Latest News

Friday, August 3, 2018

သုံးလခန႔္ ေန႔/ည မအိပ္ဘဲ ေလၽွာက္သြားေနသူမွ စိတ္ေဖာက္ျပန္ၿပီး လိုက္လံၾကည့္ရႈ ေစာင့္ေရွာက္ေနသည့္ မိခင္အား ရိုက္သတ္မႈျဖစ္ပြား


ေနျပည္ေတာ္၊ ဩဂုတ္ ၃
၂၀၁၈ ခုႏွစ္၊ ဩဂုတ္လ ၂ ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္ လွိုင္းဘြဲၿမိဳ႕နယ္၊ ပန္းေတာမီး ေက်းရြာေန ေစာဒီးဒီး(၂၃)ႏွစ္သည္ လြန္ခဲ့ေသာ ၃ လခန္႔မွ စတင္၍ ေန႔/ညမအိပ္ဘဲ ေလၽွာက္သြား ေလ့ရွိသျဖင့္ အတူေန မိခင္ျဖစ္သူ ေဒၚေနာ္ညဖိုး(၄၅)ႏွစ္မွ လိုက္လံၾကည့္ရႈ႔ေစာင့္ေရွာက္ေနစဥ္ ေက်းရြာအဝင္လမ္းတြင္ စိတ္ေဖာက္ျပန္ၿပီး မိခင္ျဖစ္သူအား တုတ္ျဖင့္ရိုက္ခဲ့ရာ ေဒၚေနာ္ညဖိုး တြင္ ယာေမးရိုး ေပါက္ျပဲ၊ ဝဲနားထင္ဖူးေရာင္၊ မ်က္ေစ့ေသြးထြက္ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့သည္။ ထို႔ေနာက္ ေစာဒီးဒီး သည္ ဘုန္းႀကီးေက်ာင္းအနီးလမ္းေပၚတြင္ေတြ႕ရွိသူ ေဒၚေနာ္ဘဲ(၅၄)ႏွစ္အား အနီးရွိ အရွည္ ၅ ေပခန္႔ သစ္ကိုင္းေခ်ာင္းျဖင့္ရိုက္ခဲ့၍ ေဒၚေနာ္ဘဲတြင္ ဝဲ/ယာ လက္ေကာက္ဝတ္က်ိဳး၊ ေနာက္ေစ့ေပါက္ျပဲ၊ ယာပါး/နဖူး ဖူးေရာင္ဒဏ္ရာမ်ား(စိုးရိမ္ရ) ရရွိခဲ့ေသာေၾကာင့္ ေစာဒီးဒီး အား ေရႊဂြန္းနယ္ေျမရဲစခန္း(ပ)၁၈/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ ဖမ္ဆီးအေရးယူထားေၾကာင္း သတင္းရရွိသည္။
ရဲဇာနည္
သုံးလခန့် နေ့/ည မအိပ်ဘဲ လျှောက်သွားနေသူမှ စိတ်ဖောက်ပြန်ပြီး လိုက်လံကြည့်ရှု စောင့်ရှောက်နေသည့် မိခင်အား ရိုက်သတ်မှုဖြစ်ပွား
နေပြည်တော်၊ ဩဂုတ် ၃
၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် လှိုင်းဘွဲမြို့နယ်၊ ပန်းတောမီး ကျေးရွာနေ စောဒီးဒီး(၂၃)နှစ်သည် လွန်ခဲ့သော ၃ လခန့်မှ စတင်၍ နေ့/ညမအိပ်ဘဲ လျှောက်သွား လေ့ရှိသဖြင့် အတူနေ မိခင်ဖြစ်သူ ဒေါ်နော်ညဖိုး(၄၅)နှစ်မှ လိုက်လံကြည့်ရှု့စောင့်ရှောက်နေစဉ် ကျေးရွာအဝင်လမ်းတွင် စိတ်ဖောက်ပြန်ပြီး မိခင်ဖြစ်သူအား တုတ်ဖြင့်ရိုက်ခဲ့ရာ ဒေါ်နော်ညဖိုး တွင် ယာမေးရိုး ပေါက်ပြဲ၊ ဝဲနားထင်ဖူးရောင်၊ မျက်စေ့သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ ထို့နောက် စောဒီးဒီး သည် ဘုန်းကြီးကျောင်းအနီးလမ်းပေါ်တွင်တွေ့ရှိသူ ဒေါ်နော်ဘဲ(၅၄)နှစ်အား အနီးရှိ အရှည် ၅ ပေခန့် သစ်ကိုင်းချောင်းဖြင့်ရိုက်ခဲ့၍ ဒေါ်နော်ဘဲတွင် ဝဲ/ယာ လက်ကောက်ဝတ်ကျိုး၊ နောက်စေ့ပေါက်ပြဲ၊ ယာပါး/နဖူး ဖူးရောင်ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့သောကြောင့် စောဒီးဒီး အား ရွှေဂွန်းနယ်မြေရဲစခန်း(ပ)၁၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဖမ်ဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

1 Comment1 Share
2929

No comments:

Post a Comment