်။

ကျိုးပေါက်မှူဖြစ်စဉ်မှာရေပိုလွဲ၏ယာဘက်ခြမ်းမှစတင်ကျိုးပေါက်ခြင်းဖြစ်ပြီးစစ်တောင်းမြစ်ကမ်းပါးအနီးတစ်လျှောက်ရှိကျေးရွာများသတိဖြင့်နေထိုင်ကြရန်အရေးကြီးကြောင်းသိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment