Latest News

Wednesday, August 29, 2018

နိုင်ငံတကာခရီးသွားဧည့်သည်များ အများဆုံးဝယ်ယူသည့်မြန်မာ့လက်မှုပစ္စည်းဘောစကိုင်းအိတ်

နိုင်ငံတကာခရီးသွားဧည့်သည်များ အများဆုံးဝယ်ယူသည့်မြန်မာ့လက်မှုပစ္စည်းဘောစကိုင်းအိတ်


 မန္တလေး-သြဂုတ်-၂၉

      ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အညီ မြန်မာမှု လက်မှု ပစ္စည်းအနုလက်ရာများကို ပြုလုပ် ရောင်းချလျက်ရှိရာ ဘောစကိုင်းစေ့ဖြင့် ပြုလုပ်ထားသည့် အိတ်များနှင့်အခြားအသုံးအဆောင်ပစ္စည်း များကို နိုင်ငံတကာခရီးသွား ဧည့်သည်များ အမှတ်တရအဖြစ် ၀ယ်ယူမှုများပြားလာကြောင်းသိရသည်။

    ဘောစကိုင်းအိတ်လက်မှုပစ္စည်းများပြုလုပ်ရောင်းချရာတွင်ဒေသအခေါ်ဗယားအိတ်(ပိုက်ဆံထည့်သည့် မိန်းမကိုင်အိတ်)၊ယပ်တောင်အိတ်၊ ဖုန်းအိတ်၊လက်ကိုင်ပိုက်ဆံအိတ်၊ဆံထိုး၊လက်ပတ်၊ဆွဲကြိုး၊သော့ချိတ် ၊တစ်ချောင်းထိုးဆံထိုးများကို အဓိက ပြုလုပ်ရောင်း ချကြသည်။ဗယားအိတ်တစ်ခုလျှင် အရွယ်အစားအလိုက် သုံးထောင်မှ တစ်သောင်းတစ်ထောင်အထိရှိပြီး ၊လက်ပတ်များ ၊သော့ချိတ်များကိုမူ တစ်ခုလျှင်ငွေကျပ်၂၅၀နှုန်းဖြင့် ရောင်းချကြကြောင်းသိရသည်။

 မြန်မာမှုဘောစကိုင်းလက်မှုပစ္စည်းရောင်းချသူများမှာ ကိုယ်တိုင်ပြုလုပ်ရောင်းချခြင်းနှင့်အတူ လိုအပ်သည့်လက်မှုပစ္စည်းများကိုဖောက်သည်ယူရောင်းချကြသည်။အများစုမှာဘောစကိုင်းစေ့ကို  ဒိုင်မှဝယ်ယူပြီး အမှတ်တရလက်မှုပစ္စည်းအမျိုးမျိုးပြုလုပ်ကြသည်။လက်မှုပြုပစ္စည်းပြုလုပ်ရာတွင်ဘောစကိုင်းစေ့များ ကို ရေဖြင့်ပြုပ်ပြီးမှပြုလုပ်ရ သည်။ပြုပ်ပြီးသား ဘောစကိုင်းစေ့များကို အ၀တ်စိုကလေးဖြင့်အုပ်ထားပြီး လိုအပ်သည့် အိတ်ကလေးများကိုအပ်ချည်ဖြင့်သီကာပြုလုပ်ကြသည်။ခိုင်ခံ့မှုရှိစေရန်အတွက်ချည်အကောင်းဖြင့်ပြုလုပ်ကြ ရသည်။ဘောစကိုင်းစေ့လက်မှုပစ္စည်းများကို နှစ်စဉ်အဆင်ဒီဇိုင်းအမျိုးမျိုးကြံဆလုပ်ကိုင်ရောင်းချသည့် အတွက်  ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ၀ယ်ယူမှုများပြားလာကြောင်း ဦးပိန်တံတားမှ ဘောစကိုင်းလက်မှု ပစ္စည်း ရောင်းချသူတစ်ဦးကပြောပြသည်။

တိမ်တမန်

No comments:

Post a Comment