Latest News

Tuesday, August 14, 2018

မုန့်ဘိုးပေးချင်သေးတယ် နှမငယ်(၁) မှ (၄) အထိ



ရေးသူ ဇော်မင်း(မကသ)

အပိုင်း ၁

မိုးတွေထဲမှာ ဂျက်ကော့နက်ပြာမိုးကာစကိုဝတ်ထားပြီး ကောင်လေးတွေတအုပ်ကြားမှာ မျက်လုံးရောင်တောက်တောက် နှမလေးတယောက်အမှတ်မထင်ကောက်ရခဲ့တယ် ။
တာမွေ အကသအုပ်စုထဲကပေါ့။ မောင်ခိုင် မောင်ကြိုင်ပျံလွှား ဇေယျာဝင်းတို့အကြားအမြဲကျနော်တို့စီဝင်ထွက်သွားလာခဲ့တာ။

အာဏာမသိမ်းခင်ထိ ကျောင်းသူအများကြီးထဲက ကျောင်းသူလေးတယောက် ဆန္ဒပြစစ်ကြောင်းထဲ လိုက်အော်ခဲ့တဲ့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမင်္ဂလာတောင်ညွန့်မြို့နယ်ကအဌမတန်းကျောင်းသူလေးတယောက်ရယ်

အာဏာသိမ်းပြီးတော့လူစစ်သွားချိန် သူပျောက်မသွားခဲ့ဘူး ။ပါတီတွေပေါ်လာတယ် ။မန္တလေးဆောင်မကသဖရုံးပေါ်လာတယ် ။သူမျက်နှာလာလဲပြန်ပေါ်လာတယ် ။ပိုရင်းနှီးလာတယ် ။အကသအုပ်စုထက်
အကြီးတွေနောက်တကောက်ကောက်လိုက်တယ် ။မကသဖ ရုံးကိုတာမွေမီးသတ်ဘေးက
အမကမှာ လုပ်တော့သူတာဝန်ခံလုပ်ခဲ့တယ်။

ဒါကသူရဲ့ဟန်ပြအလုပ် ။မျက်နှာကိုပုဝါစီးပြီး
အဲ့တုန်းကခေတ်စားခဲ့တဲ့မြို့တွင်းပျောက်ကြားသပိတ်တွေကို လိုက်အော် စာတွေလိုက်ကပ်ခဲ့တာ ဘယ်လောက်ပုဝါစည်းပေမဲ့ အရောင်တောက်တဲ့သူမျက်လုံးအစုံကို ထောက်လှမ်းရေးတွေကမှတ်မိတယ်။
တရက် ကန်တော်ကြီးဘေးက တာမွေအ ထ က(၁) အရှေ့သွားအော်တယ် ။ပန်းဖလက်တွေကို ကျောင်းထဲသွားပြစ်ထည့်တယ်။ ဇေယျာဝင်းမောင်ကြိုင်မောင်ခိုင်လွတ်သွားပေမဲ့ မာရှယ်လောကာလလှည့်နေတဲ့စစ်ကားက သူကိုမိသွားခဲ့တယ် ။ပထမဆုံးအကြိမ် ၈ တန်းကျောင်းသူဘဝ သူပထမဆုံးအဖမ်းခံခဲ့ရတဲ့အကြိမ်ပေါ့။

ဇော်မင်း( ညီမလေးရဲ့အကို)
---------
မုန့်ဘိုးပေးချင်သေးတယ်နှမငယ်(၂)

ဇေယျာဝင်းအပြေးလာအကြောင်းကြားလို့
သူအဖမ်းခံရကြောင်းသတင်းရရချင်း
ထောက်လှမ်းရေး(၇) က ဗိုလ်မူးလှသန်းဆီ
ဖုန်းဆက်တော့
သူဘယ်မှာရှိတာ
သိခွင့်ရတယ် ။
အဲ့နောက်ဗိုလ်မူးလှသန်းနဲ့စကားတွေအများကြီးပြောရတာ အချိန်အတော်ကြာသွားတယ် ။ ပြီးမှ မန္တလေးဆောင် မကသဖ ရုံးကနေ မိုးမောင်မောင် ဌေးအောင်နဲ့အတူသူကိစ္စအတွက်ထွက်လာခဲ့တာ

စခန်း(၄၀)

မင်းသိင်္ခဝတ္ထုထဲက တာမွေဂတ်ပေါ့ ။ဆားပုလင်းနှင်းမောင်တော့မရှိဘူး ။စစ်ထောက်လှမ်းရေးကအမိန့်ပေးရင်လိုက်လုပ်ရတဲ့ရဲတော့ရှိတယ် ။
ထောက်လှန်းရေးက
ဖုန်းဆက်ထားတဲ့အတွက် အဖမ်းခံထားရတဲ့ကျောင်းသူ လမ်းဘေးကသူ့ ကို
လမ်းပေါ်ရောက်နေတဲ့ကျောင်းသားခေါင်းဆောင်နှစ်ယောက်က
မိဘထံအပ်နုံပေးဘို့
ခပ်တည်တည်နဲ့ အာမခံမှာလက်မှတ်ထိုး
တာမွေရဲစခမ်းက
ထုတ်ခဲ့ရတယ်လေ ။အဲကာလတလျောက် သူ့အပြုမူမျက်လုံးမှာကြောက်ရွံခြင်းကိုစိုးစဉ်းမျှမတွေ့ရ ။
အပြင်ရောက်တော့
သူဗိုက်ဆာတယ်တဲ့ ။သူ့ခေါင်းကိုခပ်ပြင်းလေးခေါက်တော့ ဇက်ခလေးပု ၊လျာလေးကိုတစ်လစ်ထုပ်ပြတယ် ။ချစ်လိုက်တာနှမလေးရယ်။

ဇော်မင်း ( ညီမလေးရဲ့အကို)
--------
မုန့်ဘိုးပေးချင်သေးတယ်နှမငယ်(၃)

သူ့ရဲ့အိမ် သူ့မိဘဆီ
ပြန်ပို့ရမယ်ဆိုတော့
မိုးမောင်မောင်နဲ့ဌေးအောင်က"မင်းလိုက်ပို့လိုက်"ဆိုတာနဲ့ နှစ်ယောက်သား တာမွေအဝိုင်းဘက်လမ်းလျောက်လာခဲ့တာ အဲ့ကျမှ သူမျက်နှာလေး ညိုးနေတယ် ။
အဲ့လိုနဲ့သူ့အိမ်ရှိရာ
မရိုးဆန်းရုပ်ရှင်ရုံဘေးကလမ်းထဲဝင်လာခဲ့တယ် ။သူအိမ်ရောက်တော့ မြန်မာ အိန္ဒိယကပြား အမျိုးသမီးကြီးတယောက်ထွက်လာတယ် ။
သူနဲ့ရုပ်မဆင်ဘူး ။မတူဘူး။ စိတ်ထဲ တွေးနေတုန်း သူကမိတ်ဆက်ပေးတယ် ။သူရဲ့မွေးစားအမေတဲ့ ။အမျိုးသမီးကြီးကလဲတည်တည်ငြိမ်ငြိမ်ပါဘဲ ။ဒေါသကင်းတယ် ၊မဆူဘူး ။စိတ်ပူကြောင်းပြောတယ် ။ နှမကို ပိုဂရုဏာသက်ခဲ့ရတာ
သူမိရင်းဖရင်းက
ဘယ်သူဆိုတာကျနော်မသိဘူး ။ဒါပေမဲ့ သူကကျနော့်နှမ ၊ကျနော်တို့ကမောင်နှမလေ၊
အဲ့နောက်တော့ သူ့ကိုတာမွေရုံးထက် မန္တလေးဆောင်မှခေါ်ထားတယ် ၊

သူကပျော်လို့လက်ကိုမလည်။ မိုးမောင်အပြင်ထွက်လဲလိုက်ချင်။ ဌေးအောင် ကျော်ဌေးဦးထွက်လဲလိုက်ချင်။ ဌေးကြွယ်ကျနော်သွားလဲလိုက်ချင်နဲ့ ။အကိုတွေကြား ဗျာများခဲ့တာ တာမွေအိမ်ကို
မပြန်တော့ မကသကအမတွေအိမ်လိုက်အိပ် ။နမရှိတဲ့အကိုတွေအိမ်လိုက်အိပ်နဲ့ သူဘဝဟာကျောင်းသားအရေးထဲမှာ
၁၉၈၉ မတ်လ ၁၇ ရက်နေ့ မန္တလေးဆောင်ရုံးခမ်းပိတ်လိုက်ရချိန် သူအတွက်ခိုရာပျောက်သွားခဲ့တယ်။
နောက် ကိုရန်ကျော်မြအေးတို့ရဲ့ ဘွဲ့ရမှာ
ရုံးထိုင်တဲ့ အကသ တွေဆီ ပြန်သွားခဲ့တယ် ။အကိုတွေအစည်းဝေးရှိလို့ဘွဲ့ရကို သွားတိုင်း အပြန်သူပါလာတတ်တယ် ။ မောင်ထော်လေးလမ်းအောက်ဖက်က
လက်ဘက်ရည်ဆိုင်မှာထိုင်ထိုင် ..ဆူးလေကမင်္ဂလာမှာထိုင်ထိုင်..လိုက်လိုက်ထိုင်ပြီး အပြန်မှာ မုန့်ဘိုးတောင်းတတ်တယ် ။သူတောင်းတိုင်းပေးနိုင်တဲ့သူက မိုးမောင်မောင်နဲ့ဌေးကြွယ် ။ကျနော်နဲ့ချီးပေကတော့ ပေးနိုင်သလောက်ပေး ။
သူခြေဆောင့်
ထပ်တောင်းမှ နည်းနည်းထပ်ထုပ်ပေး ။ မောင်နှမတွေချစ်လိုက်ကြတာ ။အကိုတွေဆီကရတဲ့မုန်ဘိုးအတွက် ဒီတသက်ညီမလေးကျေနပ်မယ်ထင်ပါတယ်။

ဇော်မင်း( ညီမလေးရဲ့အကို)
-----
မုန့်ဘိုးပေးချင်သေးတယ်နှမငယ်(၄ )

နဝတလက်ထက်မှာ ဗိုလ်ခင်ညွန့်နဲ့နိုင်ငံရေးအုပ်စုအသီသီး
အားပြိုင်ကြရတယ် ။စစ်အာဏာရှင်ရဲ့နိပ်ကွပ်ဖမ်းဆီးမူ့တွေကလဲ
ပိုစိပ်လာတယ်။ နိုင်ငံရေးအုပ်စုနှစ်ခုပေါ်လာသလို လိုင်းကလဲနှစ်ခုဖြစ်လာတယ် ။မကသက
မင်းဇေယျနဲ့ဇော်မျိုးအောင်အဖမ်းခံရသလို ...ဘွဲ့ရက မြအေးကလဲ ယူဂျီဆင်းလုပ်နေတဲ့အချိန် ...NLD က ရွေးကောက်ပွဲဦးတည်နေပြီး ကျန်အုပ်စုအချို့ က ရွေးကောက်ပွဲသပိတ်မှောက်ရေးလုပ်တယ်။
အဲ့အချိန်မှာ သူကလူ့ ဘောင်သစ်ကိုရောက်သွားပြန်တယ် ။
မိုးသီးဇွန်ရဲ့ထွက်ပြေးသောလူဘောင်သစ် ။
မိုးဟိန်းရဲနိုင်အောင်ရဲ့ဖေါက်ပြန်သောလူဘောင်သစ်လဲ မဟုတ်သလို ..
ခပ်စပ်စပ်လေး လုပ်ပြီးရွေးကောက်ပွဲဝင်မဲ့ သက်ထွန်းရဲ့ကျန်ရစ်သောလူဘောင်သစ်လဲမဟုတ် ။
သက်ဦး ကျော်မိုးလွင်တို့ရဲ့တော်လှန်သောလူဘောင်သစ်မှာ လူဘောင်မှာလုပ်ရင်းက ဗကသနဲ့ပွဲလဲပါ ။တပ်ဦးအလုပ်လဲဝင်လုပ် နေခဲ့တာ။

ပေါ်ဦး@ မင်းကိုနိုင် တို့ ။အောင်ဒင် စိုးသိန်းတို့ဆက်တိုက် အဖမ်းခံရပြီးနောက် ဒေါ်စုပါ
ဆက်တိုက်အထိမ်းခံရချိန် သူဟာNLD လူငယ်ဖြစ်သွားတယ် ။
လမ်းဘေးနိုင်ငံရေးရေချိန်က ကျလာတာလဲပါတာပေါ့ ။
ဗကသ အုပ်စုမှာကိုကိုကြီးကျန်ခဲ့သလို
မကသအုပ်စုမှာကျနော်နဲ့ဌေးကြွယ် မိုးမောင်သာကျန်ခဲ့တာ ။
ရကသက ကိုတင့်ဆန်းနဲ့ပြုံးချိုလဲ ပါသွားတော့
သူအတွက် အကိုတွေနည်းသထက်နည်းလာခဲ့တာ ။
တွေရင်တော့မုန့်ဘိုးကတောင်းတုန်း ။
"နင်ကပါတီစုံအစစ်" လို့သူကိုပြောရင်
အားလုံးဟာ မြားအကိုတွေ..
ပေးရမှာအကိုတွေအလုပ်..
အဲ့နောက်မှာ ညီမတယောက် NLD မှာဘဲရင်ခုံ အချစ်ကိုတွေ့သွားခဲ့တာ ။ လှမိုး NLD ကဘဲ ။
ပါတီစုံနှမ အကိုတွေ စီကမုန်ဘိုးအတောင်းကျဲသွားသလို ၁၉၉၀ အပြီးလမ်းဘေးနိုင်ငံရေးကလဲ ကျသထက်ကျလာတော့ မတွေရသလောက်ဖြစ်လာတာ ။
ကလိုနဲ့ဘဲ ၁၉၉၂ ခုနှစ် 10 D မှာ ကျနော်ကိုကိုကြီးတို့ထောင်ကျသွားတော့
တွေဘို့ဝေးသွားခဲ့တာ ၊
ထောင်ထဲမှာ
နှမသတင်းတော့ကြားရပါတယ် ၊ဆယ်တန်းအောင်တယ် ၊ဒဂုံတက္ကသိုလ်မှာတက်တယ် ၊မာစတာတန်းတက်တုန်း ၁၉၉၆ မှာထောင်ကျသွားခဲ့တယ်တဲ့ ၊
တထောင်ထဲ
မဟုတ်တော့
ဟင်းမပို့ပေးနိုင်သလို
ဘာမှလုပ်မပေးနိုင်ပေမဲ့

မောင်စည်နဲ့ဌေးကြွယ်တို့ ဆီက
ဟင်းတောင်းတုန်း။
မုန့်ဘိုးတောင်းတုန်း ။

ဇော်မင်း( ညီမလေးရဲ့အကို)

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post