မန်ယူအသင်းနည်းပြဖြစ်လိုကြောင်း ဇီဒန်း ဖွင့်ဟ
မန်ယူအသင်းက နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ခဲ့မယ်ဆိုရင် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ဇီနက်ဒီ ဇီဒန်းဟာ မန်ယူအသင်းနည်းပြရာထူးကို ကမ်းလှမ်းသွားဖို့ မျှော်လင့်ထားတယ်လို့ သူရဲ့မိတ်ဆွေတွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ ပရီမီယာလိဂ်အဖွင့်ပွဲစဉ်မှာ လက်စတာကိုနိုင်ခဲ့ပေမယ့် ပွဲစဉ် ၂ မှာတော့ ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့မှုအပါအဝင် နွေရာသီဈေးကွက်အတွင်း ကစားသမား ခေါ်ယူမှုဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အကြီးမားဆုံးသော အစမ်းသပ်ခံကာလကို ရောက်ရှိလို့နေခဲ့တာပဲဖြစ်ပါတယ်။
မန်ယူအသင်းဟာ မော်ရင်ဟိုကို လူသိရှင်ကြား ထောက်ခံထား တယ်ဆိုပေမယ့် မော်ရင်ဟိုရဲ့နေရာမှာ ဇီဒန်းနဲ့ အစားထိုးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ဇီဒန်းကိုယ်တိုင် ကလည်း မန်ယူအသင်းနည်းပြ ဖြစ်လာဖို့ စိတ်ဝင်စားတယ်လို့လည်း ဆိုခဲ့ပါတယ်။
အသက် ၄၆ နှစ်အရွယ်ရှိ နည်းပြဇီဒန်းဟာ ရီးယဲလ်မက်ဒရစ် အသင်းကို ချန်ပီယံလိဂ်ဖလား သုံးနှစ်ဆက်တိုက်ရယူပေးခဲ့ပြီးတဲ့ နောက်ငါးရက်အကြာမှာ နည်းပြအဖြစ်ကနေ နှုတ်ဆက်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
ဇီဒန်းဟာ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြအဖြစ်ကနေ ထွက်ခွာသွားခဲ့ပြီးတဲ့နောက်မှာ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဖြစ်လာဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရုရှား နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းက ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တာကြောင့် လက်ရှိနည်းပြ ဒက်ချမ့်ကသာ ပြင်သစ်အသင်းနည်းပြအဖြစ် ဆက်ရှိနေဖို့ အကြောင်းဖန်လာခဲ့ပြီး ဇီဒန်းရဲ့မျှော်လင့်ချက်လည်း ပျောက်ဆုံးခဲ့ရပါတယ်။ ဒါကြောင့် ဇီဒန်းအနေနဲ့ ပရီမီယာလိဂ်မှာနည်းပြဖြစ်လာဖို့ ပြန်လည်ရွေးချယ် လာခဲ့တာဖြစ်ပါတယ်။
ဇီဒန်းဟာ ကစားသမားဘဝမှာ အောင်မြင်မှုရရှိခဲ့သလို နည်းပြ ဘဝမှာလည်း ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါဖလားတစ် ကြိမ်၊ စပိန်စူပါဖလားတစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလားသုံးကြိမ်၊ ယူအီး အက်ဖ်အေစူပါဖလားတစ်ကြိမ်နှင့် ဖီဖာကမ္ဘာ့ကလပ်ဖလားနှစ်ကြိမ် စသဖြင့် ရယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ငွေကြယ်
No comments:
Post a Comment