ကြ်န္ေတာ္ အရမ္းႀကိဳက္တဲ့ ကာတြန္းကား က တနဂၤေႏြ မနက္ ရ:၃၀ မွာ လာမွာမို႔လို႔ ကြ်န္ေတာ္ အိပ္ရာက အျမန္ထလိုက္တယ္။
ကြ်န္ေတာ့္ေဘးမွာ ဘယ္သူမွ မရွိၾကေတာ့ဘူးခင္ဗ်...။ ဘယ္သြားၾကပါလိမ့္...။
အာ.. အေမက ဂေယာင္ဂ်ဴးဘက္ (Gyeongju-si )သြားမယ္လို႔ ညက ေျပာတာ သတိရသြားတယ္..။
အေမကေတာ့ ထံုးစံအတိုင္း မနက္ ၅ နာရီေလာက္က အိပ္ရာထၿပီး ေတာင္ေပၚက ဘုရားေစတီတက္ၿပီး ဘုန္းႀကီး ဝတ္ျပဳ... ေန႔လည္စာ စားၿပီးမွ ျပန္လာမွာေပါ့...။ အေမက ဘုရားတရားနဲ႔ပတ္သက္ရင္ ဘယ္သူမွတားမရ...။
အေဖက အေဆာက္အဦ ေစာင့္တဲ့ အေစာင့္ဝန္ထမ္းပါ... ။ ဒီည ညဆိုင္းဆင္းၿပီး အခု အထိျပန္မလာေသး..။
ဒါဆို အစ္မ ဘယ္သြားပါလိမ့္..?
::::::::::::::::::::::::
ေတာင္ကိုရီးယားရဲ႕ ေဆာင္းရာသီက ခ်မ္းလြန္းလို႔ ၾကမ္းျပင္ကို အပူေပး ဘြိဳင္လာနဲ ႔ေႏြးေအာင္လုပ္ၿပီး ကြ်န္ေတာ္တို႔ အိပ္ၾကရတယ္။
ဘြိဳင္လာဆီကေစ်းႀကီးေတာ့ အေမရယ္ ၊အစ္မရယ္ ၊ ကြ်န္ေတာ္ရယ္ အခန္းတစ္ခန္းကိုပဲ အပူေပးၿပီး အားလံုးတန္းစီ အိပ္ၾကတယ္ေလ....။
ဒီေန႔ အိပ္ရာက ထေတာ့ ကြ်န္ေတာ့္ေဘးမွာ တစ္ေယာက္မွ မရွိတာ ထူးဆန္းေနတာပါ..။
အစ္မ စာက်က္ေနတာမ်ားလား..?
ေနာက္ေဖးေခ်ာင္... တစ္အိမ္လံုးရွာၾကည့္တာ အစ္မ မရွိဘူူး..။
အစ္မ ဖုန္းက်ေတာ့ ဆိုဖာေပၚမွာရွိေနတယ္..။
အစ္မဘယ္သြားပါလိမ့္..?
::::::::::::::::::::::::
ကြ်န္ေတာ္ က အစ္မကို ေတာ္ေတာ္ခ်စ္တာဗ်...။ အစ္မက ကြ်န္ေတာ့္အေမလိုပါပဲ...။
အစ္မ ထမင္းစားခ်ိန္အထိ ျပန္မလာလို႔ ကြ်န္ေတာ္ အေတာ္စိုးရိမ္မိတယ္..။ အစ္မက ဖုန္းထားခဲ့ေတာ့ အဆက္အသြယ္လဲလုပ္လို႔မရဘူး ..။
အစ္မ ဒီလိုေပ်ာက္ေနတာ ထူးဆန္းေနတာပါ..။ ကြ်န္ေတာ့္ အစ္မဟာ ဒီလို မေျပာမဆို အျပင္ထြက္ေလ့မရွိဘူး။
အစ္မ ျပန္လာမယ့္အခ်ိန္ကို TV ၾကည့္ရင္း မနက္စာစားဖို႔ ေစာင့္ေနမိတယ္။ ဗိုက္ဆာလွၿပီ..။
မေစာင့္ႏိုင္လို႔ ကြ်န္ေတာ္ တစ္ေယာက္ထဲ ထမင္းစားလိုက္တယ္။
အခု ညေနေရာက္ၿပီ..။
အစ္မ ျပန္မလာဘူးဗ်ာ..။
::::::::::::::::::::::::
အဲဒီေန႔က ၂၀၀၁ ခုႏွစ္ ၂ လပိုင္း ၄ ရက္ေန႔ေပါ့...။
ကြ်န္ေတာ္တို႔ေနတဲ့ ဘူဆန္ၿမိဳ႕- ေယာင္ဆန္းဒံု (Busan, Yong San Dong ) ရဲ႕ ညေန ပိုင္း...။
အဲဒီေန႔က ရပ္ကြက္ထိပ္က ရဲစခန္းမွာ အမ်ိဳးသမီးတစ္ဦး က အာေဘာင္အာရင္း သန္သန္ ေျပာေနတဲ့စကားကို ကြ်န္ေတာ္အပါအဝင္ လူေတြ အမ်ားႀကီး ဝိုင္းနားေထာင္ေနၾကတယ္။
::::::::::::::::::::::::
အေဒၚႀကီးတစ္ေယာက္က လူအုပ္ႀကီးကို ရွင္းျပေနတာေတြ႕တယ္..။
" ကြ်န္မ အၿမဲတမ္း ကြ်န္မ ေခြးေလးနဲ႔ ညေနဖက္ ဘဲဆန္ ( Bae San ) ဆိုတဲ့ ေတာင္ေပၚ လမ္းေလွ်ာက္ေနက်.. ေခြးေလးက ထူးထူးဆန္းဆန္း ႐ုတ္တရက္ ေျပးထြက္သြားၿပီး လမ္းေဘးဘက္ကို ဆင္းခ်သြားေတာ့တယ္..။
ဘဲဆန္ဟာ ရွင္တို႔သိတဲ့အတိုင္း ေတာင္အျမင့္တစ္ခုမဟုတ္ပါဘူး.. လမ္းေလွ်ာက္လို႔ေကာင္းတဲ့ ေတာင္ကုန္းေလးပါ...။
ကြ်န္မ ေခြးေလးကို ဖမ္းဘို႔ ေျပးလိုက္သြားေတာ့ ေခြးေလးက လဲက်ေနတဲ့ ေကာင္မေလးတေယာက္ဆီ သြားၿပီး ေဟာင္ေနတာေတြ႕ရတယ္..။
ကြ်န္မ ကေလးမေလးကိုၾကည့္လိုက္ေတာ့ ေသြးေတြနဲ႔....
"လာၾကပါဦး ကေလးမေလး ေသြးေတြနဲ႔.." လို႔ကြ်န္မ ေအာ္ဟစ္အကူအညီေတာင္းလိုက္တယ္...။
"ေမ့ေနတာလား ေသမ်ားေသေနသလား.."
ပတ္ဝန္းက်င္ကလူေတြက အကူအညီေတာင္းၿပီး ဖုန္းဆက္ေတာ့ ရဲစခန္း အရာရွိေတြေရာက္လာတာပါ...။
အခ်ိန္က ညေန ၅ နာရီ ၃၀ မိနစ္ေပါ့...။
::::::::::::::::::::::::
" ကြ်န္ေတာ္တို႔နဲ႔ တစ္ေခါက္လိုက္ခဲ့ၿပီး အန္တီ ဘယ္လိုဘယ္ပံု စေတြ႕တာကို လိုက္ျပေပးပါခင္ဗ်ာ..."
အေဒၚႀကီး ေမာသြားပံုရတယ္။
ဒီလို စိတ္ဝင္စားဘို႔ေကာင္းတဲ့ ျဖစ္ရပ္ျဖစ္ၿပီဆို ကြ်န္ေတာ့္ အစ္မ မရွိဘူး။
အစ္မျပန္လာရင္ ေျပာျပရဦးမယ္ ... ။
ကြ်န္ေတာ္ အမကို ျပန္ေျပာျပဖို႔ စိတ္ေစာေနမိတယ္...။
ဒါနဲ႔ ကၽြန္ေတာ္လည္း လူအုပ္ႀကီးေနာက္လိုက္သြားတာေပါ့...။
::::::::::::::::::::::::
လူေတြက အမ်ားႀကီး သိပ္မျမင္ရဘူး...။ ရဲတပ္ဖြဲ႕ေတြ ေဆး႐ုံကားေတြ ဝိုင္းဝိုင္းလည္ေလတယ္။
ရဲအရာရွိတစ္ဦးက ေအာ္ေျပာၿပီး က်န္တစ္ေရာက္က ေရးမွတ္တာကို က်ဳပ္ေတြ႕ရတတ္။
"အဲဒီ အသက္ ၂၀ ေက်ာ္ရွိတဲ့ မိန္းကေလးရဲ႕ ဝမ္းဗိုက္မွာ ဓားဒါဏ္ရာတစ္ခု၊ လည္ပင္းမွာ ၃.၂ cm ႏွင့္ ၂.၁ cm ရွိေသာ ထိုးသြင္း ေပါက္ၿပဲ ဒါဏ္ရာႏွစ္ခုနဲ႔ ေတာင္ေပၚမွာ ေသဆံုး.."
"ၿပီးၿပီလားရွင့္..? အေလာင္းကို ေဆး႐ုံသယ္ရပါမယ္... လမ္းရွင္းေပးၾကပါ..." ေဆး႐ုံဝန္ထမ္းအမ်ိဳးသမီးက ရဲအရာရွိကိုေျပာလိုက္တယ္။
:::::::::::::::::::::::::
စပ္စုလိုစိတ္နဲ႔ ကြ်န္ေတာ္ လူအုပ္ႀကီးကို တိုးထြက္ လိုက္တယ္။ လူေသတာ တစ္ခါမွ မျမင္ဖူးဘူးေလ...။
ဓားနဲ႔ အထိုးခံရတာဆိုေတာ့ ေသြးေတြေပေနမလား...?
ကြ်န္ေတာ္ အရမ္းေၾကာက္သြားတယ္။
"ဗ်ာ!!!!! အစ္မ... အစ္မ..." ကြ်န္ေတာ္ ထိုင္ရက္လဲက်သြားတယ္....။
ကြ်န္ေတာ့္ အစ္မ...?
ဟုတ္ပါ့ ခင္ဗ်ာ..။
ကြ်န္ေတာ့္ အစ္မ အစစ္...။
အစ္မ အၿမဲ ဝတ္ေနက် အိမ္ေနရင္းအကႌ်...။ ဒူးမွာစုတ္ၿပဲေနတဲ့ ေဘာင္းဘီအရွည္ အေဟာင္းေလး...။
အစ္မရယ္... ျဖစ္ရေလတယ္ဗ်ာ...ကြ်န္ေတာ့္အစ္မဟာ အသက္ ၂၂ ႏွစ္ပဲရွိေသးတယ္ခင္ဗ်ာ....။
"အစ္မေရ!!!!"
ကြ်န္ေတာ့္ အသံအက်ယ္ႀကီးထြက္သြားတယ္....။
လူေတြ ကြ်န္ေတာ့္ဆီဝိုင္းလာတယ္။
::::::::::::::::::::::::
"ေက်ာင္းသား.. အဲဒါမင္းအစ္မလား..?"
ဟုတ္ပ....သူမ က ကြ်န္ေတာ့္ အစ္မ ကင္မ္ ေဆာန္ ဟီး ပါ ခင္ဗ်ာ..။ အစ္မ ဟာ ကြ်န္ေတာ္တို႔ကို ႐ုတ္တရက္ ထားခဲ့ပါၿပီ..။
အဲဒီတုန္းက ကြ်န္ေတာ္ အလယ္တန္းေက်ာင္းသားပဲ ရွိပါေသးတယ္..။ ကြ်န္ေတာ္ ဝမ္းနည္းပက္လက္ငိုမိတယ္။
ေခါင္းၿငိမ့္ျပ႐ုံကလြဲၿပီး ကြ်န္ေတာ္ ဘာစကားမွ မေျပာႏိုင္ခဲ့...။
ျဖစ္ရေလ အစ္မရယ္..။ ေမာင္ႏွစ္မ ႏွစ္ေယာက္ပဲရွိတဲ့ဘဝ ..ကြ်န္ေတာ့္ကိုထားခဲ့ၿပီ..။
::::::::::::::::::::::::
ရက္လည္ၿပီးေတာ့ ကြ်န္ေတာ္ လူသတ္သမားဘယ္သူလဲဆိုတာ အလြန္အမင္းသိခ်င္လာတယ္။
အစ္မဟာ အိပ္ေနရင္း ႐ုတ္တရက္ ဘယ္သူ႔ကိုမွေျပာပဲ အိမ္ေနရင္း အကႌ်နဲ႔ ဘာလို႔ ေတာင္ေပၚတက္သြားခဲ့ရတာလဲ ကြ်န္ေတာ္ စဥ္းစားမရဘူး။
အစ္မ အိမ္မွာေနရင္ ဒီလိုျဖစ္မွာ မဟုတ္ဘူး..။
ရဲေထာက္လွမ္းေရးေတြက ေျပာတယ္။
အစ္မဟာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသရင္ အစ္မလက္မွာ ေသြးေတြေပေနရမယ္တဲ့...။
ေသြးေတြလဲေပမေနဘူး ..။
အစ္မ ကိုယ့္ကိုယ္ကိုယ္ သတ္တာမဟုတ္ဘူး..အသတ္ခံရတာတဲ့...။
::::::::::::::::::::::::
အစ္မ သူ႔ဖာသာ ေတာင္ေပၚတက္ရင္း လူယုတ္မာ တစ္ေယာက္နဲ႔ေတြ႕ၿပီး ဒီလို အသတ္ခံရတာလား..?
လံုးဝ မျဖစ္ႏိုင္... ကြ်န္ေတာ့္ အစ္မဆိုတာ ေတာင္ေပၚတစ္ခါမွ သြားတဲ့သူမဟုတ္ဘူး..။
လူသတ္သမားက အစ္မကို သတ္ဖို႔ အိမ္ေပၚကိုလာေခၚၿပီး ေတာင္ေပၚအထိသြားတာ ေသခ်ာတယ္။
ဒါေပမဲ့ အဲဒီအခ်ိန္တုန္းက CCTV ေတြလည္း သိပ္မရွိေသးဘူး...။
သက္ေသလိုက္ႏိုင္မယ့္သူ...အစ္မကို မနက္ေစာေစာ ျမင္ေတြ႕တဲ့သူ... တစ္ေယာက္ တစ္ေလမွ မရွိ....။
::::::::::::::::::::::::
ရဲေထာက္လွမ္းေရးေတြ သံသယျဖစ္တဲ့ ထိပ္ဆံုး စာရင္းထဲ ကြ်န္ေတာ့္ နာမည္လဲ ပါတယ္ခင္ဗ်...။ အစ္မ နဲ႔ အတူ ရွိေနခဲ့တာ ကြ်န္ေတာ္ေလ...။
ပထမေတာ့ အခံရခက္တယ္။ ဒါေပမဲ့ ေနာက္ေတာ့ ကြ်န္ေတာ္ နားလည္သြားတယ္။ ေမာင္ႏွမ အခ်င္းခ်င္းသတ္ပစ္တာမိ်ဳးလည္း ရွိတတ္တာကိုး...။
ကြ်န္ေတာ့္အစ္မကို သတ္တဲ့သူဟာ အိမ္မွာ အေမနဲ႔ အေဖ မရွိဘူးဆိုတာလည္း သိေနတယ္၊
::::::::::::::::::::::::
ဒါေၾကာင့္ ကြ်န္ေတာ့္အစ္မ ရည္းစားနဲ႔ ကြ်န္ေတာ့္အစ္မ ေက်ာင္းက ေက်ာင္းသူ ေက်ာင္းသားေတြ ကြ်န္ေတာ့္ အစ္မနဲ႔ ရင္းႏွီးတဲ့သူေတြ အားလံုး အေယာက္ ၂၀ ေက်ာ္ကို ေခၚၿပီး စစ္ေဆးခဲ့တယ္...။
တရားခံလို႔ ထင္ရမယ့္သူ ႏွစ္ေယာက္ရွိခဲ့တယ္...။ ႏွစ္ေယာက္လံုး မိန္းကေလးေတြ...။
တစ္ေယာက္က ဆိုလ္းၿမိဳ႕မွာရွိခဲ့ၿပီး က်န္တစ္ေယာက္က သူ႔အိမ္မွာ အိပ္ေနခဲ့တယ္လို႔ သက္ေသျပႏိုင္လို႔ ရဲအရာရွိေတြက ျပန္လႊတ္ေပးခဲ့တယ္။
::::::::::::::::::::::::
အစ္မကို ဓာတ္ခြဲခန္းမွာ စစ္ၾကည့္ေတာ့ အစ္မဟာ မုဒိမ္းက်င့္ ခံရတာလည္းမဟုတ္ဘူး။
အ႐ိုက္အႏွက္ခံရတဲ့ ဒါဏ္ရာလည္း မရွိဘူး ခင္ဗ်..။
အိပ္ေဆး အဆိပ္...ဒါေတြလည္း တစ္ခုမွ မေတြ႕ရဘူး။
::::::::::::::::::::::::
ၿပီးေတာ့ အစ္မဟာ လူသတ္သမားဆီက ေျပးဖို႔ ႐ုန္းကန္ဖို႔ တစ္ခုမွ ႀကိဳးစားခဲ့ပံုမရဘူး...။လူသတ္သမားဟာ အစ္မနဲ႔ ခင္ပံုရတယ္..။
ဘာျဖစ္လို႔လဲ..ဆိုေတာ့ အစ္မကို အတင္းအဓမၼဆြဲေခၚတယ္ဆို အစ္မ ခႏၶာကိုယ္မွာ အညိဳအမည္း တစ္ခုခုရွိေနရမွာ...။
ကြ်န္ေတာ့္ အစ္မဟာ ေသရမွာကို မသိပဲ အသာတၾကည္လိုက္သြားပံုရတယ္..။
::::::::::::::::::::::::
လူသတ္သမားဟာ အစ္မကို သတ္ပစ္ခ်င္တဲ့စိတ္ သက္သက္ပဲ...အစ္မဆီမွာ ေငြဆိုလို တစ္ျပားမွမရွိ..။
ဒါဆို အစ္မကို မုန္းတဲ့သူတစ္ေယာက္ေလလား?..။
::::::::::::::::::::::::
ရပ္ကြက္ထဲမွာ မနက္ပိုင္း လူသတ္သမားရွိတယ္။ စိတ္ညႇဳိ့ၿပီးေခၚသြားတာ...။ မနက္ တံခါးေခါက္ရင္ မဖြင့္ေပးနဲ႔လို႔ ေကာလဟာလေတြေပၚလာတယ္။
::::::::::::::::::::::::
ရဲအရာရွိေနာက္က တစ္ေကာက္ေကာက္လိုက္ေနတဲ့ ကြ်န္ေတာ့္ကို သူတို႔က ဒီလိုရွင္းျပတယ္....။
လူတစ္ေယာက္ ဓားနဲ႔အထိုးခံရတယ္ဆိုပါစို႔...။ ခႏၶာကိုယ္ထဲ ဓားဝင္လာတဲ့အခါ နာက်င္မႈေၾကာင့္ မသိစိတ္နဲ႔ အလိုအေလွ်ာက္ ေၾကာက္လန္႔တၾကား ႐ုန္းကန္ တုန္႔ျပန္ေလ့ရွိတယ္တဲ့..။
ဟုတ္တယ္...အနည္းဆံုးေတာ့ ဓားဝင္သြားရင္ နာက်င္လို႔ လႈပ္ရွားၾကမွာပဲဗ်..။
ရဲအရာရွိက....ဒါေၾကာင့္ လူတစ္ေယာက္ကို ဓားနဲ႔ထိုးၿပီး ျပန္ဆြဲထုတ္လိုက္တဲ့အခါ ဓားဒါဏ္ရာ အဝဟာ လႈပ္ရွားမႈေၾကာင့္ မူလ အရြယ္ထက္က်ယ္သြားတာ ထုံးစံပါပဲ..တဲ့။
ဟင္?! ဒါဆို ...အစ္မ ဘယ္လိုျဖစ္တာလဲ...?
အစ္မဟာ လည္ပင္းကို ဓားနဲ႔ အထိုးခံရတာ တုတ္တုတ္မွ မလႈပ္ခဲ့ဘူးလား... ။
ဒါေၾကာင့္ အစ္မဟာ တစ္ကယ္ပဲ စိတ္ညႇို႔ခံရတာလား..?။
ဓားျပန္ထြက္သြားတဲ့ဒါဏ္ရာက ဓားသြား အရြယ္အစားအတိုင္းပဲေလ...။
အစ္မကို လူသတ္သမားက ေမ့ေဆး ထံုေဆးေတြလည္း ေပးမထားခဲ့ဘူးလို႔ ေဆးစာထဲမွာပါတယ္။
ဘာေၾကာင့္လဲ ကြ်န္ေတာ္ ေတြးမရဘူး..။
:::::::::::::::::::::::::::::::
ကြ်န္ေတာ္ မႈခင္းကြ်မ္းက်င္တဲ့ ပညာရွင္ေတြ ေမးၾကည့္ေတာ့ လူသတ္သမားဟာ အစ္မရဲ႕ဗိုက္ကို ဓားနဲ႔ထိုးလိုက္တယ္။
ဓားက စတစ္ကာေတာင္ မခြာရေသးတဲ့ အသစ္ စက္စက္...အိမ္မွာ သံုးၿပီးသား ဓားမဟုတ္.... အစ္မကိုသတ္ဖို႔ လူသတ္သမားဟာ ဓားကို ဝယ္လိုက္တယ္။
ျပီးေတာ့ လူသတ္သမားဟာ ဓားကို လက္ေဗြရာ မေပၚေအာင္ အေသအခ်ာ သုတ္ခဲ့တယ္...။
အစ္မဟာ လဲက်သြားၿပီး ပြဲခ်င္းၿပီးေသဆံုးသြားခဲ့တယ္။ ဓားတစ္ခ်က္တည္းနဲ႔ ေသေအာင္ အၿပီးထိုးႏိုင္တာ ဓားကို ေကာင္းေကာင္းသိနားလည္ ကြ်မ္းက်င္ သူမ်ားလား..?
ကြ်မ္းက်င္ ပညာရွင္ေတြက အစ္မကို မုန္းလွတဲ့ လူသတ္သမားဟာ ဗိုက္ကဓားဒါဏ္ရာေၾကာင့္ ေသြးထြက္လြန္ၿပီး ေသဆံုးသြားတဲ့ ကြ်န္ေတာ့္အစ္မကို ေက်နပ္အားရစြာ အေသခ်ာေစာင့္ၾကည့္ခဲ့ပံုရတယ္။
ၿပီးမွ ေသမေသ ေသခ်ာေအာင္ အစ္မလည္ပင္းကို ဓားနဲ႔ ၂ ခ်က္ထပ္ထိုးတယ္တာျဖစ္တယ္လို႔ ေျပာၾကတယ္..။
ဒါေၾကာင့္ အစ္မဟာ လည္ပင္းကို ဓားနဲ႔အထိုးခံရတဲ့အခ်ိန္မွာ မလႈပ္ရွားႏိုင္ခဲ့...။
ဒါဆိုအစ္မကို မုန္းတဲ့သူဘယ္သူလဲ..?
:::::::::::::::::::::::::::::::
အစ္မမွာ ဓားဒါဏ္ရာ ၃ ခ်က္....။
ဗိုက္ကို ဓားနဲ႔အထိုးခံရၿပီး ပြဲခ်င္းၿပီး ေသဆံုးခဲ့တယ္...။သို႔မဟုတ္ မေသမရွင္ ျဖစ္ေနလို႔ လည္ပင္းကို ဓားနဲ႔ ထပ္ၿပီးအထိုးခံရတဲ့အခါ ၿငိမ္သက္ၿပီး မလႈပ္ရွားႏိုင္ခဲ့တာပါ..တဲ့...။
ကြ်န္ေတာ့္ အစ္မကို မေသမခ်င္းသတ္တဲ့ လူသတ္သမား...။
ကြ်န္ေတာ္ အံႀကိတ္လိုက္တယ္။
ဘာလုပ္ရမွန္းမသိလို႔ ရဲစခန္းက အရာရွိ အကိုႀကီးေတြဆီေနတိုင္း သြားထိုင္ေနတာ ရဲစခန္းတစ္ခုလံုး ကြ်န္ေတာ့္ဆို သိေနၿပီ...။
::::::::::::::::::::::::
အစ္မ ေသတဲ့ေနရာဟာ ကြ်န္ေတာ္တို႔အိမ္နဲ႔ ၁၅၀ မီတာပဲေဝးပါတယ္.. ကြ်န္ေတာ္ ေျပးသြားရင္ တစ္မိနစ္ေလာက္ ပဲၾကာတယ္..။
အစ္မကို သတ္တဲ့ဓားကလဲ ေပၚတင္ႀကီး အစ္မ အနားမွာ လႊင့္ပစ္ထားေလရဲ႕..။
သက္ေသလဲရွိေနၿပီ...။
ဓားေပၚကေသြးက အစ္မရဲ႕ေသြးေတြပါ..။
ဓားဒါဏ္ရာကလည္း အဲဒီ ဓားနဲ႔ထိုးထားတာမွန္ကန္တယ္။
ဒါေပမယ့္ ဓားေပၚမွာ လက္ေဗြရာေတာ့ရွာမေတြ႕...။
::::::::::::::::::::::::
အစ္မ အသတ္မခံရခင္ ရက္အနည္းငယ္အလိုေပါ့...။
အစ္မဟာ အတန္းေဖာ္ သူငယ္ခ်င္းေတြနဲ႔ ခရီးထြက္တယ္။
အဲဒီ ခရီးက ျပန္လာၿပီး ကတည္းက သေဘာေကာင္း ေအးေဆးလွတဲ့အစ္မဟာ အရင္လို စိတ္မရွည္ေတာ့ဘူး။ ကြ်န္ေတာ္ စကားတစ္ခြန္းေျပာတာနဲ႔ ေအာ္ေငါက္ပစ္တယ္။
အစ္မရဲ႕ထူးျခားခ်က္ေပါ့... ။
::::::::::::::::::::::::
အစ္မဟာ အစ္မေက်ာင္းက ေက်ာင္းသား အသင္းအဖြဲ႕တစ္ခုရဲ႕ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ပါတယ္။
အစ္မ အဲဒီေန႔က ေက်ာင္းသားအဖြဲ႕နဲ႔ ခရီးသြားေနတုန္း အစ္မရည္းစား နဲ႔ ျပႆနာတတ္ၾကတယ္။ ၿပီးေတာ့ ေခါင္းေဆာင္ျဖစ္တဲ့ အစ္မဟာ ခရီးမဆံုးခင္ အိမ္ကို ျပန္လွည့္လာခဲ့တယ္။
အစ္မဟာ ရည္းစားနဲ႔ကြဲၿပီး အိမ္ျပန္လာတာျဖစ္တယ္...။
ၿပီးေတာ့ ၂ ပတ္အၾကာ...အစ္မ အသတ္ခံရတယ္။
အစ္မ သူငယ္ခ်င္းေတြ ေျပာျပခ်က္အရ... အစ္မက စၿပီး အစ္မရည္းစားကို လမ္းခြဲခဲ့တယ္...။
"ျပန္စဥ္းစားေပးပါဦးဟာ..."ဆိုတဲ့ ရည္းစားရဲ႕စကားကို အစ္မအေရးမလုပ္ခဲ့...။
အစ္မရည္းစားက ဖုန္းမက္ေဆ့ခ်္ပို႔တယ္။
" ငါနဲ႔ကြဲတာကို နင္ေသေတာင္ ေနာင္တမရဘူးေပါ့ေလ.. ဟုတ္လား..?" လို႔ ပို႔ခဲ့တယ္။
::::::::::::::::::::::::
အစ္မ သူငယ္ခ်င္းေတြဆီ စံုစမ္းၾကည့္ေတာ့ ...
"ကင္မ္မွာ ရည္းစားတစ္ေယာက္ရွိပါတယ္ရွင့္...။ သူတို႔ႏွစ္ေယာက္ အရမ္းလိုက္ပါတယ္..။ ဘာျဖစ္လို႔လည္းမသိ..သူတို႔ ႏွစ္ေယာက္ ကြဲသြားၾကတယ္ရွင့္"
"သူငယ္ခ်င္းက ေခ်ာေတာ့ သူ႔ကို ႀကိဳက္တဲ့သူေတြေတာ္ေတာ္ မ်ားတာ.."
"ကင္မ္က အရမ္းေအးၿပီး ၾကင္နာတတ္တယ္..စကားလည္းနည္းတယ္.."
"ဒါေပမယ့္.. သူမ မေသခင္ တစ္လ ေလာက္အလိုမွာ စကားလဲမ်ားလာတယ္.. နဲနဲလည္း ႐ိုင္းလာသလိုပဲ..."
“ မေကာင္းသတင္းဆိုတာ မရွိသေလာက္ပါပဲ.."
"ရည္းစားနဲ႔ကြဲသြားၿပီးကတည္း က ရန္လိုတတ္လာတယ္.."
" ေက်ာင္းသား ဝက္ဆိုဒ္ထဲမွာ ရန္လိုတဲ့ စကားေတြနဲ႔ ကြန္မန္႔ေရးလာလို႔ ကြ်န္ေတာ္တို႔ အံ့ၾသေနၾကတာ..."
:::::::::::::::::::::::
အစ္မရဲ႕ရည္းစားဟာ အစ္မ အသတ္မခံရခင္ တစ္ရက္အလိုက ဆိုးလ္ၿမိဳ႕မွာရွိေနခဲ့တယ္။
ဆိုေတာ့ အစ္မရည္းစားလည္း တရားခံမဟုတ္...။
::::::::::::::::::::::::
ဒီလိုနဲ႔ ၁၇ ႏွစ္ၾကာသြားပါတယ္...။
အခု ၂၀၁၈ ခုႏွစ္...။ လူသတ္သမားကို ဖမ္းမမိပါဘူး..။
အစ္မကို သတ္တဲ့လူသတ္ တရားခံကို ဘာလို႔ ရွာမေပးႏိုင္ၾကေသးတာလဲ ကြ်န္ေတာ္ မေျပာတတ္ေတာ့ဘူး...။
အစ္မ အသတ္ခံရတဲ့ အေၾကာင္းအရင္းကိုေတာ့ ခန္႔မွန္းၾကတယ္။
ေက်ာင္းက အင္တာနက္ ဝက္ဆိုဒ္မွာ အမုန္းစကားေတြ ေရးလို႔တဲ့...။
တစ္ေယာက္ေယာက္က မုန္းမုန္းနဲ႔ သတ္ပစ္လိုက္တာတဲ့...။
:::::::::::::::::::::::
၂၀၁၈ခုႏွစ္
ကြ်န္ေတာ္ အစ္မကို သတ္တဲ့သူ မသိရသေရြ႕ ကြ်န္ေတာ့္ရဲ႕ ဝမ္းနည္းမႈေတြ မေျပေပ်ာက္ႏို္ုင္ဘူး။ အစ္မကို လြမ္းတယ္။
ကြ်န္ေတာ္ အမႈကို မပိတ္ဘဲ ဆက္ရွာေပးဖို႔ SBS ႐ုပ္ျမင္သံၾကား႒ာနကို အကူအညီေတာင္းခဲ့တယ္..
:::::::::::::::::::::::
ေထာက္လွမ္းေရးတို႔က လက္မေလွ်ာ့ဘဲ ဆက္ႀကိဳးစားေပးၾကပါတယ္။
အစ္မကို မုန္းတဲ့သူ ဘယ္သူျဖစ္ႏိုင္မလဲ..?
:::::::::::::::::::::::
ဘာမွ စံုစမ္းမရတဲ့အဆံုး ကြ်န္ေတာ္က အလြတ္စံုေထာက္ေတြကို ဒီလိုေျပာပါတယ္...။
ကြ်န္ေတာ့္ကို အိပ္ေငြ႕ခ်ၿပီးေမးၾကည့္ပါလားခင္ဗ်ာ...?
ကြ်န္ေတာ္ တစ္ခုခုသိရင္သိမွာေပါ့.. အစ္မထြက္သြားတဲ့ အခ်ိန္ ကြ်န္ေတာ္တစ္ေယာက္ပဲ အိမ္မွာရွိခဲ့တာ..။
ကြ်န္ေတာ့္ကို စိတ္ပညာရွင္ ဆရာဝန္ေတြက အိပ္ေငြ႕ခ်တယ္။
အိပ္ေပ်ာ္တစ္ဝက္ မေပ်ာ္ တစ္ဝက္ေပါ့...။
:::::::::::::::::::::::
"မင္းဟာ ၂၀၀၁ ခုႏွစ္ ၂ လပိုင္း ၄ ရက္ေန႔ ကိုေရာက္သြားၿပီ...မင္းဘာေတြျဖစ္ခဲ့သလဲ...?"
" အင္း...ကြ်န္ေတာ္.... အစ္မနဲ႔ TV ၾကည့္တယ္
၁၀ နာရီခြဲေလာက္ ကြ်န္ေတာ္ အိပ္ေပ်ာ္သြားတယ္...၊
မနက္ပိုင္းေရာက္ေတာ့
တံခါး ေခါက္သံၾကားရတယ္...။
အစ္မ နာမည္ကို တေယာက္ေယာက္က ေခၚတယ္...။
မိန္းမဗ်....။
အစ္မ အျပင္ထြက္လိုက္သြားတယ္...။
တံခါးဖြင့္လိုက္ေတာ့ ေလေအးေတြ အိမ္ထဲဝင္လာတယ္...။
ကြ်န္ေတာ္ ခ်မ္းတယ္...။
ကြ်န္ေတာ္ ဗိုက္ဆာတယ္။
အစ္မ ျပန္မလာဘူး...။
:::::::::::::::::::::::
အဲဒီ မိန္းမ ဘယ္သူလဲ...။
အစ္မကို ဘယ္သူသတ္တာလဲ...?
ဒီေန႔အထိ ကြ်န္ေတာ္ လက္မေလွ်ာ့ေသးပါဘူး။
ကြ်န္ေတာ့္ကို ကူညီၿပီး လူသတ္သမားကို ရွာေပးၾကပါ...။
ၿပီးေတာ့ မနက္ေစာေစာ တံခါးလာေခါက္ရင္ ဖြင့္မေပးၾကပါနဲ႔...။
ရန္လိုတိုက္ခိုက္တဲ့ စကားတစ္ခြန္းဟာ အသက္ေသတဲ့ အထိ ျဖစ္ႏိုင္တယ္ဆိုတာ သတိထားေစလိုပါတယ္...။
:::::::::::::::::::::::
အစ္မ ဘယ္သြားပါလိမ့္...?
ကြ်န္ေတာ့္ကို အေျဖေပးၾကပါ...။
( စာႂကြင္း- ယေန႔အထိ လူသတ္သမား ရွာမေတြ႕ႏိုင္ေသးသည့္ ေတာင္ကိုရီးယားႏိုင္ငံ၏ နာမည္ႀကီး အမႈတစ္ခုျဖစ္ပါသည္။ )
References
그것이 알고싶다 1077 회
부산 배산 여대생 피살사건 미스테리
မေရႊမိုး( ကိုရီးယား )
# Unicode Version ျဖင့္ ဖတ္ပါ #
အောက်ပါ အကြောင်းအရာများသည် ဖြစ်ရပ်မှန် မှုခင်းများကို ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသောကြောင့် စိတ်မခိုင်သူများနှင့် အသက် ၁၈ နှစ်အောက်များ ဖတ်ရန်မသင့်ကြောင်း သတိပေးအပ်ပါသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကျွန်တော် အရမ်းကြိုက်တဲ့ ကာတွန်းကား က တနင်္ဂနွေ မနက် ရ:၃၀ မှာ လာမှာမို့လို့ ကျွန်တော် အိပ်ရာက အမြန်ထလိုက်တယ်။
ကျွန်တော့်ဘေးမှာ ဘယ်သူမှ မရှိကြတော့ဘူးခင်ဗျ...။ ဘယ်သွားကြပါလိမ့်...။
အာ.. အမေက ဂယောင်ဂျူးဘက် (Gyeongju-si )သွားမယ်လို့ ညက ပြောတာ သတိရသွားတယ်..။
အမေကတော့ ထုံးစံအတိုင်း မနက် ၅ နာရီလောက်က အိပ်ရာထပြီး တောင်ပေါ်က ဘုရားစေတီတက်ပြီး ဘုန်းကြီး ဝတ်ပြု... နေ့လည်စာ စားပြီးမှ ပြန်လာမှာပေါ့...။ အမေက ဘုရားတရားနဲ့ပတ်သက်ရင် ဘယ်သူမှတားမရ...။
အဖေက အဆောက်အဦ စောင့်တဲ့ အစောင့်ဝန်ထမ်းပါ... ။ ဒီည ညဆိုင်းဆင်းပြီး အခု အထိပြန်မလာသေး..။
ဒါဆို အစ်မ ဘယ်သွားပါလိမ့်..?
::::::::::::::::::::::::
တောင်ကိုရီးယားရဲ့ ဆောင်းရာသီက ချမ်းလွန်းလို့ ကြမ်းပြင်ကို အပူပေး ဘွိုင်လာနဲ့နွေးအောင်လုပ်ပြီး ကျွန်တော်တို့ အိပ်ကြရတယ်။
ဘွိုင်လာဆီကဈေးကြီးတော့ အမေရယ် ၊အစ်မရယ် ၊ ကျွန်တော်ရယ် အခန်းတစ်ခန်းကိုပဲ အပူပေးပြီး အားလုံးတန်းစီ အိပ်ကြတယ်လေ....။
ဒီနေ့ အိပ်ရာက ထတော့ ကျွန်တော့်ဘေးမှာ တစ်ယောက်မှ မရှိတာ ထူးဆန်းနေတာပါ..။
အစ်မ စာကျက်နေတာများလား..?
နောက်ဖေးချောင်... တစ်အိမ်လုံးရှာကြည့်တာ အစ်မ မရှိဘူူး..။
အစ်မ ဖုန်းကျတော့ ဆိုဖာပေါ်မှာရှိနေတယ်..။
အစ်မဘယ်သွားပါလိမ့်..?
::::::::::::::::::::::::
ကျွန်တော် က အစ်မကို တော်တော်ချစ်တာဗျ...။ အစ်မက ကျွန်တော့်အမေလိုပါပဲ...။
အစ်မ ထမင်းစားချိန်အထိ ပြန်မလာလို့ ကျွန်တော် အတော်စိုးရိမ်မိတယ်..။ အစ်မက ဖုန်းထားခဲ့တော့ အဆက်အသွယ်လဲလုပ်လို့မရဘူး ..။
အစ်မ ဒီလိုပျောက်နေတာ ထူးဆန်းနေတာပါ..။ ကျွန်တော့် အစ်မဟာ ဒီလို မပြောမဆို အပြင်ထွက်လေ့မရှိဘူး။
အစ်မ ပြန်လာမယ့်အချိန်ကို TV ကြည့်ရင်း မနက်စာစားဖို့ စောင့်နေမိတယ်။ ဗိုက်ဆာလှပြီ..။
မစောင့်နိုင်လို့ ကျွန်တော် တစ်ယောက်ထဲ ထမင်းစားလိုက်တယ်။
အခု ညနေရောက်ပြီ..။
အစ်မ ပြန်မလာဘူးဗျာ..။
::::::::::::::::::::::::
အဲဒီနေ့က ၂၀၀၁ ခုနှစ် ၂ လပိုင်း ၄ ရက်နေ့ပေါ့...။
ကျွန်တော်တို့နေတဲ့ ဘူဆန်မြို့- ယောင်ဆန်းဒုံ (Busan, Yong San Dong ) ရဲ့ ညနေ ပိုင်း...။
အဲဒီနေ့က ရပ်ကွက်ထိပ်က ရဲစခန်းမှာ အမျိုးသမီးတစ်ဦး က အာဘောင်အာရင်း သန်သန် ပြောနေတဲ့စကားကို ကျွန်တော်အပါအဝင် လူတွေ အများကြီး ဝိုင်းနားထောင်နေကြတယ်။
::::::::::::::::::::::::
အဒေါ်ကြီးတစ်ယောက်က လူအုပ်ကြီးကို ရှင်းပြနေတာတွေ့တယ်..။
" ကျွန်မ အမြဲတမ်း ကျွန်မ ခွေးလေးနဲ့ ညနေဖက် ဘဲဆန် ( Bae San ) ဆိုတဲ့ တောင်ပေါ် လမ်းလျှောက်နေကျ.. ခွေးလေးက ထူးထူးဆန်းဆန်း ရုတ်တရက် ပြေးထွက်သွားပြီး လမ်းဘေးဘက်ကို ဆင်းချသွားတော့တယ်..။
ဘဲဆန်ဟာ ရှင်တို့သိတဲ့အတိုင်း တောင်အမြင့်တစ်ခုမဟုတ်ပါဘူး.. လမ်းလျှောက်လို့ကောင်းတဲ့ တောင်ကုန်းလေးပါ...။
ကျွန်မ ခွေးလေးကို ဖမ်းဘို့ ပြေးလိုက်သွားတော့ ခွေးလေးက လဲကျနေတဲ့ ကောင်မလေးတယောက်ဆီ သွားပြီး ဟောင်နေတာတွေ့ရတယ်..။
ကျွန်မ ကလေးမလေးကိုကြည့်လိုက်တော့ သွေးတွေနဲ့....
"လာကြပါဦး ကလေးမလေး သွေးတွေနဲ့.." လို့ကျွန်မ အော်ဟစ်အကူအညီတောင်းလိုက်တယ်...။
"မေ့နေတာလား သေများသေနေသလား.."
ပတ်ဝန်းကျင်ကလူတွေက အကူအညီတောင်းပြီး ဖုန်းဆက်တော့ ရဲစခန်း အရာရှိတွေရောက်လာတာပါ...။
အချိန်က ညနေ ၅ နာရီ ၃၀ မိနစ်ပေါ့...။
::::::::::::::::::::::::
" ကျွန်တော်တို့နဲ့ တစ်ခေါက်လိုက်ခဲ့ပြီး အန်တီ ဘယ်လိုဘယ်ပုံ စတွေ့တာကို လိုက်ပြပေးပါခင်ဗျာ..."
အဒေါ်ကြီး မောသွားပုံရတယ်။
ဒီလို စိတ်ဝင်စားဘို့ကောင်းတဲ့ ဖြစ်ရပ်ဖြစ်ပြီဆို ကျွန်တော့် အစ်မ မရှိဘူး။
အစ်မပြန်လာရင် ပြောပြရဦးမယ် ... ။
ကျွန်တော် အမကို ပြန်ပြောပြဖို့ စိတ်စောနေမိတယ်...။
ဒါနဲ့ ကျွန်တော်လည်း လူအုပ်ကြီးနောက်လိုက်သွားတာပေါ့...။
::::::::::::::::::::::::
လူတွေက အများကြီး သိပ်မမြင်ရဘူး...။ ရဲတပ်ဖွဲ့တွေ ဆေးရုံကားတွေ ဝိုင်းဝိုင်းလည်လေတယ်။
ရဲအရာရှိတစ်ဦးက အော်ပြောပြီး ကျန်တစ်ရောက်က ရေးမှတ်တာကို ကျုပ်တွေ့ရတတ်။
"အဲဒီ အသက် ၂၀ ကျော်ရှိတဲ့ မိန်းကလေးရဲ့ ဝမ်းဗိုက်မှာ ဓားဒါဏ်ရာတစ်ခု၊ လည်ပင်းမှာ ၃.၂ cm နှင့် ၂.၁ cm ရှိသော ထိုးသွင်း ပေါက်ပြဲ ဒါဏ်ရာနှစ်ခုနဲ့ တောင်ပေါ်မှာ သေဆုံး.."
"ပြီးပြီလားရှင့်..? အလောင်းကို ဆေးရုံသယ်ရပါမယ်... လမ်းရှင်းပေးကြပါ..." ဆေးရုံဝန်ထမ်းအမျိုးသမီးက ရဲအရာရှိကိုပြောလိုက်တယ်။
:::::::::::::::::::::::::
စပ်စုလိုစိတ်နဲ့ ကျွန်တော် လူအုပ်ကြီးကို တိုးထွက် လိုက်တယ်။ လူသေတာ တစ်ခါမှ မမြင်ဖူးဘူးလေ...။
ဓားနဲ့ အထိုးခံရတာဆိုတော့ သွေးတွေပေနေမလား...?
ကျွန်တော် အရမ်းကြောက်သွားတယ်။
"ဗျာ!!!!! အစ်မ... အစ်မ..." ကျွန်တော် ထိုင်ရက်လဲကျသွားတယ်....။
ကျွန်တော့် အစ်မ...?
ဟုတ်ပါ့ ခင်ဗျာ..။
ကျွန်တော့် အစ်မ အစစ်...။
အစ်မ အမြဲ ဝတ်နေကျ အိမ်နေရင်းအင်္ကျီ...။ ဒူးမှာစုတ်ပြဲနေတဲ့ ဘောင်းဘီအရှည် အဟောင်းလေး...။
အစ်မရယ်... ဖြစ်ရလေတယ်ဗျာ...ကျွန်တော့်အစ်မဟာ အသက် ၂၂ နှစ်ပဲရှိသေးတယ်ခင်ဗျာ....။
"အစ်မရေ!!!!"
ကျွန်တော့် အသံအကျယ်ကြီးထွက်သွားတယ်....။
လူတွေ ကျွန်တော့်ဆီဝိုင်းလာတယ်။
::::::::::::::::::::::::
"ကျောင်းသား.. အဲဒါမင်းအစ်မလား..?"
ဟုတ်ပ....သူမ က ကျွန်တော့် အစ်မ ကင်မ် ဆောန် ဟီး ပါ ခင်ဗျာ..။ အစ်မ ဟာ ကျွန်တော်တို့ကို ရုတ်တရက် ထားခဲ့ပါပြီ..။
အဲဒီတုန်းက ကျွန်တော် အလယ်တန်းကျောင်းသားပဲ ရှိပါသေးတယ်..။ ကျွန်တော် ဝမ်းနည်းပက်လက်ငိုမိတယ်။
ခေါင်းငြိမ့်ပြရုံကလွဲပြီး ကျွန်တော် ဘာစကားမှ မပြောနိုင်ခဲ့...။
ဖြစ်ရလေ အစ်မရယ်..။ မောင်နှစ်မ နှစ်ယောက်ပဲရှိတဲ့ဘဝ ..ကျွန်တော့်ကိုထားခဲ့ပြီ..။
::::::::::::::::::::::::
ရက်လည်ပြီးတော့ ကျွန်တော် လူသတ်သမားဘယ်သူလဲဆိုတာ အလွန်အမင်းသိချင်လာတယ်။
အစ်မဟာ အိပ်နေရင်း ရုတ်တရက် ဘယ်သူ့ကိုမှပြောပဲ အိမ်နေရင်း အင်္ကျီနဲ့ ဘာလို့ တောင်ပေါ်တက်သွားခဲ့ရတာလဲ ကျွန်တော် စဉ်းစားမရဘူး။
အစ်မ အိမ်မှာနေရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး..။
ရဲထောက်လှမ်းရေးတွေက ပြောတယ်။
အစ်မဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေရင် အစ်မလက်မှာ သွေးတွေပေနေရမယ်တဲ့...။
သွေးတွေလဲပေမနေဘူး ..။
အစ်မ ကိုယ့်ကိုယ်ကိုယ် သတ်တာမဟုတ်ဘူး..အသတ်ခံရတာတဲ့...။
::::::::::::::::::::::::
အစ်မ သူ့ဖာသာ တောင်ပေါ်တက်ရင်း လူယုတ်မာ တစ်ယောက်နဲ့တွေ့ပြီး ဒီလို အသတ်ခံရတာလား..?
လုံးဝ မဖြစ်နိုင်... ကျွန်တော့် အစ်မဆိုတာ တောင်ပေါ်တစ်ခါမှ သွားတဲ့သူမဟုတ်ဘူး..။
လူသတ်သမားက အစ်မကို သတ်ဖို့ အိမ်ပေါ်ကိုလာခေါ်ပြီး တောင်ပေါ်အထိသွားတာ သေချာတယ်။
ဒါပေမဲ့ အဲဒီအချိန်တုန်းက CCTV တွေလည်း သိပ်မရှိသေးဘူး...။
သက်သေလိုက်နိုင်မယ့်သူ...အစ်မကို မနက်စောစော မြင်တွေ့တဲ့သူ... တစ်ယောက် တစ်လေမှ မရှိ....။
::::::::::::::::::::::::
ရဲထောက်လှမ်းရေးတွေ သံသယဖြစ်တဲ့ ထိပ်ဆုံး စာရင်းထဲ ကျွန်တော့် နာမည်လဲ ပါတယ်ခင်ဗျ...။ အစ်မ နဲ့ အတူ ရှိနေခဲ့တာ ကျွန်တော်လေ...။
ပထမတော့ အခံရခက်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်တော် နားလည်သွားတယ်။ မောင်နှမ အချင်းချင်းသတ်ပစ်တာမျိုးလည်း ရှိတတ်တာကိုး...။
ကျွန်တော့်အစ်မကို သတ်တဲ့သူဟာ အိမ်မှာ အမေနဲ့ အဖေ မရှိဘူးဆိုတာလည်း သိနေတယ်၊
::::::::::::::::::::::::
ဒါကြောင့် ကျွန်တော့်အစ်မ ရည်းစားနဲ့ ကျွန်တော့်အစ်မ ကျောင်းက ကျောင်းသူ ကျောင်းသားတွေ ကျွန်တော့် အစ်မနဲ့ ရင်းနှီးတဲ့သူတွေ အားလုံး အယောက် ၂၀ ကျော်ကို ခေါ်ပြီး စစ်ဆေးခဲ့တယ်...။
တရားခံလို့ ထင်ရမယ့်သူ နှစ်ယောက်ရှိခဲ့တယ်...။ နှစ်ယောက်လုံး မိန်းကလေးတွေ...။
တစ်ယောက်က ဆိုလ်းမြို့မှာရှိခဲ့ပြီး ကျန်တစ်ယောက်က သူ့အိမ်မှာ အိပ်နေခဲ့တယ်လို့ သက်သေပြနိုင်လို့ ရဲအရာရှိတွေက ပြန်လွှတ်ပေးခဲ့တယ်။
::::::::::::::::::::::::
အစ်မကို ဓာတ်ခွဲခန်းမှာ စစ်ကြည့်တော့ အစ်မဟာ မုဒိမ်းကျင့် ခံရတာလည်းမဟုတ်ဘူး။
အရိုက်အနှက်ခံရတဲ့ ဒါဏ်ရာလည်း မရှိဘူး ခင်ဗျ..။
အိပ်ဆေး အဆိပ်...ဒါတွေလည်း တစ်ခုမှ မတွေ့ရဘူး။
::::::::::::::::::::::::
ပြီးတော့ အစ်မဟာ လူသတ်သမားဆီက ပြေးဖို့ ရုန်းကန်ဖို့ တစ်ခုမှ ကြိုးစားခဲ့ပုံမရဘူး...။လူသတ်သမားဟာ အစ်မနဲ့ ခင်ပုံရတယ်..။
ဘာဖြစ်လို့လဲ..ဆိုတော့ အစ်မကို အတင်းအဓမ္မဆွဲခေါ်တယ်ဆို အစ်မ ခန္ဓာကိုယ်မှာ အညိုအမည်း တစ်ခုခုရှိနေရမှာ...။
ကျွန်တော့် အစ်မဟာ သေရမှာကို မသိပဲ အသာတကြည်လိုက်သွားပုံရတယ်..။
::::::::::::::::::::::::
လူသတ်သမားဟာ အစ်မကို သတ်ပစ်ချင်တဲ့စိတ် သက်သက်ပဲ...အစ်မဆီမှာ ငွေဆိုလို တစ်ပြားမှမရှိ..။
ဒါဆို အစ်မကို မုန်းတဲ့သူတစ်ယောက်လေလား?..။
::::::::::::::::::::::::
ရပ်ကွက်ထဲမှာ မနက်ပိုင်း လူသတ်သမားရှိတယ်။ စိတ်ညှို့ပြီးခေါ်သွားတာ...။ မနက် တံခါးခေါက်ရင် မဖွင့်ပေးနဲ့လို့ ကောလဟာလတွေပေါ်လာတယ်။
::::::::::::::::::::::::
ရဲအရာရှိနောက်က တစ်ကောက်ကောက်လိုက်နေတဲ့ ကျွန်တော့်ကို သူတို့က ဒီလိုရှင်းပြတယ်....။
လူတစ်ယောက် ဓားနဲ့အထိုးခံရတယ်ဆိုပါစို့...။ ခန္ဓာကိုယ်ထဲ ဓားဝင်လာတဲ့အခါ နာကျင်မှုကြောင့် မသိစိတ်နဲ့ အလိုအလျှောက် ကြောက်လန့်တကြား ရုန်းကန် တုန့်ပြန်လေ့ရှိတယ်တဲ့..။
ဟုတ်တယ်...အနည်းဆုံးတော့ ဓားဝင်သွားရင် နာကျင်လို့ လှုပ်ရှားကြမှာပဲဗျ..။
ရဲအရာရှိက....ဒါကြောင့် လူတစ်ယောက်ကို ဓားနဲ့ထိုးပြီး ပြန်ဆွဲထုတ်လိုက်တဲ့အခါ ဓားဒါဏ်ရာ အဝဟာ လှုပ်ရှားမှုကြောင့် မူလ အရွယ်ထက်ကျယ်သွားတာ ထုံးစံပါပဲ..တဲ့။
ဟင်?! ဒါဆို ...အစ်မ ဘယ်လိုဖြစ်တာလဲ...?
အစ်မဟာ လည်ပင်းကို ဓားနဲ့ အထိုးခံရတာ တုတ်တုတ်မှ မလှုပ်ခဲ့ဘူးလား... ။
ဒါကြောင့် အစ်မဟာ တစ်ကယ်ပဲ စိတ်ညှို့ခံရတာလား..?။
ဓားပြန်ထွက်သွားတဲ့ဒါဏ်ရာက ဓားသွား အရွယ်အစားအတိုင်းပဲလေ...။
အစ်မကို လူသတ်သမားက မေ့ဆေး ထုံဆေးတွေလည်း ပေးမထားခဲ့ဘူးလို့ ဆေးစာထဲမှာပါတယ်။
ဘာကြောင့်လဲ ကျွန်တော် တွေးမရဘူး..။
:::::::::::::::::::::::::::::::
ကျွန်တော် မှုခင်းကျွမ်းကျင်တဲ့ ပညာရှင်တွေ မေးကြည့်တော့ လူသတ်သမားဟာ အစ်မရဲ့ဗိုက်ကို ဓားနဲ့ထိုးလိုက်တယ်။
ဓားက စတစ်ကာတောင် မခွာရသေးတဲ့ အသစ် စက်စက်...အိမ်မှာ သုံးပြီးသား ဓားမဟုတ်.... အစ်မကိုသတ်ဖို့ လူသတ်သမားဟာ ဓားကို ဝယ်လိုက်တယ်။
ပြီးတော့ လူသတ်သမားဟာ ဓားကို လက်ဗွေရာ မပေါ်အောင် အသေအချာ သုတ်ခဲ့တယ်...။
အစ်မဟာ လဲကျသွားပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်။ ဓားတစ်ချက်တည်းနဲ့ သေအောင် အပြီးထိုးနိုင်တာ ဓားကို ကောင်းကောင်းသိနားလည် ကျွမ်းကျင် သူများလား..?
ကျွမ်းကျင် ပညာရှင်တွေက အစ်မကို မုန်းလှတဲ့ လူသတ်သမားဟာ ဗိုက်ကဓားဒါဏ်ရာကြောင့် သွေးထွက်လွန်ပြီး သေဆုံးသွားတဲ့ ကျွန်တော့်အစ်မကို ကျေနပ်အားရစွာ အသေချာစောင့်ကြည့်ခဲ့ပုံရတယ်။
ပြီးမှ သေမသေ သေချာအောင် အစ်မလည်ပင်းကို ဓားနဲ့ ၂ ချက်ထပ်ထိုးတယ်တာဖြစ်တယ်လို့ ပြောကြတယ်..။
ဒါကြောင့် အစ်မဟာ လည်ပင်းကို ဓားနဲ့အထိုးခံရတဲ့အချိန်မှာ မလှုပ်ရှားနိုင်ခဲ့...။
ဒါဆိုအစ်မကို မုန်းတဲ့သူဘယ်သူလဲ..?
:::::::::::::::::::::::::::::::
အစ်မမှာ ဓားဒါဏ်ရာ ၃ ချက်....။
ဗိုက်ကို ဓားနဲ့အထိုးခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်...။သို့မဟုတ် မသေမရှင် ဖြစ်နေလို့ လည်ပင်းကို ဓားနဲ့ ထပ်ပြီးအထိုးခံရတဲ့အခါ ငြိမ်သက်ပြီး မလှုပ်ရှားနိုင်ခဲ့တာပါ..တဲ့...။
ကျွန်တော့် အစ်မကို မသေမချင်းသတ်တဲ့ လူသတ်သမား...။
ကျွန်တော် အံကြိတ်လိုက်တယ်။
ဘာလုပ်ရမှန်းမသိလို့ ရဲစခန်းက အရာရှိ အကိုကြီးတွေဆီနေတိုင်း သွားထိုင်နေတာ ရဲစခန်းတစ်ခုလုံး ကျွန်တော့်ဆို သိနေပြီ...။
::::::::::::::::::::::::
အစ်မ သေတဲ့နေရာဟာ ကျွန်တော်တို့အိမ်နဲ့ ၁၅၀ မီတာပဲဝေးပါတယ်.. ကျွန်တော် ပြေးသွားရင် တစ်မိနစ်လောက် ပဲကြာတယ်..။
အစ်မကို သတ်တဲ့ဓားကလဲ ပေါ်တင်ကြီး အစ်မ အနားမှာ လွှင့်ပစ်ထားလေရဲ့..။
သက်သေလဲရှိနေပြီ...။
ဓားပေါ်ကသွေးက အစ်မရဲ့သွေးတွေပါ..။
ဓားဒါဏ်ရာကလည်း အဲဒီ ဓားနဲ့ထိုးထားတာမှန်ကန်တယ်။
ဒါပေမယ့် ဓားပေါ်မှာ လက်ဗွေရာတော့ရှာမတွေ့...။
::::::::::::::::::::::::
အစ်မ အသတ်မခံရခင် ရက်အနည်းငယ်အလိုပေါ့...။
အစ်မဟာ အတန်းဖော် သူငယ်ချင်းတွေနဲ့ ခရီးထွက်တယ်။
အဲဒီ ခရီးက ပြန်လာပြီး ကတည်းက သဘောကောင်း အေးဆေးလှတဲ့အစ်မဟာ အရင်လို စိတ်မရှည်တော့ဘူး။ ကျွန်တော် စကားတစ်ခွန်းပြောတာနဲ့ အော်ငေါက်ပစ်တယ်။
အစ်မရဲ့ထူးခြားချက်ပေါ့... ။
::::::::::::::::::::::::
အစ်မဟာ အစ်မကျောင်းက ကျောင်းသား အသင်းအဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။
အစ်မ အဲဒီနေ့က ကျောင်းသားအဖွဲ့နဲ့ ခရီးသွားနေတုန်း အစ်မရည်းစား နဲ့ ပြဿနာတတ်ကြတယ်။ ပြီးတော့ ခေါင်းဆောင်ဖြစ်တဲ့ အစ်မဟာ ခရီးမဆုံးခင် အိမ်ကို ပြန်လှည့်လာခဲ့တယ်။
အစ်မဟာ ရည်းစားနဲ့ကွဲပြီး အိမ်ပြန်လာတာဖြစ်တယ်...။
ပြီးတော့ ၂ ပတ်အကြာ...အစ်မ အသတ်ခံရတယ်။
အစ်မ သူငယ်ချင်းတွေ ပြောပြချက်အရ... အစ်မက စပြီး အစ်မရည်းစားကို လမ်းခွဲခဲ့တယ်...။
"ပြန်စဉ်းစားပေးပါဦးဟာ..."ဆိုတဲ့ ရည်းစားရဲ့စကားကို အစ်မအရေးမလုပ်ခဲ့...။
အစ်မရည်းစားက ဖုန်းမက်ဆေ့ချ်ပို့တယ်။
" ငါနဲ့ကွဲတာကို နင်သေတောင် နောင်တမရဘူးပေါ့လေ.. ဟုတ်လား..?" လို့ ပို့ခဲ့တယ်။
::::::::::::::::::::::::
အစ်မ သူငယ်ချင်းတွေဆီ စုံစမ်းကြည့်တော့ ...
"ကင်မ်မှာ ရည်းစားတစ်ယောက်ရှိပါတယ်ရှင့်...။ သူတို့နှစ်ယောက် အရမ်းလိုက်ပါတယ်..။ ဘာဖြစ်လို့လည်းမသိ..သူတို့ နှစ်ယောက် ကွဲသွားကြတယ်ရှင့်"
"သူငယ်ချင်းက ချောတော့ သူ့ကို ကြိုက်တဲ့သူတွေတော်တော် များတာ.."
"ကင်မ်က အရမ်းအေးပြီး ကြင်နာတတ်တယ်..စကားလည်းနည်းတယ်.."
"ဒါပေမယ့်.. သူမ မသေခင် တစ်လ လောက်အလိုမှာ စကားလဲများလာတယ်.. နဲနဲလည်း ရိုင်းလာသလိုပဲ..."
“ မကောင်းသတင်းဆိုတာ မရှိသလောက်ပါပဲ.."
"ရည်းစားနဲ့ကွဲသွားပြီးကတည်း က ရန်လိုတတ်လာတယ်.."
" ကျောင်းသား ဝက်ဆိုဒ်ထဲမှာ ရန်လိုတဲ့ စကားတွေနဲ့ ကွန်မန့်ရေးလာလို့ ကျွန်တော်တို့ အံ့သြနေကြတာ..."
:::::::::::::::::::::::
အစ်မရဲ့ရည်းစားဟာ အစ်မ အသတ်မခံရခင် တစ်ရက်အလိုက ဆိုးလ်မြို့မှာရှိနေခဲ့တယ်။
ဆိုတော့ အစ်မရည်းစားလည်း တရားခံမဟုတ်...။
::::::::::::::::::::::::
ဒီလိုနဲ့ ၁၇ နှစ်ကြာသွားပါတယ်...။
အခု ၂၀၁၈ ခုနှစ်...။ လူသတ်သမားကို ဖမ်းမမိပါဘူး..။
အစ်မကို သတ်တဲ့လူသတ် တရားခံကို ဘာလို့ ရှာမပေးနိုင်ကြသေးတာလဲ ကျွန်တော် မပြောတတ်တော့ဘူး...။
အစ်မ အသတ်ခံရတဲ့ အကြောင်းအရင်းကိုတော့ ခန့်မှန်းကြတယ်။
ကျောင်းက အင်တာနက် ဝက်ဆိုဒ်မှာ အမုန်းစကားတွေ ရေးလို့တဲ့...။
တစ်ယောက်ယောက်က မုန်းမုန်းနဲ့ သတ်ပစ်လိုက်တာတဲ့...။
:::::::::::::::::::::::
၂၀၁၈ခုနှစ်
ကျွန်တော် အစ်မကို သတ်တဲ့သူ မသိရသရွေ့ ကျွန်တော့်ရဲ့ ဝမ်းနည်းမှုတွေ မပြေပျောက်နိုုင်ဘူး။ အစ်မကို လွမ်းတယ်။
ကျွန်တော် အမှုကို မပိတ်ဘဲ ဆက်ရှာပေးဖို့ SBS ရုပ်မြင်သံကြားဋ္ဌာနကို အကူအညီတောင်းခဲ့တယ်..
:::::::::::::::::::::::
ထောက်လှမ်းရေးတို့က လက်မလျှော့ဘဲ ဆက်ကြိုးစားပေးကြပါတယ်။
အစ်မကို မုန်းတဲ့သူ ဘယ်သူဖြစ်နိုင်မလဲ..?
:::::::::::::::::::::::
ဘာမှ စုံစမ်းမရတဲ့အဆုံး ကျွန်တော်က အလွတ်စုံထောက်တွေကို ဒီလိုပြောပါတယ်...။
ကျွန်တော့်ကို အိပ်ငွေ့ချပြီးမေးကြည့်ပါလားခင်ဗျာ...?
ကျွန်တော် တစ်ခုခုသိရင်သိမှာပေါ့.. အစ်မထွက်သွားတဲ့ အချိန် ကျွန်တော်တစ်ယောက်ပဲ အိမ်မှာရှိခဲ့တာ..။
ကျွန်တော့်ကို စိတ်ပညာရှင် ဆရာဝန်တွေက အိပ်ငွေ့ချတယ်။
အိပ်ပျော်တစ်ဝက် မပျော် တစ်ဝက်ပေါ့...။
:::::::::::::::::::::::
"မင်းဟာ ၂၀၀၁ ခုနှစ် ၂ လပိုင်း ၄ ရက်နေ့ ကိုရောက်သွားပြီ...မင်းဘာတွေဖြစ်ခဲ့သလဲ...?"
" အင်း...ကျွန်တော်.... အစ်မနဲ့ TV ကြည့်တယ်
၁၀ နာရီခွဲလောက် ကျွန်တော် အိပ်ပျော်သွားတယ်...၊
မနက်ပိုင်းရောက်တော့
တံခါး ခေါက်သံကြားရတယ်...။
အစ်မ နာမည်ကို တယောက်ယောက်က ခေါ်တယ်...။
မိန်းမဗျ....။
အစ်မ အပြင်ထွက်လိုက်သွားတယ်...။
တံခါးဖွင့်လိုက်တော့ လေအေးတွေ အိမ်ထဲဝင်လာတယ်...။
ကျွန်တော် ချမ်းတယ်...။
ကျွန်တော် ဗိုက်ဆာတယ်။
အစ်မ ပြန်မလာဘူး...။
:::::::::::::::::::::::
အဲဒီ မိန်းမ ဘယ်သူလဲ...။
အစ်မကို ဘယ်သူသတ်တာလဲ...?
ဒီနေ့အထိ ကျွန်တော် လက်မလျှော့သေးပါဘူး။
ကျွန်တော့်ကို ကူညီပြီး လူသတ်သမားကို ရှာပေးကြပါ...။
ပြီးတော့ မနက်စောစော တံခါးလာခေါက်ရင် ဖွင့်မပေးကြပါနဲ့...။
ရန်လိုတိုက်ခိုက်တဲ့ စကားတစ်ခွန်းဟာ အသက်သေတဲ့ အထိ ဖြစ်နိုင်တယ်ဆိုတာ သတိထားစေလိုပါတယ်...။
:::::::::::::::::::::::
အစ်မ ဘယ်သွားပါလိမ့်...?
ကျွန်တော့်ကို အဖြေပေးကြပါ...။
( စာကြွင်း- ယနေ့အထိ လူသတ်သမား ရှာမတွေ့နိုင်သေးသည့် တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကြီး အမှုတစ်ခုဖြစ်ပါသည်။ )
References
그것이 알고싶다 1077 회
부산 배산 여대생 피살사건 미스테리
မရွှေမိုး( ကိုရီးယား )
No comments:
Post a Comment