မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲခူးရွှေလှေကြားနှင့် တာဝဘုရား သုံးဆူကြား ရထားလမ်း ရေကျော်သည့်အတွက် ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲမှုများ ယာယီရပ်နားထားမည် ဖြစ်ကြောင်း
မြန်မာ့မီးရထား လုပ်ငန်းတိုင်း (၇) ပို့ဆောင်ရေး မန်နေဂျာ ဦးဇော်လွင်ထံမှ သိရသည်။
မိုးအဆက်မပြတ် ရွာသွန်းသည့်အတွက် ပဲခူးနှင့် ရွှေလှေကြားရှိ မိုင်တိုင်အမှတ် ၄၈/၈-၁၃ ကြား၊ မိုင်တိုင်အမှတ် ၅ဝ/၃-၁ဝ ကြား၊ မိုင်တိုင်အမှတ် ၄၆/၁၇-၁၈ အစုန်လမ်းနှင့် အဆန်လမ်း တို့၌ သံလမ်းအထက် ၁၁ လက်မအထိ ရေကျော်ခြင်းနှင့် ဘုရားသုံးဆူနှင့် တာဝကြား၊ မိုင်တိုင် ၄၁/၂-၁၅ ကြား၊ မိုင်တိုင် ၄၁/၂ဝ-၄၂ ကြား၊ မိုင်တိုင် ၄ဝ/၅-၈ ကြားတို့တွင် သံလမ်းအထက် ၁၄ လက်မအထိ ရေကျော်နေသဖြင့် ယမန်နေ့မှစ၍ အစုန်အဆန် ရထားလမ်းများကို ယာယီပိတ်ခဲ့သည်။
အဆိုပါ ရထားလမ်း ရေကျော်ခြင်းကြောင့် ရန်ကုန်မှ ထွက်ခွာမည့် ရထားများ ဖြစ်သည့် အမှတ်(၉)အဆန် (ရန်ကုန်-သာစည်)၊ အမှတ် (၅)အဆန်၊ အမှတ်(၃)အဆန် (ရန်ကုန်မန္တလေး)၊ အမှတ်(၇)အဆန် (ရန်ကုန်နေပြည်တော်) နှင့် ဇူလိုင် ၂၈ ရက် ထွက်ခွာ သည့် အမှတ်(၁)အဆန်၊ အမှတ်(၁၁)အဆန်၊ အမှတ်(၃၁)အဆန်၊ အမှတ်(၉)အဆန်၊ မန္တလေး၊ သာစည်နှင့် နေပြည်တော်ဘူတာ တို့မှ အမှတ်(၆)အစုန်၊ အမှတ်(၄)အစုန်၊ အမှတ်(၁ဝ)အစုန်၊ အမှတ်(၈)အစုန်၊ အမှတ်(၁၂)အစုန်၊ အမှတ်(၂)အစုန်၊ အမှတ်(၃၂) အစုန်ရထားတို့ကို ယာယီရပ်နား ထားကြောင်း သိရသည်။
ထို့အတူ မိုးသည်းထန်စွာ ရွာသွန်းသည့် အတွက် ရန်ကုန်-မော်လမြိုင် ရထားလမ်း နှင်းပုလဲ-ဒုံးဝန်းကြား မိုင်တိုင်အမှတ် ၁၁၈/၂ဝ မှ ၁၁၉/၁၆ အထိ ရထားသံလမ်းပေါ် ရေကျော်ခဲ့ပြီး အလျားပေ ၁ဝဝ၊ အနက် ၃ ပေခန့် ရေတိုက် စားသွားသည့်အတွက် ယမန်နေ့မှစ၍ နှင်းပုလဲ-ဒုံးဝန်း ရထားလမ်းပိုင်း ပိတ်ဆို့ခဲ့သဖြင့် ရန်ကုန်မှ ထွက်ခွာမည့် အမှတ်(၃၅)အဆန်၊ အမှတ်(၈၉)အဆန် ရထားများနှင့် မော်လမြိုင်မှ ထွက်ခွာမည့် အမှတ်(၃၆)အစုန်၊ အမှတ်(၉ဝ) အစုန်ရထားများ၊ ထားဝယ်အထိ ပြေးဆွဲသည့် အမှတ်(၁၇၅)အဆန်၊ အမှတ်(၁၇၆) အစုန်ရထားများကို ယာယီ ရပ်နားထားကြောင်း သိရသည်။
ထိုသို့ ရထားများ ယာယီ ရပ်နားသည့်အတွက် မြန်မာ့မီးရထား လုပ်ငန်းမှ တာဝန်ရှိ သူများက ရေကျသည်နှင့် ရထားလမ်းအမြန် ပြန်ဖွင့်နိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
MWD
No comments:
Post a Comment