Latest News

Sunday, July 8, 2018

ဂျပန်နိုင်ငံ၌ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက် ၄၉ ဦးအထိ မြင့်တက်

ဂျပန်နိုင်ငံ၌ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့်
သေဆုံးသူအရေအတွက် ၄၉ ဦးအထိ မြင့်တက်


ကျိုတို  ဇူလိုင်  ၇

ဂျပန်နိုင်ငံအနောက်ပိုင်းတွင်   မိုး အဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံခြင်းနှင့်   မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ   လူသေဆုံးမှုမြင့်တက်ခဲ့ ကြောင်း   ယနေ့သတင်းများအရ သိရသည်။

ဇူလိုင် ၇ ရက် နံနက် ၉ နာရီအထိ လူသေဆုံးမှုအရေအတွက်မှာ ၄၉ ဦး အထိ မြင့်တက်ခဲ့ပြီး ၄၈ ဦးပျောက်ဆုံး လျက်ရှိကြောင်း   သတင်းများအရ သိရသည်။

ဟီရိုရှီးမားစီရင်စုတွင် လူသေဆုံးမှု ၂၃ ဦးအထိရှိခဲ့ပြီး ၂၁ ဦး ပျောက်ဆုံး လျက်ရှိသည်။ ဟီမီစီရင်စုတွင် ၁၈ ဦး သေဆုံးခဲ့ပြီး ခုနစ်ဦးပျောက်ဆုံးလျက်ရှိ သည်။ အိုကာယာမာ၊ ဟွိုင်ဂို၊ ကျိုတို၊ ရှိဂါနှင့်  ဖူကူအိုကာစီရင်စုများတွင် သေဆုံးမှု  တစ်ဦးစီသာရှိခဲ့ကြောင်း သိရသည်။

 ဟီရိုရှီးမားစီရင်စုတွင် သတိလစ် နေသူ သုံးဦးတွေ့ရှိခဲ့ပြီး အိုကာယာမာ စီရင်စုတွင် နှစ်ဦးတွေ့ရှိခဲ့ရကြောင်း သိရသည်။

ရေကြီးရေလျှံမှုနှင့် မြေပြိုမှုစသည့် မိုးအဆက်မပြတ်    ရွာသွန်းမှု၏ နောက်ဆက်တွဲ ဘေးအန္တရာယ်များ ဆိုးရွားစွာဖြစ်ပွားမှုကြောင့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက  ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်နိုင်ရန် ဒေသန္တရအာဏာ ပိုင်များနှင့်     အစိုးရအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ရန် အမိန့်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ဇူလိုင် ၇ ရက်တွင်   ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက   သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်   တွေ့ဆုံကာ      ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများ နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ယခုရင်ဆိုင်   ကြုံတွေ့နေရသည့် ဘေးအန္တရာယ်မှာ အလွန်ဆိုးရွားသည့် အတွက် ပြည်သူများအား ကယ်ဆယ် စောင့်ရှောက်ရန်   ကယ်ဆယ်ရေး လုပ်သားများအား     အစွမ်းကုန် ကြိုးပမ်းကြရန်     မှာကြားခဲ့ကြောင်း သိရသည်။      

Mirror

No comments:

Post a Comment