Latest News

Thursday, August 2, 2018

ပုသိမ်တက္ကသိုလ်ကျောင်းသားလွှတ်တော် အစည်းအဝေး ပထမဆုံးအကြိမ်ကျင်းပ


သတင်း/ဓာတ်ပုံ =.ရွှေရည်ဝင်း(တိုင်းဧရာ) 
 ပုသိမ်တက္ကသိုလ် ကျောင်းသားလွှတ်တော် အစည်းအဝေးပထမဆုံးအကြိမ်ကို ယနေ့ သြဂုတ်လ ၂ရက်နေ့ နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခမ်းမမှာစတင်ကျင်းပခဲ့ကြောင်းသတင်းရ ရှိသည်။  အဆိုပါ ကျောင်းသားလွှတ်တော်အစည်းအဝေးမှာ မေဂျာကိုယ်စားလှယ်များ အဆောင်ကိုယ်စားလှယ်များ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်ပုသိမ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)ရဲ့ကိုယ်စားလှယ် ကျောင်းသားများက ပုသိမ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချူပ်)အလုပ်အမူ့ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌ အထွေထွေအတွင်းရေးမှူးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။  ယခုလိုကျောင်းသား
လွှတ်အစည်းအဝေးကျင်းပခဲ့ခြင်းဟာ ကျောင်းသားအရေးကိစ္စများကို ဖော်ဆောင်တဲ့ နေရာမှာ ကျောင်းသားလွှတ်တော်နှင့် ကျောင်းသားသမဂ္ဂ အစိုးရအဖွဲ့ တက္ကသိုလ် အုပ်ချူပ်ရေးအဖွဲ့ များနဲ့ အပြန်အလှန် ထိန်းညှိ ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါသည်။  ကျောင်းသားလွှတ်တော်ကျင်းပခဲ့တာဟာ ကျောင်းသားတွေက နောင်တစ်ချိန်မှာနိုင်ငံခေါင်းဆောင်ဖြစ်လာကြမှာမို့ကျောင်းသားလွှတ်တော်ဆိုတဲ့ သဘောတရားတွေကို သိရှိသွားရအောင်ဆိုတဲ့ရည်ရွယ်ချက်တွေလည်းပါကြောင်း ကျောင်းသားလွှတ်တော်မှာကျောင်းသားတွေအနေနဲ့ တက်တက်ကြွကြွပါဝင်ပေးစေလိုကြောင်း၊ ယခုလိုပါဝင်ခဲ့လို့လည်း လူမူရေးစီးပွားရေး ပညာရေးဘာမှထိခိုက်လာမှာမဟုတ်ကြောင်း ကျောင်းသားလွှတ်တော် ကျင်းပရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ အဏ္ဏဝါသိပ္ပံ 
တတိယနှစ် ဂုဏ်ထူးတန်းကျောင်းသားဖြစ်သည့် ကိုထူးထက်နောင် က ၎င်းအခမ်းအနားနှင့်ပက်သက်ပြီး ယခုလိုရှင်းပြသည်။ 

 "ခု ပထမဆုံးအကြိမ် ကျင်းပတာကတော့ သမဂ္ဂက ဦးဆောင်တာဝန်ယူခဲ့တာပါ။ နောက် ဒုတိယအကြိမ် တတိယအကြိမ်တွေ မှာတော့ လွှတ်တော် ကျင်းပရေးဆိုင်ရာ ကော်မရှင်း အနေနဲ့ တာဝန်ယူကျင်းပသွား
မှာဖြစ်ပါတယ်။ ကျောင်းသား ကိုယ်စားလှယ်များကတင်သွင်းမေးမြန်းလာသည့်အဆိုများကို ကျောင်းအုပ်ချူပ်သူတစ်ချို့က ဖြေဆိုသွားကြဖို့လည်းရှိပါတယ်။  ခုက ပထမအကြိမ်ဆိုတော့အခက်အခဲတွေရှိတာပေါ့ ။ကျောင်းသားတွေကလည်းလွှတ်တော်ဆိုတဲ့သဘောတရားကိုနားမလည်သေးလည်းပါတယ်လေ။ ဒါပေမဲ့ကျောင်းအုပ်ချူပ်သူတွေကကူညီပေးခဲ့ကြပါတယ်။ဒီဘွဲ့နှင်းသဘင်ခန်းမကအစပေါ့ ။"ဟု ကိုထူးထက်နောင်က တိုင်းဧရာကိုပြောသည်။

  "ဒီနေ့ဟာ ပုသိမ်တက္ကသိုလ် ရဲ့ ကျောင်းသားလွှတ်တော်စတင်ကျင်းပနိုင်ခဲ့တဲ့နေ့မို့သမိုင်းဝင်နေ့လေးပါပဲ။ ခုလိုကျင်းပနိုင်တာဟာ ကျောင်းသားတွေ ကြိုးစားချက်တွေနဲ့ တည်ဆောက်ခဲ့တာပါ ။လွှတ်တော်ဆိုတာ ဟိုးအရင်ထဲကဘုရင်ပဒေသရာဇ် လက်ထက်ထဲကရှိပြီးသား ။ခုအစိုးရမှာရောပေါ့။  ကျောင်းသားအရေး တွေနဲ့ပက်သက်ပြီး ခုလိုကျောင်းသားလွှတ်တော်ဆိုတာရှိသင့်တာကြာပါပြီ။ ဒါပေမဲ့ ကျောင်းသားသမဂ္ဂအနေနဲ့
လွှတ်တော်ဖြစ်ရေးအတွက် ရှေ့ဆက်ကြိုးစားသွားရင်တော့အကောင်းဆုံးပေါ့။ ကျောင်းသားသမဂ္ဂကကျောင်းသားတွေကိုကိုယ်စားပြုတယ်လေ။"ဟုပုသိမ်တက္ကသိုလ်ဆရာများသမဂ္ဂ မှ အလုပ်အမူ့ဆောင်သမိုင်းဌာနကထိကဆရာ ဦးသန်းထိုက်အာင်က ၎င်းသုံးသပ်ချက်နှင့်ပက်သက်ပြီး တိုင်းဧရာကိုပြောသည်။

 ဒီကနေ့ ရွေးချယ်တင်မြှောက်ခံရတဲ့ပုသိမ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချူပ်)အလုပ်အမူ့ဆောင်အဖွဲ့ဥက္ကဋ္ဌ ကိုဖြိုးအာကာ ဥပဒေ (တတိယနှစ် ) ဒုဥက္ကဋ္ဌ ကိုအောင်မျိုးသူ ရူပဗေဒ (တတိယနှစ်) နှင့် အထွေထွေအတွင်းရေးမှူး ကိုစူပါမောင် ဇီဝဗေဒ (ဒုတိယနှစ်)ကျောင်းသားများမှ မနက်ဖြန် သြဂုတ်၃ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုသွားမှာ ဖြစ်ပြီး ကျောင်းသားလွှတ်တော်အစည်းအဝေးကိုဆက်လက်ကျင်းပသွားမှာဖြစ်ပါသည်။












No comments:

Post a Comment