Latest News

Saturday, July 21, 2018

အကယ္ဒမီ သီဟတင္စိုးကို စြပ္စြဲသူ ခင္မာျမင့္၏ အမ်ိဳးသားမွာ တစ္ခ်ိန္က ျမိဳ႕ဂုဏ္ေဆာင္နိုင္ခဲ့သူျဖစ္

၂၀-၇-၂၀၁၈​ေန႔မွာ ဒကာ​ေတာ္​စိုး​ေမာင္​တင္​့ရဲ႕အိမ္​ကိုသြား​ေရာက္​အား​ေပးစကား​ေျပာခဲ့ၿပီး တတ္​ႏိုင္​သ​ေလာက္​ ကူညီခဲ့ပါတယ္​။ ႏိုင္​ငံ​ေက်ာ္​ သရုပ္ေဆာင္ သီဟတင္စိုးကို မုဒိန္းမႈျဖင့္ စြပ္စြဲတဲ့ ခင္​မာျမင္​့ရဲ႕ခင္​ပြန္​းပါ။

က်န္​းမာ​ေရးကမ​ေကာင္​း ႐ွာ​ေကြၽးတဲ့သူဖမ္​းခံရတယ္​ဆို​ေတာ့မအိပ္​ႏိုင္​၊ မစားႏိုင္​နဲ႔ စိတ္​ဓာတ္​က်​ေနရသူတစ္​ဦးပါ။ စား​ေရးခက္​ၿပီလို႔ထင္​​ေနတာ​ေတြ​ေခ်ဖ်က္​​ေပးႏိုင္​ခဲ့သလို ခြန္​အား​ေတြလည္​းရ​ေစခဲ့ပါတယ္​။ က်န္​းမာ​ေရးကူညီဘို႔ ဆရာဝန္​ႏွစ္​ဦးက အမွာစကားပါးလိုက္​ပါ​ေသးတယ္​။
ကိုစိုး​ေမာင္​တင္​့ဟာ ႐ွစ္​​ေလးလံုးကာလ၊ ​ေရနံ​ေခ်ာင္​း လည္​​ေပၚသပိတ္​စခန္​းမွာ လက္​​္​ေထာက္​​လံုျခံဳ​ေရးမွဴးအျဖစ္​ တာဝန္​ယူခဲ့ၿပီး သပိတ္​အၿပီးမွာ ​ေထာင္​ႏွစ္​႐ွည္​က်ခဲ့ပါတယ္​။

မာရသြန္​အ​ေျပးသမားျဖစ္​ၿပီး တိုင္​းအဆင္​့မွာ ​ေငြတစ္​ဆု၊ ​ေၾကး ၂ ဆုဆြတ္​ခူးကာၿမိဳ႕ဂုဏ္​​ေဆာင္​ႏိုင္​ခဲ့ပါတယ္​။ ဆိုကၠာနင္​းကာ မိသားစုကိုတာဝန္​​ေက်ပြန္​စြာ ​ေစာင္​့​ေ႐ွာက္​ ခဲ့ၿပီး အနားယူ​ေတာ့မည္​့အခ်ိန္​မွာ ဆိုင္​ကယ္​တိုက္​ခံရၿပီး လမ္​း​ေဝး​ေဝးမ​ေလွ်ာက္​ႏိုင္​​ေတာ့ပါ။

သားတစ္​ဦး႐ွိ​ေသာ္​လည္​း အျခားတစ္​ၿမိဳ႕တြင္​အိမ္​​ေထာင္​က်ကာ ျပန္​မ​ေထာက္​ ပံ့ႏိုင္​ဟုသိရပါသည္​။ ဇနီးျဖစ္​သူ ခင္​မာျမင္​့မွ ကုန္​စိမ္​း​ေရာင္​း၊ အဝတ္​​ေလွ်ာ္​လိုက္​ ႐ွာ​ေဖြ​ေကြၽးသည္​့ဝင္​​ေငြျဖင္​့စား​ေသာက္​​ေနရျခင္​းျဖစ္​သည္​။
ထို႔​ေနာက္​ ​ေဒၚညိဳႏွင္​့အဆက္​အသြယ္​ရကာ.အိမ္​​ေဖာ္​လုပ္​ရန္​ လိုက္​သြားသည္​မွာ ႏွစ္​ႏွစ္​နီးပါး႐ွိၿပီး ​ေလး​ေသာင္​းတစ္​ခါ ​ေျခာက္​​ေသာင္​းတစ္​ခါ လႊဲဘူးသည္​ဟုဆိုသည္​။ ယခုသတင္​းကို ရာအိမ္​မွဴးမွ​ေျပာ၍သိ႐ွိရၿပီး ​ေခါင္​းမိုးႀကိဳးပစ္​လိုက္​သလိုခံစားလိုက္​ရသည္​ဟုဆိုသည္​။ ​

ေနာက္​ကိုယ္​လည္​း ဘာမွမလုပ္​ႏိုင္​ ႐ွာ​ေကြၽးတဲ့သူလည္​းအဖမ္​းခံရဆို​ေတာ့ အားကိုးမဲ့ကာ ငို​ေကြၽး​ေနျခင္​းျဖစ္​​ေၾကာင္​း ​ေျပာျပပါသည္​။

ယခု​ေတာ့ အားအင္​မ်ားျပန္​ျပည္​့ၿပီျဖစ္​​ေၾကာင္​း၊ သူ႔အား ျပစ္​မထားၾကဘဲ လာ​ေရာက္​ကူညီၾကသည္​့အတြက္​​ေက်းဇူးတင္​ပါ​ေၾကာင္​း ရင္​ဖြင္​့ခ်င္​လို႔လာၾကပါဦးလို႔ ဖိတ္​​ေခၚပါသည္​။ က​ေန႔​ေတာ့ ထမင္​းျပန္​စား​ေတာ့မယ္​လို႔လည္​း ​ေျပာ ပါသည္​။
ဘာျဖစ္​ျဖစ္​ကိုယ္​့ၿမိဳ႕သားတစ္​ဦးအ​ေနႏွင္​့လည္​း​ေကာင္​း ႐ွစ္​​ေလးလံုးရဲ​ေဘာ္​ရဲဘက္​အျဖစ္​လည္​း​ေကာင္​း၊ သရက္​ ​ေထာင္​တြင္​ မိမိတို႔အားကူညီခဲ့သည္​့​ေက်းဇူးတရားမ်ားအားျပန္​လည္​ဆပ္​ႏိုင္​ခဲ့သျဖင္​့ ဝမ္​းသာခဲ့ရပါသည္​။

Credit – ashin issariya










Unicode
၂၀-၇-၂၀၁၈နေ့မှာ ဒကာတော်စိုးမောင်တင့်ရဲ့အိမ်ကိုသွားရောက်အားပေးစကားပြောခဲ့ပြီး တတ်နိုင်သလောက် ကူညီခဲ့ပါတယ်။ နိုင်ငံကျော် သရုပ်ဆောင် သီဟတင်စိုးကို မုဒိန်းမှုဖြင့် စွပ်စွဲတဲ့ ခင်မာမြင့်ရဲ့ခင်ပွန်းပါ။

ကျန်းမာရေးကမကောင်း ရှာကျွေးတဲ့သူဖမ်းခံရတယ်ဆိုတော့မအိပ်နိုင်၊ မစားနိုင်နဲ့ စိတ်ဓာတ်ကျနေရသူတစ်ဦးပါ။ စားရေးခက်ပြီလို့ထင်နေတာတွေချေဖျက်ပေးနိုင်ခဲ့သလို ခွန်အားတွေလည်းရစေခဲ့ပါတယ်။ ကျန်းမာရေးကူညီဘို့ ဆရာဝန်နှစ်ဦးက အမှာစကားပါးလိုက်ပါသေးတယ်။

ကိုစိုးမောင်တင့်ဟာ ရှစ်လေးလုံးကာလ၊ ရေနံချောင်း လည်ပေါ်သပိတ်စခန်းမှာ လက်ထောက်လုံခြုံရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး သပိတ်အပြီးမှာ ထောင်နှစ်ရှည်ကျခဲ့ပါတယ်။

မာရသွန်အပြေးသမားဖြစ်ပြီး တိုင်းအဆင့်မှာ ငွေတစ်ဆု၊ ကြေး ၂ ဆုဆွတ်ခူးကာမြို့ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။ ဆိုက္ကာနင်းကာ မိသားစုကိုတာဝန်ကျေပွန်စွာ စောင့်ရှောက် ခဲ့ပြီး အနားယူတော့မည့်အချိန်မှာ ဆိုင်ကယ်တိုက်ခံရပြီး လမ်းဝေးဝေးမလျှောက်နိုင်တော့ပါ။

သားတစ်ဦးရှိသော်လည်း အခြားတစ်မြို့တွင်အိမ်ထောင်ကျကာ ပြန်မထောက် ပံ့နိုင်ဟုသိရပါသည်။ ဇနီးဖြစ်သူ ခင်မာမြင့်မှ ကုန်စိမ်းရောင်း၊ အဝတ်လျှော်လိုက် ရှာဖွေကျွေးသည့်ဝင်ငွေဖြင့်စားသောက်နေရခြင်းဖြစ်သည်။

ထို့နောက် ဒေါ်ညိုနှင့်အဆက်အသွယ်ရကာ.အိမ်ဖော်လုပ်ရန် လိုက်သွားသည်မှာ နှစ်နှစ်နီးပါးရှိပြီး လေးသောင်းတစ်ခါ ခြောက်သောင်းတစ်ခါ လွှဲဘူးသည်ဟုဆိုသည်။ ယခုသတင်းကို ရာအိမ်မှူးမှပြော၍သိရှိရပြီး ခေါင်းမိုးကြိုးပစ်လိုက်သလိုခံစားလိုက်ရသည်ဟုဆိုသည်။
နောက်ကိုယ်လည်း ဘာမှမလုပ်နိုင် ရှာကျွေးတဲ့သူလည်းအဖမ်းခံရဆိုတော့ အားကိုးမဲ့ကာ ငိုကျွေးနေခြင်းဖြစ်ကြောင်း ပြောပြပါသည်။

ယခုတော့ အားအင်များပြန်ပြည့်ပြီဖြစ်ကြောင်း၊ သူ့အား ပြစ်မထားကြဘဲ လာရောက်ကူညီကြသည့်အတွက်ကျေးဇူးတင်ပါကြောင်း ရင်ဖွင့်ချင်လို့လာကြပါဦးလို့ ဖိတ်ခေါ်ပါသည်။ ကနေ့တော့ ထမင်းပြန်စားတော့မယ်လို့လည်း ပြော ပါသည်။

ဘာဖြစ်ဖြစ်ကိုယ့်မြို့သားတစ်ဦးအနေနှင့်လည်းကောင်း ရှစ်လေးလုံးရဲဘော်ရဲဘက်အဖြစ်လည်းကောင်း၊ သရက် ထောင်တွင် မိမိတို့အားကူညီခဲ့သည့်ကျေးဇူးတရားများအားပြန်လည်ဆပ်နိုင်ခဲ့သဖြင့် ဝမ်းသာခဲ့ရပါသည်။

Credit – ashin issariya

No comments:

Post a Comment