Latest News

Saturday, July 28, 2018

တွံတေးမြို့နယ်၌YBS(23) ယာဉ်လိုင်းသစ် စမ်းသပ်ပြေးဆွဲ

တွံတေးမြို့နယ်၌YBS(23)  ယာဉ်လိုင်းသစ် စမ်းသပ်ပြေးဆွဲ

တွံတေး  ဇူလိုင်  ၂၇

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် စံဝေလအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမီတက်က ဦးဆောင်၍YBS(23)  ယာဉ်လိုင်းကို  ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီက  စတင်၍ မူးလမန်းကျေးရွာရှိ စက်မှုလယ်ယာဝင်းအတွင်း ဂိတ်ပြုလုပ်၍ထွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါYBS(23) ယာဉ်လိုင်းတွင် တွံတေးမှ ဒလမြို့သို့ ယာဉ်နှစ်စီးဖြင့် လည်းကောင်း၊   တွံတေး-လှိုင်သာယာ-ထန်းတပင်  (အနောက်ပိုင်း တက္ကသိုလ်) အထိ ယာဉ်နှစ်စီးဖြင့်လည်းကောင်း စမ်းသပ်ပြေးဆွဲမည် ဖြစ်သည်။ ဇူလိုင် ၂၇ ရက်သည် ''ဝါဆိုလပြည့်''နေ့ဖြစ်သည့်အတွက် ခရီးသွားပြည်သူများအား တစ်နေ့တာအခမဲ့ပို့ဆောင်ပြေးဆွဲပေးကြောင်း သိရှိရပြီး  ဇူလိုင်  ၂၈ ရက်မှ   စတင်၍    တွံတေး-ဒလ  ခရီးစဉ်  အစ၊          အဆုံး ယာဉ်စီးခကျပ် ၅ဝဝ ခရီးတစ်ဝက် ယာဉ်စီးခ ကျပ် ၃ဝဝ ဖြစ်ပြီး တွံတေး-လှိုင်သာယာ-ထန်းတပင် (အနောက်ပိုင်းတက္ကသိုလ်)ခရီးစဉ် အစ၊ အဆုံး ကျပ် ၈ဝဝ ခရီးတစ်ဝက်ကို ကျပ် ၄ဝဝ ဖြင့် လည်းကောင်း၊ YBS(23) စမ်းသပ်ပြေးဆွဲမည်ဖြစ်သည်။

ဒေသခံတစ်ဦးက  ''တွံတေးလိုင်းကိုYBSယာဉ်လိုင်းပြေးဆွဲ သင့်တာကြာပါပြီ။ လက်လုပ်လက်စားတွေ နေ့စဉ်ရန်ကုန်ရုံးတက်တဲ့သူတွေ အတွက် အဆင်ပြေသွားတာပေါ့။ ရေရှည်ပြေးဆွဲရင် ပြည်သူတွေ ဝမ်းသာ မှာပါ'' ဟု ပြောသည်။                             

မျိုးလှိုင်(တွံတေး)

No comments:

Post a Comment