Latest News

Sunday, July 15, 2018

ကစားပုံ ဆိုးရွားပါစေ ပြင်သစ်ကမ္ဘာ့ဖလား ရရန်သာ အရေးကြီးသည်ဟု တိုက်စစ်မှူး ဂရစ်ဇ်မန်းဖွင့်ဟ

ကစားပုံ ဆိုးရွားပါစေ ပြင်သစ်ကမ္ဘာ့ဖလား ရရန်သာ အရေးကြီးသည်ဟု တိုက်စစ်မှူး ဂရစ်ဇ်မန်းဖွင့်ဟ

မော်စကို ဇူလိုင် ၁၄

ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အိမ်ရှင်လုပ်ခွင့် ရခဲ့သော ပြင်သစ်အသင်းသည် ဗိုလ်လုပွဲ တက်လှမ်းခဲ့ပြီးမှ ပေါ်တူဂီကို ရှုံးရကာ ထိုပွဲစဉ်က ခြောက်ဂိုးသွင်းပြီး ဂိုးသွင်းဘုရင်ဖြစ်ခဲ့သော ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ၂၀၁၈ ကမ္ဘာ့ဖလားပွဲတွင် မိမိဂိုးမသွင်းနိုင်လျှင်ဖြစ်စေ၊ အသင်းကစားပုံ စွဲမက်ဖွယ် မရှိလျှင်ဖြစ်စေ အရေးမကြီးဘဲ ချန်ပီယံဖြစ်ရန်သာ အဓိက အရေးပါသည်ဟု ပြောသွားသည်။

ဇူလိုင် ၁၅ ရက်ညတွင် ခရိုအေးရှားနှင့် ဗိုလ်လုပွဲ ကစားရမည် ဖြစ်သောကြောင့် ယနေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဂရစ်ဇ်မန်းက ဘယ်လ်ဂျီယံကို အနိုင်ရခဲ့သော ပွဲစဉ်က ထောင့်ကန်ဘောမှ အမ်မတ်တီသွင်းယူသည့် တစ်ဂိုးကိုထိန်းကာ ခံစစ်အားပြု ကစားခဲ့ခြင်းအတွက် ဝေဖန်မှုများအပေါ် တုံ့ပြန်ဖြေကြား သွားသည်။ ဂရစ်ဇ်မန်းက ကျွန်တော်တို့ ပြင်သစ်ဂျာစီမှာ ကြယ်တစ်လုံး တိုးဖို့ဆိုရင် အသင်းကစားပုံ မကောင်းလည်း ဂရုမစိုက်ဘူး။

ယူရို ၂၀၁၆ ပြိုင်ပွဲဗိုလ်လုပွဲမှာ ကျွန်တော် ဂိုးသွင်းဘုရင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဗိုလ်လုပွဲမှာ ပေါ်တူဂီကို ရှုံးခဲ့ရတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ပြန်ပြောမိတယ်။ မင်းဂိုးသိပ်မသွင်းဘဲ အသင်းဗိုလ်စွဲဖို့ပဲ အရေးကြီးတယ်လို့။ ဂိုးသွင်းနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ အသင်းနိုင်ဖို့က အရေးအကြီးဆုံးပဲ ဟုပြောသည်။ ဂရစ်ဇ်မန်းသည် ယခုကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပယ်နယ်တီမှ နှစ်ဂိုးသာ သွင်းထားပြီး နှစ်ဂိုးဖန်တီး ပေးထားနိုင်သည်။


MWD

No comments:

Post a Comment