Latest News

Monday, August 6, 2018

ရေကြည်မြို့နယ်၌ တရားမဝင် ဝင်ရောက်လာသူ ၁၁ ဦး ဖမ်းဆီးရမိ

ရေကြည်မြို့နယ်၌ တရားမဝင် ဝင်ရောက်လာသူ ၁၁ ဦး ဖမ်းဆီးရမိ


ရေကြည်  သြဂုတ်  ၆

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ဂွ-ငါးသိုင်းချောင်း ကားလမ်းမိုင်တိုင်အမှတ်    ၁၉ /၂  နှင့်    ၁၉/၃  အကြား၌ သြဂုတ် ၅ ရက်   ည ၇ နာရီက  တရားမဝင်  ဝင်ရောက်လာသူ   ၁၁ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် ဂွမြို့နယ် ဗေဒါစစ်ဆေးရေးဂိတ်၌ ဆိုင်ကယ်တစ်စီးအား    ယာဉ်တစ်စီးကတိုက်၍     မောင်းနှင် ထွက်ပြေးသွားကြောင်း    သတင်းပေးပို့မှုအရ   ရေကြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဖြူဝင်း ဦးဆောင်သော ပူးပေါင်းအဖွဲ့ သွားရောက် စစ်ဆေးရာ   တရားမဝင်   ဝင်ရောက်လာသူ   ငါးဦးအား YGN 6H/------ ကရောင်းယာဉ်အတွင်း ဖမ်းဆီးရမိပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း သိရသည်။

ဆက်လက်၍ ယင်းနေ့ ည ၁ဝ နာရီခွဲက ရေကြည်မြို့နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သတင်းကွင်းဆက်အရ ရှာဖွေကြရာ မိုင်တိုင် ၁၉/၃ နှင့် ၁၉/၄ ကြား ဂွ-ငါးသိုင်းချောင်း ကားလမ်းဘေးတွင်6I/-----  မတ်တူး ယာဉ်တစ်စီးရပ်တန့် ထားသည်ကို တွေ့ရှိရပြီး အဆိုပါယာဉ်နှင့် အနီးတစ်ဝိုက်တွင် လူတစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသဖြင့် ဆက်လက်ရှာဖွေကြရာ သြဂုတ် ၆ ရက် နံနက် ၆ နာရီက မြောက်စမ်းကျေးရွာနှင့် ချောင်းဂွကျေးရွာကြား   တောတွင်း၌   တရားမဝင်    ဝင်ရောက် လာသူ ခြောက်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


အဆိုပါ ဖမ်းဆီးရမိသည့် တရားမဝင် ဝင်ရောက်လာသူ ၁၁   ဦးအား    ရေကြည်မြို့နယ်    လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန     သို့    လွှဲပြောင်းအပ်နှံထားပြီး    လိုအပ်သော    စစ်ဆေးမှုများ    ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။     
                         
စိုးမင်းဦး(ပြန်/ဆက်)

No comments:

Post a Comment