Latest News

Tuesday, August 21, 2018

ထန်းပင်များခုတ်မရောင်းရန် အမိန့်ထုတ်မည်ဟု စိုက်မွေးဝန်ကြီးပြော

ထန်းပင်များခုတ်မရောင်းရန် အမိန့်ထုတ်မည်ဟု စိုက်မွေးဝန်ကြီးပြော

       ထန်းပင်များအားခုတ်လှဲရောင်းခြင်း၊အုတ်ဖုတ်ထင်းအဖြစ် သုးံခြင်းများ မရှိစေရေး ဒေသန္တရဆိုင်ရာ အမိန့်နှင့်ညွန်ကြးချက် များထုတ်ပြန်တားမြစ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး ဦးကမ်ဇာမုံ ကပြောကြားလိုက်သည်။
 
သြဂုတ်လ ၁၃ ရက်နေ့က  ပြုလုပ်သော စစ်ကိုင်းတိုင်းလွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင်  ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းရှိ ထန်းပင်များခုတ်လဲ၍ ထင်းအဖြစ် ရောင်းချခြင်း၊ နိုင်ငံခြားသို့တင်ပို့ခြင်းများကြောင့် မြန်မာ့ထန်းပင်မျိုးများ မျိုးမတုန်းရေး အစိုးရအနေဖြင့် မည်သို့ ထိန်းသိမ်းမည်ကို သိလိုကြောင်း မေးမြန်းမှုတွင် ၀န်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
   “ငွေကြေးလိုအပ်ချက်အရ ခုတ်လှဲတယ်ဆို သက်ဆိုင်ရာ ဦးစီးဌာနတွေ၊အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး သင့်တော်တဲ့ ချေးငွေရရေး စီမံရမှာပါ “ဟု ၀န်ကြီးကပြောသည်။

       ထန်းပင်များအား နိုင်ငံခြားသို့တင်ပို့နေခြင်းကို တားဆီးရန် မြို့နယ် အလိုက် နယ်ကျော်သယ်ဆောင်ခြင်းမရှိစေရေး ညွန်ကြားချက်များ ထုတ်ပြန်တားဆီးမည်ဖြစ်သည်။ ထို့အတူ နှစ်ရှည်ထန်းပင် ၏ အကျိုးကျေးဇူးကို ထန်းပိုင်ရှင်များသိစေရန် ပညာပေးမှုများ လုပ်၍ ထိန်းသိမ်းရန်လိုကြောင်း ၀န်ကြီးကပြောသည်။
 
“ထန်းပင်က နှစ်ရာကျော် သက်တမ်းရှည်တာ၊နိုင်ငံခြားက တစ်ပင်တစ်သောင်းပေး ၀ယ်ပြီး အဆင့်မြင့်ပရိဘောဂ တွေလုပ် ကိုယ့်ပြည်တွင်းထဲပဲ ပြန်ရောင်းနေတာခံနေရတယ် “ဟု ချောင်းဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ကပြောသည်။
     
ထန်းပင်သည် သစ်တော နယ်မြေ အတွင်းပေါက်ပါက ခုတ်လှဲလျင် သစ်တောဥပဒေဖြင့်အရေးယူနိုင်ပြီး တားမြစ်သစ်ပင်စာရင်းဝင်ပါကလည်း ဥပဒေဖြင့်အရေးယူနိုင်ကြောင်း သိရသည်။

ကိုသစ္စာ

No comments:

Post a Comment