Latest News

Tuesday, July 10, 2018

ဂျပန်နိုင်ငံ၌ မြေပြိုမှုကြောင့် လူ ၁ဝဝ ကျော်သေဆုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်နေ

ဂျပန်နိုင်ငံ၌ မြေပြိုမှုကြောင့် လူ ၁ဝဝ ကျော်သေဆုံးပြီး
ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်နေ




တိုကျို  ဇူလိုင်  ၉

ဂျပန်နိုင်ငံအနောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီး မြေပြိုမှုတို့ကြောင့်  လူပေါင်း ၁၁၂ ဦးသေဆုံးခဲ့ပြီး ကယ်ဆယ်ရေးသမားများမှာ အခက်အခဲများကြားမှ လုပ်ငန်းများ လုပ်ဆောင်နေရသည်။
သေဆုံးသူအရေအတွက်  များပြားလာသည့်အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး၏   လေးနိုင်ငံခရီးစဉ်ကို   ဖျက်သိမ်းခဲ့ရသည်ဟု  ဂျပန်မီဒီယာများတွင် ဖော်ပြထားသည်။  ၄င်းသည်   ယခုသီတင်းပတ်နှောင်းပိုင်းတွင်   ရေကြီးမြေပြိုမှုများ ဖြစ်ပွားနေသောနေရာသို့   သွားရောက်မည် ဖြစ်သည်။   ရွှံ့နွံများကြား ရောက်နေသော အိမ်အပျက်များတွင် သေဆုံးသူများကို  တွေ့ရသည်။
ယခုအခါ တကွဲတပြားစီဖြစ်နေသော မိသားစုများက ကယ်ဆယ်ရေးသမားများထံမှ သတင်းကို ရင်တထိတ်ထိတ်ဖြင့် စောင့်မျှော်နေရသည်။ အသက် ၃၈ နှစ်အရွယ်  ကိုဆူကီကီရိုဟာရာက ၄င်း၏ အစ်မနှင့် တူနှစ်ယောက်၏သတင်းကို စောင့်မျှော်နေ ခြင်းဖြစ်ကြောင်း၊ အဆိုးဆုံးကိုလည်း ကြိုတွေးထားကြောင်း ပြောသည်။ အသက်ရှင် ကျန်ရစ်သူများလည်း ရှိနိုင်ကြောင်း ကယ်ဆယ်ရေးသမားများက မျှော်လင့်ထားကြ သည်။ ယနေ့မှာ သုံးရက်မြောက်နေ့ရှိပြီဖြစ်ကြောင်း၊ အသက်ရှင်ကျန်ရစ်သူများကို ရှာတွေ့ရန်လည်း ဖြစ်နိုင်သေးကြောင်း ယင်းနေရာတွင်ရောက်ရှိနေသော ကယ်ဆယ် ရေးသမားတစ်ဦးက ပြောသည်။ ယခုလက်ရှိအချိန်အထိ ၇၇ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ အထိခိုက်ဆုံးနေရာဖြစ်သည့် ဟီရိုရှီးမားစီရင်စုတွင် ၄၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ဆဲဖြစ်၍ သေဆုံးသူဦးရေ လည်း ယခုထက်ပိုများလာနိုင်ကြောင်း အာဏာပိုင်များက ပြောသည်။
ရဲတပ်ဖွဲ့ဝင်များ၊   မီးသတ်သမားများပါဝင်သော  လူပေါင်း  ၇၃ဝဝဝ  တို့သည် ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါဝင်ကြောင်း၊ ရဟတ်ယာဉ်ပေါင်း ၇ဝဝ ခန့်ကိုလည်း ကယ်ဆယ်ရေးတွင် အသုံးပြုရန်တပ်ဖြန့်ချထားကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ  ယိုရှီဟိုက် ဆူဂါက ပြောသည်။                                                           

မြန်မာ့အလင်း

No comments:

Post a Comment