Latest News

Tuesday, July 10, 2018

ဂူအတွင်းကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာမှ ကလေးငယ်ရှစ်ဦးအထိ ကယ်ထုတ်နိုင်ပြီ

ဂူအတွင်းကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာမှ ကလေးငယ်ရှစ်ဦးအထိ ကယ်ထုတ်နိုင်ပြီ


ချင်းရိုင် ဇူလိုင် ၉

ထိုင်းနိုင်ငံမြောက်ပိုင်း ရှုပ်ထွေးလှသည့် ဂူအတွင်းကယ်ဆယ်မှုများကို   ဒုတိယ မြောက်နေ့အဖြစ် ဇူလိုင် ၉ ရက်နံနက် ပိုင်းက   ပြန်လည်စတင်ခဲ့ပြီးနောက် နောက်ထပ် လေးဦးကို ထပ်မံကယ်တင် နိုင်ခဲ့ကြောင်း  နောက်ဆုံးရသတင်းများ အရ သိရသည်။

လိုဏ်ဂူအတွင်း   နောက်ထပ်ကယ် ဆယ်ရန် လူငါးဦးကျန်ရှိနေသေးကြောင်း သိရပြီး ၄င်းတို့မှာ ကျောင်းသားလူငယ် ဘောလုံးသမားလေးဦးနှင့်   အသက် ၂၅နှစ်ရှိ လက်ထောက်ဘောလုံးနည်းပြ Ekapol Chantawongတို့ ဖြစ်သည်။
ရှုပ်ထွေးလှသည့်      ဂူအတွင်း ကယ်ဆယ်မှုများကို  ထိုင်းရေတပ်မှ ဦးဆောင်လျက်ရှိပြီး    နောက်ဆုံး အချိန်အထိ    ကျောင်းသားလူငယ် ဘောလုံးသမား ရှစ်ဦးအထိ ကယ်ထုတ် နိုင်ခဲ့သည်။ ပထမအခေါက် ကယ်ဆယ် ခဲ့သူ   လေးဦးမှာလည်း  အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း၊ ကယ်ဆယ် ရရှိခဲ့သော  ကလေးများကို  ချင်းရိုင် ဆေးရုံကြီးသို့    ပို့ဆောင်ခဲ့ကြောင်း၊ ပထမအခေါက်    ကယ်ဆယ်မှုပြုပြီး နောက်    လိုအပ်သော    အောက်ဆီ ဂျင်ဘူးများကို    ထပ်မံဖြည့်တင်းခဲ့ရ ကြောင်း သိရသည်။
ပထမနေ့ကယ်ဆယ်မှုတွင် ပါဝင် သည့် လူပမာဏထက်ပိုမိုများပြားသည့် ကယ်ဆယ်ရေး    အဖွဲ့ဝင်များသည် ဒုတိယနေ့   ကယ်ဆယ်ရေးကို   ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင်စတင်ခဲ့ပြီး ည ၉ နာရီတွင် ယာယီရပ်နားခဲ့ကာ ဇူလိုင် ၁ဝ ရက်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ပြန်လည်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် Narongsak Osotta-nakornက ပြောသည်။
ကလေးအချို့မှာ ဂူအတွင်း ကျန်ရှိ နေသေးသည့်အတွက် ၄င်းတို့၏ မိဘ များကို  စာနာသောအားဖြင့်  ကယ်ထုတ် ပြီးသော  ကလေးများ၏  အမည်ကို ဖော်ပြထားခြင်းမရှိကြောင်း ကယ်ဆယ် ရေးအဖွဲ့ ခေါင်းဆောင်က ပြောသည်။ ဂူအတွင်းရှိ ကလေးများကို ကယ်ထုတ် ရန် ကြိုးစားရင်း ဇူလိုင် ၆ ရက်က ထိုင်း ရေတပ်အဖွဲ့ဝင် ဟောင်းတစ်ဦး ဂူအတွင်း လမ်းခုလတ်တစ်နေရာတွင် အောက်ဆီ ဂျင်ပြတ်ပြီး  သေဆုံးခဲ့ရသည်။       

မြန်မာ့အလင်း

No comments:

Post a Comment