Latest News

Wednesday, August 1, 2018

ကိုရီးယားကျွန်းဆွယ်၌ အပူချိန်ဆက်လက်မြင့်တက်နိုင်ပြီး အပူလှိုင်းဖြတ်နိုင်ဟု တောင်ကိုရီးယား မိုးလေဝသဌာနဆို

ကိုရီးယားကျွန်းဆွယ်၌ အပူချိန်ဆက်လက်မြင့်တက်နိုင်ပြီး  အပူလှိုင်းဖြတ်နိုင်ဟု တောင်ကိုရီးယား မိုးလေဝသဌာနဆို

ဆိုး    ဇူလိုင်    ၃၁

လာမည့်ရက်ပိုင်းအတွင်း ကိုရီးယားကျွန်းဆွယ်၌ အပူချိန်အမြင့်ဆုံးအထိရောက်ရှိနိုင်ပြီး အပူလှိုင်းဖြတ်နိုင်ကြောင်း တောင်ကိုရီးယား မိုးလေဝသဌာနက ဇူလိုင် ၃၁ ရက်တွင် ပြောသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့၌ ဇူလိုင် ၃၁ ရက် ညနေ ၃ နာရီခန့်တွင် အပူချိန်၃၈ ဒသမ ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာပြီး သြဂုတ် ၁ ရက်တွင် အပူချိန်မှာ ၃၉ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာမည်ဖြစ် ကြောင်းနှင့် အဆိုပါစံချိန်မှာ ဆိုးမြို့၌ ၁၉ဝ၇ ခုနှစ်မှစတင်၍ ကောက်ခံရရှိသောသတင်းအချက်အလက်များအရ အမြင့်ဆုံး အပူချိန် ဖြစ်ကြောင်း ကိုရီးယားမိုးလေဝသကြိုတင်ခန့်မှန်းရေးအဖွဲ့အစည်း (KMA)၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင်  KMA သည် ဇူလိုင် ၃၁ ရက်မှာပင်    မြောက်ဂေါင်ဆန်းဂျေပြည်နယ်ရှိ ဂေါင်ဂျူးနှင့် ချောင်းဆုန် စီရင်စုတို့ တွင် လည်း အပူလှိုင်းဖြတ်သန်းမှုသတိပေးချက်ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လည်း တောင် ကိုရီးယား နိုင်ငံတစ်ဝန်း၌ နေ့အပူချိန်မှာ ၃၅ ဒီဂရီစင်တီ ဂရိတ်အထိ မြင့်တက်ခဲ့သောကြောင့် အလားတူ သတိပေးချက် များကို တစ်နိုင်ငံလုံးနီးပါး၌ ထုတ်ပြန်ထားသည်။

ဇူလိုင် ၃၁ ရက်အထိ ရာသီဥတု ပူပြင်း မှုကြောင့် လူ ၂၇ ဦးသေဆုံးပြီး လူ ၂၂ဝဝကို ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း ကိုရီးယား ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။

ယခုနှစ်တွင် အပူချိန်ကြောင့်  နာမကျန်း ဖြစ်ပြီး သေဆုံးသူ အရေအတွက်မှာ ပြီးခဲ့ သည့်နှစ်နွေရာသီကာလက ထက် ပိုမို များပြား လာကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် အပူချိန်မြင့်တက်မှုကြောင့် ၁၁ ဦးသေဆုံးပြီး လူနာ ၁၅၇၄ ဦးရှိ ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၌ ည  ၆  နာရီ မှ ည ၉ နာရီအထိ ညအပူချိန်မှာ ၂၅ ဒီဂရီ စင်တီဂရိတ်ရှိပြီး တောင်ကိုရီး ယား ပြည်သူများသည် အပူဒဏ်ကို အန်တုရင်ဆိုင်ရလျက် ရှိသည်။

Ref: The Straits Times@MWD

No comments:

Post a Comment