Latest News

Monday, August 13, 2018

၈၈မျိုးဆက်ကျောင်းသူ မမီးမီး ကားအက်ဆီးဒင့်ဖြင့်ကွယ်လွန်


၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးဟာ သြဂုတ် ၁၃ ရက် ဒီကနေ့ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှာ ကားမတော်တဆဖြစ်ပြီး ကွယ်လွန်သွားပါတယ်။
သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊TS ဆီဆိုင်အနီးတွင် လမ်းချော်ပြီးလမ်းဘေးသစ်ပင်အားဝင်တိုက်ပြီး မမီးမီးကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။
ကားပေါ်မှာ
မနီလာသိန်း၊ မမီးမီး၊ ကိုဇော်ဝမ်းမောင်၊ မခက်ခက် တို့ လိုက်ပါခဲ့ပြီး ကျန်သူတွေအသက်အန္တရာယ်မရှိဘူးဟုသိရပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး ကို တွေ့ရစဉ်/ Photo: Mee Mee - facebook
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး ဟာ ကျောင်းကုန်းမြို့နယ်မှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားပါတယ်။

ကားမှောက်တဲ့အခြေအနေကို ဦးဂျင်မီ က အခုလို ပြောပါတယ်။

"၅ နာရီ ၂၀ မှာ ဆုံးသွားပြီတဲ့၊ အဓိကကတော့ သူက ကားမှောက်တဲ့အခါကျတော့ ကားလဲတဲ့ ဘက်ခြမ်းကို သူကရောက်သွားတယ်။ သူကအပြင်ကိုထွက်သွားပြီး ကားကသူ့ကို ပိသွားတယ်။ သူ့ကိုပြန်ပြီး ဆွဲထုတ်ရတဲ့ အခြေအနေဖြစ်သွားတယ်"

အဲဒီယာဉ်ပေါ်မှာ ဦးဂျင်မီ၊ မနီလာသိန်း၊ ဦးဇော်ဝင်းမောင် နဲ့ မခက် တို့လည်း လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်မြို့နယ်က ကဗျာဆရာ မောင်အောင်ပွင့် ဇနီးရဲ့ နာရေးက အပြန် ကျောင်းကုန်းမြို့နယ်မှာ ယာဉ်မတော်တဆမှု ဖြစ်ခဲ့တာပါ။ မမီးမီး ရုပ်အလောင်းကို ရန်ကုန်ကို ပြန်သယ်လာဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post