Latest News

Tuesday, August 21, 2018

ဒေါ်လာဈေး မြင့်တက်နေခြင်းကြောင့် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှုများ လျော့နည်း

ဒေါ်လာဈေး မြင့်တက်နေခြင်းကြောင့် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှုများ လျော့နည်း

ရန်ကုန်  သြဂုတ် ၂ဝ

လက်ရှိ   ဒေါ်လာပေါက်ဈေးမှာ   တစ်ဒေါ်လာ  ငွေကျပ်  ၁၄၉ဝ  ကျော်အထိ မြင့်တက်နေခြင်းကြောင့်   ယခု အချိန်တွင် ယာဉ်တစ်စီး တင်သွင်းပြီး   ပြန်ရောင်းမည် ဆိုပါက  အမြတ်ရရန်မလွယ်ကူတော့သည့် အတွက် မော်တော်ယာဉ် တင်သွင်းသူများ မရှိသလောက်ဖြစ်နေကြောင်း သိရသည်။

''ဒေါ်လာဈေးတွေ   မြင့်တက်နေတဲ့အတွက်  ကားတန်ဖိုးတွေမြင့်တက်တယ်။ ပြီးတော့ နိုင်ငံခြားငွေ ပေါက်ဈေးနဲ့ တွက်ချက်ပြီး ပေးဆောင်ရတဲ့ အခွန်နှုန်းထားတွေလည်း အရင်ကထက်စာရင် ပိုများသွားမယ်။ ဒီနှစ်ကား တင်သွင်းခွင့် မူဝါဒနဲ့ ဒေါ် လာဈေး မြင့် တက်မှု အရ ဆိုရင် အခုချိန်မှာ ကိုယ်တိုင်စီးဖို့က လွဲပြီး  အရောင်းအဝယ် လုပ်ဖို့ ဘယ်သူမှတင်သွင်းကြမှာ    မဟုတ်တော့ဘူး'' ဟု လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝါရင့်မော်တော်ယာဉ် ဝယ်ရောင်း လုပ်ငန်း လုပ်ကိုင်သူ ကိုစိန်ဝင်းက ပြောသည်။

ယင်းကဲ့သို့ ပြည်ပမှမော်တော်ယာဉ်တင် သွင်းမှုလျော့နည်းသွားခြင်းကြောင့် ပြည်တွင်းထုတ်ယာဉ်များဖြစ်သည့် ဈေးအတက်အကျ မရှိသော CKD ၊ SKDယာဉ်များ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 ''ကားတစ်စီးဝယ်ပြီး ပြန်ရောင်းရင် အမြတ်ရမှ၊  အခုက ဝယ်ပြီး ပြန်ရောင်းလို့ မြတ်မယ့်ကားက  ရှားသွားပြီ။  ဒါကြောင့်လည်း ရန်ကုန် လိုင်စင်ရတဲ့  ပြည်တွင်းထုတ် Brand New ကားတွေကို ရွေးချယ် ဝယ်ယူ လာကြတာ ဖြစ် ပါတယ်။ ပြည်တွင်း မှာ ဈေးနှုန်း သက်သက်သာသာနဲ့ ကားအမျိုးအစား အစုံအလင် ထုတ်လုပ်နိုင်ရင်တော့    ကား လောကအခြေအနေက ကောင်းလာမှာပါ''ဟု မော်တော်ယာဉ် အရောင်းအဝယ် ပြုလုပ်သူ ကိုကျော်က ပြောသည်။     

ကျော်ကို

No comments:

Post a Comment