Latest News

Sunday, July 29, 2018

Ko Yarzar – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း (၁၄) ကိုရာဇာ


ဦးဝင်းတင်နဲ့ CSO,NGO တရား
ကိုရာဇာ
“ငါ့ကောင် … မင်းကစွာလှချေလား…. လူတကာနဲ့ လိုက်ရန်ဖြစ်နေရသလား”
ဒီစကားကိုတော့ အဘအိမ်အသွား ရောက်ရောက်ချင်း ဆောက်နဲ့အထွင်းခံလိုက်တာဖြစ်ပါတယ်။ ကျနော်က နဂိုစွာဗျာဆိုတော့ကာ အဘ က ဆိုဆုံးမတာလေး ပဲ့ပြင်လမ်းပြချင်တာလေးရှိမယ်အထင်နဲ့ ကျနော်လည်း ခတ်မဆိတ် တိတ်တိတ်နေလိုက်ရတာပေါ့ဗျာ။ ကျနော်ရန်   ဖြစ်တယ်ဆိုတာက နိုင်ငံရေးအယူအဆမတူတာတွေလည်းပါတယ်။ နောက်တစ်မျိုးတစားက အချောင်သမားလို့ထင်ရင်လည်း ကျနော်က ကစ်ချင်တယ်။ အခွင့်အရေးချည်း သီးသန့်ယူနေသူတွေကို ဆူပူချင်တယ်။ ဒီတော့ ကျနော့်ကြည့်လိုက်ရင် ရန်ပွားပြီး ရန်စကားပြောသလို ချည်းဖြစ်နေတာပေါ့။ နောက်တစ်ခုက အန်ဂျီအိုတွေနဲ့ရန်ဖြစ်တာလည်း အဘကမကြိုက်ဘူးဗျ။ အန်ဂျီအိုကို နဂိုအလိုဆို ကျနော်မုန်းတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့ခံရတာတွေလည်း ရှိတယ်။ ဘယ်ဗျာ အကူညီပေးရေးတရားနဲ့လာလုပ်ကိုင်ပါဆို အန်အယ်လ်ဒီနဲ့ဆို မပတ် သက်ချင်ဘူးချည်းပြောနေတာလည်း ပါသပေါ့ဗျာ။
ကျနော့်မလည်း အလကားမစ္ဆရိယတရား နေ့တိုင်းပွားနေသလို ဖြစ်နေတာကိုလည်း အဘစိတ်မသက်သာဘူးထင်ပါ့။ စိတ်လျှော့ပါကွာ   တဲ့။ မဟုတ်ဘူးအဘရယ်။ လူတွေကို အကူညီပေးတာလား … သူတို့က အကူအညီရနေတာလားဆိုတာတောင် မကွဲတော့ဘူး။ အဲ့ဒါကြောင့် ကျနော်ပေါက်ကွဲနေတာပါ။ ဆိုတော့ အဘက ကျနော့်ကို ဘာတွေ စိတ်တိုစိတ်တိုင်းမကျဖြစ်နေလဲ မေးတယ်။ အပေါ်ကပြောသလိုပေါ့ အဘ။ အကူညီလိုအပ်နေတာက ပြည်သူလား … ဒီရွှတ်ရှတ် ဒွတ်ဒတ်ပြောနိုင်တဲ့ အင်္ဂလိပ်စကားပြောတတ်သူလူတစ်စုလားဆိုတာ ကျ နော်သိချင်နေတာပါ။ ရုံးခန်းကြီးတွေဟီးဟီးထအောင်ငှား အဲယားကွန်းနဲ့အငြိမ့်သားဆိုတော့ ပိုက်ဆံအလကားနေ အလကားကုန်တယ်။ ပြည်သူလက်ထဲရောက်သင့်တယ် ဒီငွေတွေကဆိုတော့ အဘကရယ်တယ်။ ဒါက သူ့အကြောင်းနဲ့သူပေါ့ကွာ။ မင်းမလည်း အလကားနေ ငရဲကြီးခံနေတယ်ပြောတယ်။
“ငါငယ်ငယ်က ဒီလိုဟာတွေ လုပ်ဖူးတယ်ကွ။ မန္တလေးဘိုးဘွားရိပ်သာ ငါလုပ်လာတာကွ။ အဲ့ဒီတုန်းကတော့ ဒီလိုပရောဂျက်တွေ ပရိုပို ဆယ်တွေဆိုတာ မပေါ်သေးတော့ ကိုယ့်အားကိုယ်ကိုးပဲ လုပ်ရတယ်။ ဗမာတွေထဲမှာလည်း တော်တော်ကြီးကို ချမ်းသာတဲ့ လူသိမခံသူ တွေရှိတယ်ကွ။ တစ်ခါသားဆို ငွေထုတ်ကြီးတစ်ထုတ် လာချသွားတယ် ရိပ်သာအ၀မှာ။ လှူတာပေါ့ကွာ။ အဲ့ဒီခေတ်က သိန်းတစ်ရာလောက် နော်။ လှူတာ ဘယ်လောက်များလည်းဆိုတော့ နောက်တစ်ခုက လူတွေကို များများဖိတ်ခေါ်တယ်ကွာ။ ဥပမာ သတင်းစာဆရာဆိုပါတော့သူကိုယ်တိုင်တော့ မလှူနိုင်ဘူး။ သို့သော်ငြားလည်း အခြားလူတွေ လှူချင်တန်းချင်တယ်ဆိုရင် သူက အဆက်သွယ်လုပ်ပေးလိမ့်မယ်ပေါ။ မဟုတ်ဘူးလား။ လုပ်သာ လုပ်ပါကွာ။ ရန်မဖြစ်ပါနဲ့”
ကျနော့်မှာ ငပေါကြီးကိုဖြစ်လို့ အဘရယ်။ တကယ်တမ်း အလှူ့ရှင်တွေက ဒုက္ခရောက်နေတဲ့လူတွေကိုရစေချင်တာနေမှာပေါ့။ ခုဟာက ကြားမှာတင် အတော်ကုန်နေတယ်အဘ။ နောက်တစ်ခုက လူငယ်တွေ အမှတ်မှားမှာလည်း စိုးရသေးတယ်။ ကျနော်နားလည်တာက ဒီလို သူများကိုကူတယ်ညီတယ်ဆိုတာက အိတ်ထဲကစိုက်ထုတ်သင့်လည်း ထုတ်ရမှာပေါ့ဆိုတော့ ….
“မင်းဆိုတဲ့ကောင် အတော်လေး ဘူးလုံးနားမထွင်းကောင်ပဲ။ သူ့ဟာသူ ကြည်ဖြူနေတာကို ဘာကိစ္စ သွားရန်လုပ်နေမလဲ။ ငါငယ်ငယ် ကတည်းက ရန်မဖြစ်ဘူး။ မငြင်းဘူး။ ငါလူမှုရေးတွေလုပ်တယ်။ သတင်းစာလုပ်တယ်။ ဘယ်သူနဲ့မှ ငါရန်မဖြစ်ဘူး။ ငါ့ကိုကြိုက်ခြင်း မ ကြိုက်ခြင်းတော့ရှိတာပေါ့ကွာ။ ဒါကလည်း အရေးမကြီးပါဘူး။ မင်းတို့ကပြောရင်တော့ အမေ အမေ တမေထဲမေနေပြီး ဒေါ်စုလမ်းစဉ်ကျ တော့မလိုက်ချင်ဘူး။ ဒေါ်စုကိုကြည့် သူသဘောတူခြင်း မတူခြင်းကိုပြောတယ်။ ထောက်ခံခြင်း ကန့်ကွက်ခြင်းတွေကို ပြောတယ်။ ပြောပြီးသူ့အလုပ်သူဆက်လုပ်သွားတာပဲ။ ဒါတွေကို နမူနာမယူဘူး။ မင်းဆိုတဲ့ကောင် အတော်လေးကို အပြောခက်တဲ့ကောင်ပဲကွာတဲ့ …”
ဒါနဲ့ကျနော်လည်း နည်းနည်းတော့ ကုပ်ချောင်းချောင်းဖြစ်သွားတယ်။ နည်းနည်းလေးတိုးပြီးတော့ အဘရယ် ဟိုလိုအန်ဂျီအိုကြီးတွေထား ပါတော့။ ကျနော်တို့လို ဟိုမရောက် ဒီမရောက်ကောင်တွေကိုလည်း ဆုံးမပါအုံးဆိုတော့ …
“ငါတော့ ဒီလိုထင်တယ်ကွာ။ မင်းတို့က လူတွေကူညီတယ်မဟုတ်လား။ မင်းတို့လစာမရဘူး။ ၀င်ငွေမရှိဘူး။ အဲ့ဒီိတော့ကွာ ဒီလုပ်ငန်းစဉ် တွေလုပ်မယ်ဆိုပါတော့ အရေးကြီးတွေ့စရာရှိတယ်။ ကားငှားစီးမယ်စီးပေါ့။ ဒီလုပ်ငန်းတွေလုပ်ရင်း ထမင်းစားဖို့ကြုံမယ။်စားပေါ့ စားတာ မှ ကောင်းကောင်းကြီးစားကွာ။ ဘာဖြစ်သေးလဲ။ အေးငါပြောချင်တာကတော့ ဒီလိုလူ လှူထားတဲ့ငွေတွေနဲ့ အရက်တွေမသောက်နဲ့ပေါ့ ကွာ။ မဟုတ်တာတွေတော့ မလုပ်နဲ့ပေါ့ကွာ။ ဒီလောက်ဆိုရပါပြီ။ ဘာမှအရေးမကြီးတာတွေကို မင်းမို့လို့ ရင်ထဲအပြည့်ထည့်ထားတယ်လို့အဲ့ဒါကြောင့် မင်းပေါတောတောဖြစ်နေတာ”
နည်းနည်းအလင်းပေါက်သွားတယ်။ အေးလေလောကကြီး သူ့သဘော သူဆောင် သူ့ကလော သူယောင်ဆိုသလို ငါကလည်း ကလောသားဆိုတော့ လောကကြီးကိုဇောက်ထိုးထားကြည့်မိသလား ပြန်သုံးသပ်မိတယ်ခုတော့ ဘာမှမပြောတော့ပါဘူး။ အဘလည်း ၀မ်းသာတာပေါ့။

No comments:

Post a Comment