ဝါဆိုလပြည့်နေ့တွင် မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးနှင့် တန်ခိုးကြီးဘုရားပုထိုးစေတီများ၌ ဘုရားဖူးများ အထူးစည်ကား
မန္တလေး ဇူလိုင် ၂၇
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ ဓမ္မစကြာအခါတော်နေ့ ဖြစ်သည့်အားလျော်စွာ မန္တလေးမြို့၏ အထင်ကရ မဟာ မုနိဘုရားကြီးနှင့် မန္တလေးမြို့ အနီးဝန်းကျင်ရှိ တန်ခိုးကြီး ဘုရားပုထိုးစေတီများ၌ ရဟန်းရှင်လူပြည်သူအပေါင်းတို့ သည် နံနက်အရုဏ်တက်ချိန်မှစ၍ ဓမ္မစကြာအခါတော် နေ့ပူဇော်ပွဲ၊ ဝါဆိုဝါကပ်ပွဲ၊ ဝါဆိုပန်း ကပ်လှူပူဇော်ပွဲများ၊ ရှင်ပြုအလှူပွဲတော်မင်္ဂလာစသည့် ကုသိုလ်ကောင်းမှုတို့ကို အေးချမ်းပျော်ရွှင် အထူးစည်ကားစွာ ဆင်ယင်ကျင်းပလျက် ရှိသည်ကို တွေ့ရှိရသည်။
နံနက် ၄ နာရီတွင် မန္တလေးမြို့ မဟာမုနိဘုရားကြီး အား ရေတော်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ အမှူးပြု၍ မျက်နှာသစ်တော်ဝတ်အဖွဲ့က မျက်နှာသစ်တော်မူကြပြီး ရွှေသင်္ကန်း၊ ဆွမ်း၊ ရေချမ်းကပ်လှူပူဇော်ကြသည်။ အလားတူ ရဟန်းရှင်လူပြည်သူများကလည်း မဟာမုနိ ဘုရားကြီးအား ရွှေသင်္ကန်း၊ ရွှေကြာသင်္ကန်း ကပ်လှူခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူခြင်း၊ ဆီမီးပူဇော်ခြင်း၊ ခုနစ်နေ့နံဘုရားများတွင် ရေသပ္ပာယ်ခြင်း၊ ငါးများ လွှတ်ခြင်း၊ တရားဘာဝနာ အားထုတ်ခြင်းတို့ဖြင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလှ သည်။၊
ထို့အပြင် အရှေ့ပြင် မဟာလောကရန်နှိမ်အောင် တော်မူမြတ်စွာဘုရား၊ မန္တလေးတောင် ကျောက်တော်ကြီး ဘုရား၊ ကုသိုလ်တော်စန္ဒာမုနိဘုရား၊ အတုမရှိ ရွှေကျောင်း တော်ကြီး၊ စွယ်တော်မြတ်စေတီတော်၊ ဘုရားနီဘုရား၊ ရွှေကျီးမြင်ဘုရား၊ ဆုတောင်းပြည့် ဆုတောင်းရဘုရားနှင့် တဝဂူမြတ်စွာဘုရား ဓမ္မာရုံတို့တွင် ဥပုသ်သီတင်းသီလ စောင့်ထိန်းကြသူများသည် ဆရာတော်၊ သံဃာတော်များထံ မှ သီလခံယူဆောက်တည်ကြကာ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းလျက် တရားတော်များ နာယူလျက်ရှိကြ သည်။ ဘုရားပုထိုးစေတီ ဓမ္မာရုံတို့၌လည်း ဘုရားဖူးလာ ပြည်သူများ အထူးစည်ကားလျက်ရှိရာ စေတနာရှင် အလှူ ရှင်များကလည်း စတုဒိသာ ကြာဆန်ဟင်း၊ ထမင်းဟင်း၊ အအေး စသည်တို့ဖြင့် လှူဒါန်းကုသိုလ်ယူလျက်ရှိသည်။
ယနေ့ နံနက် ၆ နာရီတွင် မန္တလေးမြို့ ၃၁x၃၂ လမ်းကြား၊ လမ်း ၈ဝ ၌ မန္တလေးမြို့ ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းဂေါပကအဖွဲ့က ကြီးမှူး၍ ဝါတွင်းဥပုသ်နေ့ သံဃာတော်များအား ဆွမ်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူ ကြရာ မစိုးရိမ်ကျောင်းတိုက်မှ သံဃာတော်အပါး ၂၅ဝ တို့အား လှူဖွယ်ဝထ္ထုပစ္စည်းများ လောင်းလှူကြသည်။ မဟာ မုနိဘုရားကြီးသို့ သွားရာလမ်းများတွင်လည်း အလှူရှင်များ က ဆွမ်းအလှူခြံ<ွကရောက်တော်မူကြသည့် သံဃာတော် များအား ဆွမ်းနှင့် ဆွမ်းဟင်းတို့ လောင်းလှူကုသိုလ်ပြု လျက်ရှိသည်။
ထို့ပြင် မန္တလေးမြို့အနောက် ခင်မကန်တိုက် မြကုန်း ကျောင်း ဂိလာနပါလ ဆန်ပြုတ်နှင့် ရေသန့်အလှူအသင်းမှ ဦးဆောင်၍ စေတနာရှင် အလှူရှင်မိသားစုတို့က မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ အမျိုးသမီးဆေးရုံ၊ ကလေးဆေးရုံ၊ ၆၂ လမ်းရှိ ခုတင် ၃ဝဝ ဆံ့ဆေးရုံ၊ အရိုး ဆေးရုံတို့ရှိ ဆေးကုသဆောင်အသီးသီး၌ ဆေးကုသမှု ခံယူလျက်ရှိသော လူနာများနှင့် လူနာစောင့်များကို ထမင်း ဟင်းများ၊ အာဟာရမုန့်များ၊ ဆန်ပြုတ်များနှင့် ရေသန့် ဘူးများကို ကုသိုလ်ပြုလှူဒါန်းကြသည်။ အသင်းအဖွဲ့များ၊ စေတနာရှင်များကလည်း စေတီဘုရားကျောင်းဓမ္မာရုံတို့၌ ဘုရားဖူးလာပြည်သူများအား အစားအသောက်နှင့် အအေး များ တိုက်ကျွေးကုသိုလ်ပြုကြသည်။
ရုံးပိတ်ရက်သုံးရက်ဖြစ်၍ မိသားစုလိုက် မန္တလေးမြို့ တွင်း ဘုရားများဖူးကြပြီး ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဘုရား၊ နှီးဘုရား၊ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်၊ ပြင်ဦးလွင်မြို့နယ် ဝါးနက်ချောင်းဆင်စခန်း၊ ၇ မိုင်၊ ၆ မိုင်နှင့် ၃ မိုင် အပန်းဖြေစခန်း၊ ဦးပိန်တံတား၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ်တို့အား သွားရောက်အနားယူ လည်ပတ်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
တင်မောင်(မန်းကိုယ်ပွား)
Saturday, July 28, 2018
ဝါဆိုလပြည့်နေ့တွင် မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးနှင့် တန်ခိုးကြီးဘုရားပုထိုးစေတီများ၌ ဘုရားဖူးများ အထူးစည်ကား
ဝါဆိုလပြည့်နေ့တွင် မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးနှင့် တန်ခိုးကြီးဘုရားပုထိုးစေတီများ၌ ဘုရားဖူးများ အထူးစည်ကား
Reviewed by Ar Ti
on
7:16 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment