Latest News

Tuesday, August 14, 2018

ပုံစံခွက်ထဲက ဖောက်ထွက်ရဲကြပါ



ဒီနေ့(၁၂.၈.၁၇) မှာ ယောက်ခ်လမ်းထဲ(ယောမင်းကြီးရပ်ကွက်) မြို့တော်ဝန်လာတယ်ဆိုလို့ မနက်စာရောင်းတဲ့ လမ်းဘေးဆိုင်တွေရော ပန်းဆိုင်တွေရော အကုန်ပိတ်ရတယ်။ နောက်ပြီး ရွှေတိဂုံဘုရားလမ်းမပေါ် ဒဂုံပန်းခြံ နားက ဆောက်လုပ်ရေးမှတ်တိုင်က ဆိုင်တွေလည်း အကုန်ပိတ်ပေးရတယ်။ ဂျာနယ်ဆိုင်တွေကတော့ တစ်ရက် မရောင်းရင် အရှုံးဖြစ်ပြီမို့ ဖြစ်သလိုလေးတွေ ခင်းပြီးရောင်းနေကြပေါ့။

ပြောချင်တာက အရင်ခေတ် အရင်အစိုးရတွေလက်ထက်တုန်းကလည်း လူကြီးလမ်းကြောင်းဆိုရင် ဒီလိုလမ်းဘေး ဆိုင်တွေ အကုန်ပိတ်၊ အကုန်ရှင်း။ အဲ.. နောက်နေ့ကျတော့ ပြန်ဖွင့်ကြ။ ဒီလိုနဲ့ပဲ ပြီးနေကြတာပဲ။ အခုရော ဘာထူးသွားသေးလဲ။

အဲဒီဆိုင်လေးတွေ ပိတ်လိုက်တော့ ဘာအကျိုးဖြစ်လဲ တွေးကြည့်ကြဦး။ သူတို့တွေ တစ်နေ့တာ ဝင်မယ့် ဝင်ငွေတွေ လျော့ကုန်မယ်။ အခက်အခဲတွေဖြစ်မယ်။

ဒီဆိုင်တွေက အဲဒီမြို့တော်ဝန်မဖြစ်ခင်ကတည်းက ခေတ်အဆက်ဆက်ရှိနေတဲ့ဆိုင်တွေ၊ ရောင်းနေတဲ့ဆိုင်တွေ။
စနစ်ကျချင်လို့ လုံးဝမရောင်းရလို့ သတ်မှတ်ရင်လည်း မပြောဘူး။

ခုဟာက လူကြီးလမ်းကြောင်း တစ်ရက်အတွက် အကုန်ပိတ်ပေးရတယ်။


စနစ်ဟောင်း လူဟောင်းတွေကို မကြိုက်လို့ စနစ်သစ် လူသစ်နဲ့ ပြည်သူတွေရွေးချယ်ထားတဲ့ အစိုးရလက်ထက်မှာလည်း အခုလို လူကြီးလမ်းကြောင်းဆိုပြီး ဘာမဟုတ် ညာမဟုတ် ဘာမဆိုင် ညာမဆိုင်နဲ့ လမ်းဘေးဆိုင်တွေ အကုန်ပိတ်ပေးရတယ်။

အရင် ပုံစံခွက်ထဲကနေ ရုံးမထွက်ရဲ ဖောက်မထွက်ရဲကြ…..

ဂျာနယ်ရောင်းတဲ့ သူနဲ့က သူငယ်ချင်းလိုဖြစ်နေတော့ ဆိုင်အပိတ်ခံရတကို ဒီလိုပဲပေါ့ဆိုပြီး အပြုံးမပျက်ဘဲ ပြောရှာပါတယ်…. သူ့ရှေ့က ဖြတ်လျှောက်သွားတဲ့ ဦးကျော်ဇေယျာ(ဒဂုံလွှတ်တော်ကိုယ်စားလှယ်)တာင် ပိန်သွားတယ်တဲ့ (သူပြောချင်တာက အလုပ်တွေ အရမ်းပင်ပန်းလို့ပေါ့လေ)။

အဲဒီကောင်ဆို အရင် စစ်အစိုးရလက်ထက်ရော ဦးသိန်းစိန်အစိုးရလက်ထက်ရော လူကြီးလမ်းကြောင်းဆိုပြီး ဆိုင်အပိတ်ခံရရင် အမြဲဆဲနေတဲ့သူ။ ခုတော့ ပြည်သူ့အစိုးရလက်ထက် ဘာလုပ်လုပ် မှန်တယ် ကောင်းတယ်ဆိုပြီး အမြဲထောက်ခံတယ်။

သူဆိုရင် (အရင် ဆိုင်ပိတ်လို့ ဆဲနေကြကနေ) ပုံစံခွက်ကနေ ဖောက်ထွက်ပြီး (ဆိုင်ပိတ်ခံရတာတောင် လက်ခံပြီး) အစိုးရကို ထောက်ခံပေးတဲ့သူ။

ဒီလိုမျိုး ပြည်သူတွေက ရဲရဲဝံဝံ အားပေးနေကြ.. ထောက်ခံနေကြ…. တာတောင်
အစိုးလူကြီးမင်းများနဲ့ အမတ်မင်းများက အရင်ပုံစံခွက်တွေကနေ ဖောက်မထွက်ရဲကြပဲနဲ့ သူတို့ လမ်းကြောင်းဆိုတာနဲ့ လမ်းဘေးဆိုင်တွေကို ပိတ်ခိုင်းနေလေရဲ့။ (အဲဒါက ဘာများ အကျိုးရှိမှာလဲ...)

အစိုးရလူကြီးမင်းတွေ အမတ်မင်းလည်း အရင်ပုံစံခွက်ကနေ ဖောက်ထွက်ပြီး ပြည်သူတွေနဲ့ တစ်သားတည်း အတူတူ ရှိနေပေးကြပါတော့ ……….

Lumin Thaungtun




No comments:

Post a Comment