ရန်ကုန် ဇူလိုင် ၃၁
၂ဝ၁၈ မြန်မာ့ရိုးရာလက်ဝှေ့ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် ၂၉ ရက်က ရန်ကုန်မြို့သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ယှဉ်ပြိုင်ခဲ့ ကြပြီး မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်လက်ဝှေ့သမားတချို့မှာ ရေကြီးမှုကြောင့် လာရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါလက်ဝှေ့သမားများ ပါဝင်သော တွဲဆိုင်းများကို သြဂုတ်လတွင် ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပ ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။ ၂ဝ၁၈ မြန်မာ့ရိုးရာ လက်ဝှေ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် တွဲဆိုင်းစုစုပေါင်း ၁၄ ဆိုင်းပါဝင်သည်။
ဇူလိုင် ၂၉ ရက်က ယှဉ်ပြိုင် ခဲ့သော ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် တွဲဆိုင်းခုနစ်ဆိုင်းသာ ယှဉ်ပြိုင်ခဲ့ပြီး ကျန်ရှိနေသော တွဲဆိုင်းခု နစ်ဆိုင်း ကို သြဂုတ် ၅ ရက်တွင် သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပမည့် Nation Fight လက်ဝှေ့ပြိုင် ပွဲ ဗိုလ်လုပွဲ၌ ယှဉ်ပြိုင် စေရန် စီစဉ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင်ကီလိုတန်းခြောက်ခုမှ လက်ဝှေ့သမား စုစုပေါင်းရှစ်ဦးသည် ဗိုလ်လုပွဲသို့ တက် ရောက်သွားပြီဖြစ်သည်။ ထို့ကြောင့် ကီလိုတန်းအလိုက် ဗိုလ်လုပွဲတွင် တွေ့ဆုံမည့် တွဲဆိုင်းများ ထွက်ပေါ် လာမည်ဖြစ်သည်။
Nation Fight လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကြယ်စင်ဖြိုး၊ ရဲတံခွန်၊ စိုးထက်ဦး၊ ရဲသွေးနီတို့၏ ချန်ပီယံလုပွဲများအပြင် စိုးလင်းဦး(မြန်မာ)နှင့် အိကျူစံ(ထိုင်း)တို့၏ အထူးစိန်ခေါ်ပွဲကို လည်း ထည့်သွင်း ထားသည်။ အဆိုပါလက်ဝှေ့ပွဲစဉ်များကို CANAL+ ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြ သမည်ဖြစ် သည်။
MWD
No comments:
Post a Comment