''ဆရာ''
''ဗျာ''
''မျက်နှာမကောင်းပါလား''
''အေးဗျာ''
''ဒေါသနဲ့ရေးတဲ့စာတွေ၊ အမုန်းစကားတွေကျွန်တော် ဖတ်နေ၊ တွေ့နေရလို့''
''ဘယ်မှာလဲဆရာ''
'' ဖေ့စ်ဘွတ်နဲ့စာနယ်ဇင်းနေရာအနှံ့မှာဆိုပါတော့''
''ကိုယ့်ခံစားချက်ကို လွတ်လွတ်လပ်လပ်ရေးတာပဲ
ဆရာ၊ မရေးရဘူးလား။ အမှားအမှန်ဝေဖန်ဖို့ လိုသေး သလား။ ဆရာက ဘယ်လိုခံစားနေရလို့လဲ''
''သြော်... ''
''သြော်...တစ်လုံးသာ အသံထွက်မိသည်'' ကျွန်တော်ဘာပြန်ပြောရမှန်းမသိ။ တွေးမိတိုင်း ပေါ်လာ
သော ခံစားချက်များကို မေတ္တာစိတ်ဖြင့် အောက်ပါ
အတိုင်း ကျွန်တော်ရေးမိပါ၏။ ရှေ့နေနှင့် မေတ္တာစိတ် ဟု အမည်ပေးပါရစေ။
လှုပ်ရှားနေသော ကျွန်တော့်စိတ်
ကျွန်တော့်စိတ်တွေ လှုပ်ရှားနေလေသည်။ ရင်ခုန်
နေလေသည်။ တည်ငြိမ်အောင်ကြိုးစားဦးမှ။ ဘယ်လို
လုပ်ရပါ့။ အိမ်စာကြည့်ခန်း စာအုပ်စင်မှ စာရေးဆရာ၊ ဒါရိုက်တာ ဆရာကြီးဦး(သုခ) ရေးသော မေတ္တသုတ် စာအုပ် ရှာဖွေတွေ့ရှိပါပြီ။ ဘာတွေရေးထားပါလိမ့်။ ဖတ်စို့။
မေတ္တသုတ်ဆို၍ မေတ္တာအကြောင်းမျှသာ မဟုတ်။
ဘာသာရေး အခြေခံပိုင်းမှအစ သိမှတ်ဖွယ်များ အပြည့်
အသိပ် ပါဝင်သည်။ ပါဠိတစ်လုံး တစ်လုံး၏ အဓိပ္ပာယ်
ကို ရင်းမြစ်ကျကျ သာဓက ခိုင်ခိုင်မာမာဖြင့် ထောက်
ပြထားသည်။ ဇာတ်နိပါတ်၊ ပုံပြင်ဝတ္ထုစသည်တို့ဖြင့် တန်ဆာဆင်၍ သဘောတရားတစ်ခုတစ်ခုကို မပေါ်
လွင်ပေါ်လွင်အောင် ပို့ထားသည်ဟု ဆရာကြီး ဓမ္မာ
စရိယ ဦးဌေးလှိုင်က အစီရင်ခံဖော်ပြသည်။
''အကယ်ဒမီသုံးလေးခုရသော ရုပ်ရှင်ကားတစ်ကား ထုတ်လုပ်ရသည်ထက် အဆပေါင်းများစွာ ကိုယ်အား Óဏ်အား စေစားရသော၊ အကျိုးကြီးသော မေတ္တ
သုတ်ပါတကား'' ဟု ဆရာကြီး ဦးသုခ၏ စာအုပ်ကို
ဆရာကြီး ဓမ္မစရိယ ဦးဌေးလှိုင်က ဂုဏ်ပြုချီးကျူးထား ပြန်ပေသေးသည်။
စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်၏မေတ္တာစိတ်
စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ကလည်း-
''ကိုယ့်တစ်ကိုယ်အတွက် အာရုံခံစားဖို့ ရလေလိုလေ
မရောင့်ရဲနိုင်သူအဖို့ သူတစ်ပါးအပေါ်၌ မေတ္တာတရား
အဘယ်မှာ ထားနိုင်ပါတော့မည်နည်း။ အကျင့်သီလ
သိက္ခာကိုလည်း အဘယ်မှာ စောင့်စည်းနိုင်ပါတော့ မည်နည်း။
''ထိုမှတစ်ဖန် မေတ္တာနှင့် ယှဉ်သောစိတ်ကို မမေ့
မလျော့ဆောက်တည်လာနိုင်သောအခါ မှားယွင်းသော
အယူဝါဒများ မကပ်ငြိဘဲ သီတင်း၊ သီလနှင့် ပြည့်စုံပေ
မည်။ နောက်ဆုံး မဂ်Óဏ်၊ ဖိုလ်Óဏ်အထိ ပေါက်
ရောက်နိုင်သော လမ်းစဉ်ဖြစ်ပေသည်'' ဟု မေတ္တာစိတ် ဟူသည့်အဓိပ္ပာယ်ကို မေတ္တသုတ်စာအုပ်တွင် ဖွင့်လှစ်
အမှာ ရေးခဲ့ပါသည်။
မေတ္တသုတ်ပရိတ်တော်
အို ... သူတော်ကောင်းတို့။
''အကြင်မေတ္တသုတ် ပရိတ်တော်၏ အစွမ်းရှိန်စော်
အာနုဘော်ကြောင့် နတ်အများတို့သည် ကြောက်မက်
ဖွယ်အာရုံတို့ကို မပြနိုင်ကုန်။ အကြင်မေတ္တသုတ်
ပရိတ်တော်ကို နေ့-ညမပြတ်၊ အခါခပ်သိမ်း၊ ပျင်းရိခြင်း
မရှိဘဲ စွဲမြဲရွတ်ပွားအားထုတ်သူသည် ချမ်းသာစွာ အိပ်
စက်ရ၏။ အိပ်မက်ဆိုးတို့ကို မမြင်မမက်ရ။ ဤသို့ အစရှိသော အကျိုးရလဒ်အာနိသင်နှင့် ပြည့်စုံသော ထိုမေတ္တသုတ် ပရိတ်တော်ကို ငါတို့သည် ရွတ်ကြကုန်
အံ့။ အဲဒါအကျိုးအာနိသင်ကို အကျဉ်းအားဖြင့် ပြတာ။
မေတ္တာ၏အကျိုး ဆယ့်တစ်ပါးလိုပြတာက ''ချမ်းသာ
အိပ်နိုး၊ အိပ်မက်ဆိုးကင်း၊ ချစ်ခြင်း၊ လူနတ်၊ နတ်စောင့်
တတ်လျက်၊ လက်နက်ဆိပ်မီး၊ မရောက်ပြီးခဲ့၊ စိတ်လည်း
တည်စွာ၊ မျက်နှာကြည်လင်၊ သေလျှင်မတွေ၊ သေသော
အခါ ဗြဟ္မာရွာ၊ လားရာ၊ မေတ္တာကျိုး။ အဲသလိုဘုရား ဟောတယ်'' ဟု ဆရာကြီး ဦးသုခက စာ ၂၆ တွင် ညွှန်ပြ
ရေးသားခဲ့သည်။
ရိုးသားဖြောင့်မတ်ရမယ်
ရိုးသားတယ်ဆိုတာကတစ်မျိုး၊ ဖြောင့်မတ်တယ်ဆို တာက တစ်မျိုးကွ။ ရိုးသားတယ်ဆိုတာက သူတစ်ပါး
အပေါ် မဟုတ်တာ မလုပ်တာလောက်ပဲ အဓိပ္ပာယ်ရှိ
လိမ့်မယ်။ ဖြောင့်မတ်တာကျတော့ သူများကိုလည်း
မလိမ်တာ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မလိမ်တာလို့
ပြောရမလားဘဲ။
မိမိကိုယ်ကို မိမိကြည်ညိုနိုင်အောင် သိက္ခာရှိရမယ်။ ဖြောင့်မတ်ရမယ်။ သူတစ်ပါးကိုလည်း ကိုယ်က မလိမ်နဲ့။
ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မလိမ်နဲ့ပေါ့။ (စာ-၂၉)
နူးညံ့သိမ်မွေ့ခြင်း
နူးညံ့သိမ်မွေ့ခြင်း အဓိပ္ပာယ်ကတော့ ကိုယ်အမူ
အရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာဆိုတဲ့ ကာယကံ၊
ဝစီကံ၊ မနောကံ သုံးပါးစလုံး
ခက်ထန်ခြင်းမရှိ၊ နူးညံ့သိမ်မွေ့ရ မယ်။ (စာ-၄၅)
နှစ်ဖက်သွားဓား
လယ်တီဆရာတော်ကြီးက မေတ္တာ
တရားဟာ နှစ်ဖက်သွားဓားနဲ့တူတယ် တဲ့။ ဒီဓားကို လာလုရင် လုတဲ့လူသာ အထိအရှ ဖြစ်ရမှာပဲတဲ့။ (စာ-၁၃ဝ)
မီးနှင့် ရေ
ဒေါသက မီးနဲ့တူတယ်။ အဒေါသ
က ရေနဲ့တူတယ်။ မေတ္တာဆိုတာ
အဒေါသ စေတသိကလို့မှတ်ရပါ
မယ်။ မီးနဲ့တူသော ဒေါသဖြင့် နှိပ်စက်သည်ဖြစ်စေ၊
မိမိထံသို့ အကျိုးမဲ့ပြုခြင်းငှာလာသော ရန်သူကို ရန်တုံ့
မမူဘဲ ရေနှင့်တူသော မေတ္တာဖြင့်သာ သူတစ်ပါး၏
ဒေါသမီးကို ပြေစေ၊ အေးစေရမည်။ ငြိမ်းစေရမည်။ (စာ-၁၃၂)
ဖတ်ရှုမှတ်သား၍ မကုန်
ဆရာကြီးဦး(သုခ)၏ မေတ္တသုတ်စာအုပ်တွင် မေတ္တာ
ပွားများ ရှေးဦးကျင့်ဆောင်ရမည်။ အခြေခံများ (၁) မှ
(၇)ထိ ပါဝင်သည်။ ဗြဟ္မစိုတရား(၁ ၊ ၂၊ ၃) နှင့် မေတ္တ
သုတ်ပါဠိတော်၊ မေတ္တသုတ် နိဿယတို့လည်း ပါဝင်
သည်။ ပါဠိများနှင့် ရေးထား၍ မူလက နားမလည်မည်
ဟု စိုးရွံ့မိသေးသည်။ သို့သော်ငြား ဆရာကြီးက ရင်းမြစ်
ကျကျ၊ ရှင်းလင်းရေးပြ၍၊ သဘောကျ မှတ်သားခွင့်ရ သည်။
(အကျယ်ကို ထိုစာအုပ်တွင် ဆက်လက်ဖတ်ရှုစေချင်
ပါသည် )
မေတ္တာဈာန်
ရပ်လျက်ဖြစ်စေ၊ သွားလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်
စေ၊ အိပ်လျက်ဖြစ်စေ၊ ငိုက်မျဉ်းခြင်း ကင်းနေသော အချိန်မှာ မေတ္တာဈာန်သတိကို စွဲမြဲစွာ ဆောက်တည်
ရာ၏။ ဤဘုရားရှင် သာသနာတော်၌ ဤမေတ္တာဈာန်
သတိဖြင့်နေခြင်းကို ဗြဟ္မဝိဟာရ (ထူးမြတ်သောနေခြင်း မျိုး) ဟူ၍ ဘုရားရှင်များ ဟောကြားတော်မူခဲ့သည်။ (စာ-၂၅၉) (အကျယ်ကို လေ့လာဖတ်ရှုသင့်ပါသည်)
အမုန်းစကား
သတင်းမှား၊ သတင်းလိမ်၊ မမှန်မကန်၊ အကြံအဖန်
မျိုးစုံဖြင့် သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်း၊ အထင်
အမြင်အယူအဆလွဲမှားစေကြောင်း၊ ဘဝပျက်စီးစေ ကြောင်း၊ ဒုက္ခလှလှတွေ့စေကြောင်း၊ ယုန်ထင်ကြောင်
ထင်ဖြစ်စေကြောင်း၊ နည်းမျိုးစုံဖြင့် အမုန်းစကားပွား
ကြခြင်းအား သတိနှင့် ဆင်ခြင်၊ ဥာဏ်အမြင်နှင့် သုံးသပ် ၍ ဆုံးဖြတ်ကြပါကုန်။ နေ့စဉ်ကြုံရသော အမုန်းစကား
များ ဘယ်နားသွားထားပါလိမ့်။
ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်။ သူ
တစ်ပါးမနာလို ကိုယ်အကျိုးမရှိ။ သူတစ်ပါးကောင်းစား ခြင်းကို မေတ္တာပွားပါ။ ကျေနပ်ပါ။ ကြည်နူးပါ။ ထပ်ဆင့်
မေတ္တာဝေပါ။ လောဘစိတ်မဖြစ်နှင့်။ ဒေါသစိတ် မဖြစ်
နှင့်။ မောဟစိတ်မဖြစ်နှင့်။ မပူလောင်သင့်။ ဤသို့
ကျွန်တော် ယုံသည်။
ရိုင်းစိုင်းမည်လား။ ကြမ်းတမ်းခက်ထန်မည်လား။ ပုတ်ခတ်ဆဲရေးမည်လား။ ပူလောင်မည်လား။ အမုန်း
စကားပွားမည်လား။ အသင်၏ ဒေါသမီးကို မေတ္တာရေ
ဖြင့် ငြှိမ်းအံ့။ မေတ္တာစိတ်ဖြင့် အေးချမ်းစေအံ့။
(ကွယ်လွန်သူ စာရေးဆရာ ဒါရိုက်တာ ဆရာကြီး ဦးသုခအား ရိုသေစွာ ရှိခိုးကန်တော့လျက်)
ဦးဟန်ညွန့် (ဥပဒေ)
No comments:
Post a Comment