Latest News

Friday, July 27, 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ က .ည .န ရုံးများ၌ ယာဉ်မှန် မမှန်စစ်ဆေးပေးခြင်းကို Online စနစ်ဖြင့် ကြိုတင်ရက်ချိန်းယူနိုင်ရန်စီစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ က .ည .န ရုံးများ၌ ယာဉ်မှန် မမှန်စစ်ဆေးပေးခြင်းကို Online စနစ်ဖြင့် ကြိုတင်ရက်ချိန်းယူနိုင်ရန်စီစဉ်

ရန်ကုန် ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ က.ည.န ရုံးများ၌ ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို Online စနစ်ဖြင့် ကြိုတင်ရက်ချိန်းယူနိုင်ရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
(က.ည.န) မှ သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ က.ည.န ရုံးများ၌ ယာဉ် မှန်၊မမှန်စစ်ဆေးသည့် ယာဉ်အစီးရေများပြားနေပြီး ယာဉ်စစ်အင်ဂျင်နီယာဝန်ထမ်းအင်အားမလုံလောက်သဖြင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ထောက်ကြန့် က.ည.န (ရုံးချုပ်) မှလွဲ၍ ကျန်ငါးရုံးစလုံး၌ လစဉ် ၁ ရက်မှ ၂၅ ရက်အထိ သက်တမ်းတိုးယာဉ်များစစ်ဆေးပြီးပါက ယာဉ်မှန်၊ မမှန် စစ်ဆေးပေးနေပြီး နေ့စဉ် ညနေ၆ နာရီကျာ်အထိ စစ်ဆေးပေးနေကြောင်းသိရသည်။

"တစ်ရက်ကို အစီးရေ ဘယ်လောက်ပဲစစ်ပေးမယ်လို့ သတ်မှတ်မထားပါဘူး။လစဉ် ၁ ရက်ကနေ ၂၅ ရက်အထိ သက်တမ်းတိုးတဲ့ယာဉ်တွေပြီးတာနဲ့ ယာဉ် မှန်၊မမှန်စစ်တဲ့လုပ်ငန်းကို လုပ်ပေးနေပါတယ်။

ဝန်ထမ်းတွေက ညနေ ၆ နာရီကျော်တဲ့အထိ စစ်ပေးနေကြပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

က.ည.န မှ ၂၀၁၅ မော်တော်ယာဉ်ဥပဒေအတိုင်း အလုံးချိန်း ဖောက်စွပ်ယာဉ်များကို သိမ်းဆည်းမှုများပြုလုပ်နေသဖြင့်ယာဉ်အရောင်းအ၀ယ်ပြုလုပ်ကြရာတွင်သေချာစေရန် သက်ဆိုင်ရာ က.ည.နရုံးများ၌ ယာဉ် မှန်၊ မမှန် စစ်ဆေးနေကြခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ စစ်ဆေးသည့်ယာဉ်အစီးရေများပြားနေသည့်အတွက် Onlineစနစ်အသုံးပြုကာ ယာဉ်စစ်ဆေးခွင့်ရမည့်ရက်ကို ကြိုတင်စာရင်းသွင်းနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment