Latest News

Friday, July 20, 2018

တြံေတးၿမိဳ႕နယ္အတြင္း တြံေတး-လိႈင္သာယာ ကားလမ္းေဘးတြင္ ျဖစ္ပြားခဲ့ေသာ လူသတ္မႈက်ဴးလြန္ သူမ်ားအား ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕က နာရီ(၃၀)အတြင္း ေဖာ္ထုတ္

ရန္ကုန္၊ ဇူလုိင္ ၂၀
ရန္ကုန္တုိင္းေဒသႀကီး၊ တြံေတးၿမိဳ႕နယ္အတြင္းရွိ အထက္တမာတေကာ
ေက်းရြာအနီး၊ တြံေတး-လိႈင္သာယာ ကားလမ္းေဘး၊ ၁၆ မုိင္ ၅ ဖာလံု၌
၁၇-၇-၂၀၁၈ ရက္ေန႔ ၂၀း၅၀ အခ်ိန္တြင္ ျဖစ္ပြားခဲ့ေသာ လူသတ္မႈ
က်ဴးလြန္သည့္ တရားခံ(၄)ဦးအား ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕က
နာရီ(၃၀)အတြင္း ေဖာ္ထုတ္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ၁၇-၇-၂၀၁၈ ရက္ေန႔ ၁၆၃၀ အခ်ိန္ခန္႔တြင္ တရားလုိ ဦးစန္းဝင္း
မွ King Cat ေရတားေဆးကု မၸဏီပုိင္ရွင္ ဦးခင္ေမာင္ေထြး ၅၉ ႏွစ္သည္
ေနအိမ္သုိ႔ ျပန္လည္ေရာက္ရွိျခင္းမရွိသျဖင့္ လုိက္လံရွာေဖြခဲ့ရာ တြံေတး
ၿမိဳ႕နယ္၊ အထက္တမာတေကာေက်းရြာအနီး လိႈင္သာယာ-တံြေတး
ကားလမ္းမေပၚ ၁၆ မုိင္ ၅ ဖာလံု မုိင္တုိင္အနီးတြင္ ဦးခင္ေမာင္ေထြးမွာ
၄င္းပုိင္ Misubishi ေမာ္ေတာ္ယာဥ္ 4K------ ေပၚတြင္ ထုိးသြင္း ဒဏ္ရာမ်ား
ျဖင့္ ေသဆံုးေနသည္ကုိ ေတြ႔ရွိရသျဖင့္ ခေလာက္ခ်ဳိက္နယ္ေျမရဲစခန္းသုိ႔
တုိင္တန္းခဲ့ရာ (ပ)၈၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္
စစ္ေဆးေဆာင္ရြက္ခဲ့ပါသည္။
အမႈမွ တရားခံမ်ား အျမန္ဆံုး ေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ ရန္ကုန္
တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး ကုိယ္တုိင္ အနီးကပ္ႀကီးၾကပ္မႈျဖင့္ ေတာင္ပုိင္း
ခရုိင္ရဲတပ္ဖြဲ႔မွဴးႏွင့္ ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕၊ မႈခင္းအကူဌာနစုမွ
ရဲတပ္ဖြဲ႕ဝင္မ်ား၊ အုပ္ခ်ဳပ္မႈအကူတပ္ခြဲမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ေတာင္ပုိင္းခရုိင္
မႈခင္းႏွိမ္နင္းေရးဌာနစုမွ ရဲတပ္ဖြဲ႔ဝင္မ်ား၊ တံြေတးၿမိဳ႕နယ္မွ ရဲတပ္ဖြဲ႕ဝင္မ်ား
ပါဝင္ေသာ အထူးအမႈစစ္အဖြဲ႕ ဖြဲ႕စည္း ေဆာင္ရြက္ခဲ့ပါသည္။
အထူးအမႈစစ္အဖြဲ႕မွ အခင္းျဖစ္ရပ္အား အေသးစိတ္စစ္ေဆးခဲ့၍ အခင္းျဖစ္
ရပ္တြင္ေတြ႕ရွိေသာ သက္ေသခံ တယ္လီဖုန္း(၁)လံုး၊ ေငြက်ပ္(၅)
သိန္းေက်ာ္ႏွင့္ အျခားသက္ေသခံပစၥည္းမ်ား သိမ္းဆည္းခဲ့ၿပီး ေသဆံုးသူႏွင့္ ပတ္သက္ဆက္ႏြယ္သည့္ သတင္းအခ်က္အလက္မ်ား ေထာက္လွမ္းရယူ
ခဲ့ရာ စံုစမ္းသိရွိရေသာ သတင္းအရ ၁၈-၇-၂၀၁၈ ရက္ေန႔ ၁၇၃၀
အခ်ိန္တြင္ ေမာင္ေမာင္ေအး(ခ)ေမာင္ေအးအား မသကၤာဖမ္းဆီးစစ္ေဆး
ခဲ့ပါသည္။
ေမာင္ေမာင္ေအး(ခ)ေမာင္ေအးအား စစ္ေဆးခ်က္အရ ေသဆံုးသူ
ဦးခင္ေမာင္ေထြးမွာ လယ္ယာေျမမ်ားဝယ္ျခင္း၊ အေပါင္ခံျခင္း၊ သီးစားခ်
ထားျခင္းလုပ္ငန္းမ်ားကုိ လုပ္ကုိင္ခဲ့ရာ ၎မွ ပြဲစားအျဖစ္ေဆာင္ရြက္
ေပးခဲ့ေၾကာင္း၊ ပ်ဳိတုိး(ခ)မ်ဳိးလြင္ႏွင့္အတူ လယ္ယာေျမမ်ား ေရာင္းဝယ္
ရာတြင္ ေသဆံုးသူထံမွ ေငြမ်ားပုိမုိယူထားျခင္း၊ တြံေတးၿမိဳ႕နယ္ရွိ
လယ္ပုိင္ရွင္မ်ားထံမွ လယ္ေျမမ်ားကုိ အေပါင္ခံထားၿပီး ရရွိေသာ အတုိးမ်ား
ကုိ ဦးခင္ေမာင္ေထြးထံ မေပးဘဲသံုးစြဲထားျခင္း၊ လယ္ပိုင္ရွင္မ်ားထံမွ
ပံုစံ(၇)မ်ား ရယူ၍ ဦးခင္ေမာင္ေထြးထံ ေပါင္ႏွံထားရာမွ ျပန္လည္ မေရြးႏုိင္
ျခင္းတုိ႔ေၾကာင့္ ဦးခင္ေမာင္ေထြးအား သတ္ျဖတ္ရန္ ပ်ဳိတုိး(ခ)မ်ဳိးလြင္ႏွင့္
တုိင္ပင္ခဲ့ေၾကာင္း၊ လုပ္ႀကံသတ္ျဖတ္ေပးရန္အတြက္ ၾကည့္ျမင္တုိင္ၿမိဳ႕နယ္၊
စကၠေလးရပ္ကြက္၊ စက္ဆန္းအုပ္စုေန ေအာင္ေအာင္(ခ)ဘႀကီးေအာင္၏
အဆက္အသြယ္ျဖင့္ တုိးေအာင္(ခ)အေသးေလးအား ေငြက်ပ္သိန္း(၁၅၀)
ျဖင့္ ငွားရမ္းခဲ့ေၾကာင္း ေပၚေပါက္ပါသည္။
စစ္ေဆးေပၚေပါက္ခ်က္အရ ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္သူ ပ်ဳိးတုိး(ခ)
မ်ဳိးလြင္(၄၆)ႏွစ္အား ၁၉-၇-၂၀၁၈ ရက္ေန႔ ၀၂၀၀အခ်ိန္တြင္လည္းေကာင္း၊ ေအာင္ေအာင္(ခ)ဘႀကီးေအာင္(၅၂)ႏွစ္အား ယင္းေန႔ နံနက္ ၀၆၀၀ အခ်ိန္
တြင္လည္းေကာင္း၊ တုိးေအာင္(ခ)အေသးေလး(၄၈)ႏွစ္အား ယင္းေန႔
၀၉၃၀ အခ်ိန္တြင္ လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ပါသည္။
ဖမ္းဆီးရမိသူ မ်ားအား စစ္ေဆးခဲ့ရာ ၁၇-၇-၂၀၁၈ ရက္ေန႔ နံနက္ ၁၁၀၀
အခ်ိန္တြင္ ဦးခင္ေမာင္ေထြးမွ ၄င္းအေပါင္ခံထားေသာ လယ္ေျမမ်ားကုိ
အမည္ေပါက္ေျပာင္းလဲေပးရန္ လာခဲ့မည္ျဖစ္ေၾကာင္း၊ ေမာင္ေမာင္ေအး (ခ)ေမာင္ေအးအား ဖုန္းဆက္အေၾကာင္းၾကားသျဖင့္ ဦးခင္ေမာင္ေထြး
လာေရာက္မည္ကုိသိရွိၿပီး ေမာင္ေမာင္ေအး(ခ)ေမာင္ေအး၊ ပ်ဳိတုိး(ခ)
မ်ဳိးလြင္ႏွင့္ တုိးေအာင္(ခ)အေသးေလးတုိ႔မွ တံြေတး-လိႈင္သာယာလမ္းမ
ႀကီး၊ အထက္တမာတေကာေက်းရြာအနီးရွိ တုိးဂိတ္တြင္ ေစာင့္ဆုိင္းေနကာ
ဦးခင္ေမာင္ေထြး ေရာက္ရွိလာသျဖင့္ တုိးေအာင္(ခ)အေသးေလးအား
ေျမစာရင္းဝန္ထမ္းဟုေျပာဆုိၿပီး ကားေပၚတင္ေပးခဲ့ေၾကာင္း၊
ဦးခင္ေမာင္ေထြးမွ တုိးေအာင္(ခ)အေသးေလးႏွင့္အတူ ကားေမာင္း
ထြက္သြားခဲ့ၿပီး၊ ေမာင္ေမာင္ေအး(ခ)ေမာင္ေအးမွ ဆုိင္ကယ္ျဖင့္ ေနာက္မွ
လုိက္ခဲ့ေၾကာင္း၊ ၁၆ မုိင္ ၅ဖာလံု အေရာက္တြင္ တုိးေအာင္(ခ)အေသးေလး
မွ ကားရပ္ခုိင္းကာ အသင့္ပါလာေသာ ဓားျဖင့္ထုိးသတ္ခဲ့ေၾကာင္း၊
ဦးခင္ေမာင္ေထြး ကုိင္ေဆာင္သည့္ တယ္လီဖုန္းႏွင့္ ကားေသာ့တုိ႔ကုိယူၿပီး ေမာင္ေမာင္ေအး (ခ)ေမာင္ေအး အားေပးခဲ့ေၾကာင္း၊ ၎တယ္လီဖုန္းႏွင့္
ကားေသာ့ကုိ ခေနာင္တုိေခ်ာင္းအတြင္း လႊင့္ပစ္ခဲ့ ေၾကာင္း ေပၚေပါက္
ပါသည္။
အထူးအမႈစစ္အဖြဲ႕မွ ျပစ္မႈက်ဴးလြန္သူမ်ား၏ ေဖာ္ထုတ္ခ်က္အရ ျပစ္မႈ
က်ဴးလြန္ရာတြင္ အသံုးျပဳသည့္ ဓားဦးခၽြန္(၁)ေခ်ာင္းႏွင့္ အခင္းျဖစ္စဥ္က
ဝတ္ဆင္ခဲ့ေသာ အဝတ္အထည္မ်ားကုိ တုိးေအာင္(ခ) အေသးေလးထံမွ
သိမ္းဆည္းရရွိခဲ့သည့္အျပင္ ဆက္သြယ္ အသံုးျပဳသည့္ တယ္လီ
ဖုန္း(၄)လံုးႏွင့္ ဦးခင္ေမာင္ေထြးအား သတ္ေပးရန္ စရံေပးထားသည့္
ေငြက်ပ္(၁၁)သိန္းအနက္ ေငြက်ပ္(၆)သိန္းတုိ႔ကုိ အသီးသီးသိမ္းဆည္း
ရမိခဲ့ပါသည္။
ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္သူ ေအာင္ေအာင္(ခ)ဘႀကီးေအာင္မွာ
၁၉၈၆ ခုႏွစ္က ဆိပ္ကမ္းၿမိဳ႕နယ္အတြင္း လုယက္မႈျဖင့္ ေထာင္(၃)ႏွစ္က်ခံ
ခဲ့ဖူးေၾကာင္း၊ ၁၉၉၉ ခုႏွစ္တြင္ ဘုရင့္ေနာင္ျမစ္ကူးတံတား ေအာက္တြင္
သေဘၤာ(၁)စီးအား လုယက္မႈအပါအဝင္ အျခားအမႈ(၃)မႈျဖင့္ေထာင္(၁၅)
ႏွစ္က်ခံခဲ့ဖူးေၾကာင္း၊ ၂၀၁၃ ခုႏွစ္တြင္ ေနျပည္ေတာ္၊ ကင္းသာရဲဘက္စခန္း
မွ ျပန္လည္လြတ္ေျမာက္လာသူ ျဖစ္ေၾကာင္း၊ တရားခံ တုိးေအာင္(ခ)
အေသးေလးမွာ ၂၀၀၂ ခုႏွစ္တြင္ တာေမြ၊ လိႈင္၊ စမ္းေခ်ာင္း၊ မရမ္းကုန္း
ၿမိဳ႕နယ္မ်ားတြင္ ခုိးမႈ(၁၁)မႈျဖင့္ ေထာင္ဒဏ္(၃၇)ႏွစ္က်ခံခဲ့ဖူးေၾကာင္း၊
၂၀၁၇ခုႏွစ္တြင္ ဧရာဝတီတုိင္းေဒသႀကီး၊ အဂၤဘိုရာဘာထုတ္လုပ္ေရး
စခန္းမွ ျပန္လည္လြတ္ေျမာက္လာသူျဖစ္ေၾကာင္း သိရွိရသည္။
ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕အေနျဖင့္ လူသတ္မႈ က်ဴးလြန္ရာတြင္
ပါဝင္သူ(၄)ဦးအား အခ်ိန္တုိ အတြင္း ဖမ္းဆီးရမိခဲ့ၿပီး ထိေရာက္ေသာ
ျပစ္ဒဏ္ရရွိေရးအတြက္ ဆက္လက္အေရးယူေဆာင္ရြက္ သြားမည္ျဖစ္
ေၾကာင္းသတင္းရရွိပါသည္။
Yangon Police






(Unicode)
တွံတေးမြို့နယ်အတွင်း တွံတေး-လှိုင်သာယာ ကားလမ်းဘေးတွင်
ဖြစ်ပွားခဲ့သော လူသတ်မှုကျူးလွန် သူများအား ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့က နာရီ(၃၀)အတွင်း ဖော်ထုတ်
ရန်ကုန်၊ ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ အထက်တမာတကော
ကျေးရွာအနီး၊ တွံတေး-လှိုင်သာယာ ကားလမ်းဘေး၊ ၁၆ မိုင် ၅ ဖာလုံ၌
၁၇-၇-၂၀၁၈ ရက်နေ့ ၂၀း၅၀ အချိန်တွင် ဖြစ်ပွားခဲ့သော လူသတ်မှု
ကျူးလွန်သည့် တရားခံ(၄)ဦးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က
နာရီ(၃၀)အတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၁၇-၇-၂၀၁၈ ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင် တရားလို ဦးစန်းဝင်း
မှ King Cat ရေတားဆေးကု မ္ပဏီပိုင်ရှင် ဦးခင်မောင်ထွေး ၅၉ နှစ်သည်
နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ တွံတေး
မြို့နယ်၊ အထက်တမာတကောကျေးရွာအနီး လှိုင်သာယာ-တွံတေး
ကားလမ်းမပေါ် ၁၆ မိုင် ၅ ဖာလုံ မိုင်တိုင်အနီးတွင် ဦးခင်မောင်ထွေးမှာ
၄င်းပိုင် Misubishi မော်တော်ယာဉ် 4K------ ပေါ်တွင် ထိုးသွင်း ဒဏ်ရာများ
ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ခလောက်ချိုက်နယ်မြေရဲစခန်းသို့
တိုင်တန်းခဲ့ရာ (ပ)၈၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်
စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အမှုမှ တရားခံများ အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ရန်ကုန်
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ကိုယ်တိုင် အနီးကပ်ကြီးကြပ်မှုဖြင့် တောင်ပိုင်း
ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစုမှ
ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုအကူတပ်ခွဲမှ ရဲတပ်ဖွဲ့ဝင်များ၊ တောင်ပိုင်းခရိုင်
မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ တွံတေးမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ
ပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။
အထူးအမှုစစ်အဖွဲ့မှ အခင်းဖြစ်ရပ်အား အသေးစိတ်စစ်ဆေးခဲ့၍ အခင်းဖြစ်
ရပ်တွင်တွေ့ရှိသော သက်သေခံ တယ်လီဖုန်း(၁)လုံး၊ ငွေကျပ်(၅)
သိန်းကျော်နှင့် အခြားသက်သေခံပစ္စည်းများ သိမ်းဆည်းခဲ့ပြီး သေဆုံးသူနှင့် ပတ်သက်ဆက်နွယ်သည့် သတင်းအချက်အလက်များ ထောက်လှမ်းရယူ
ခဲ့ရာ စုံစမ်းသိရှိရသော သတင်းအရ ၁၈-၇-၂၀၁၈ ရက်နေ့ ၁၇၃၀
အချိန်တွင် မောင်မောင်အေး(ခ)မောင်အေးအား မသင်္ကာဖမ်းဆီးစစ်ဆေး
ခဲ့ပါသည်။
မောင်မောင်အေး(ခ)မောင်အေးအား စစ်ဆေးချက်အရ သေဆုံးသူ
ဦးခင်မောင်ထွေးမှာ လယ်ယာမြေများဝယ်ခြင်း၊ အပေါင်ခံခြင်း၊ သီးစားချ
ထားခြင်းလုပ်ငန်းများကို လုပ်ကိုင်ခဲ့ရာ ၎င်းမှ ပွဲစားအဖြစ်ဆောင်ရွက်
ပေးခဲ့ကြောင်း၊ ပျိုတိုး(ခ)မျိုးလွင်နှင့်အတူ လယ်ယာမြေများ ရောင်းဝယ်
ရာတွင် သေဆုံးသူထံမှ ငွေများပိုမိုယူထားခြင်း၊ တွံတေးမြို့နယ်ရှိ
လယ်ပိုင်ရှင်များထံမှ လယ်မြေများကို အပေါင်ခံထားပြီး ရရှိသော အတိုးများ
ကို ဦးခင်မောင်ထွေးထံ မပေးဘဲသုံးစွဲထားခြင်း၊ လယ်ပိုင်ရှင်များထံမှ
ပုံစံ(၇)များ ရယူ၍ ဦးခင်မောင်ထွေးထံ ပေါင်နှံထားရာမှ ပြန်လည် မရွေးနိုင်
ခြင်းတို့ကြောင့် ဦးခင်မောင်ထွေးအား သတ်ဖြတ်ရန် ပျိုတိုး(ခ)မျိုးလွင်နှင့်
တိုင်ပင်ခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ်ပေးရန်အတွက် ကြည့်မြင်တိုင်မြို့နယ်၊
စက္ကလေးရပ်ကွက်၊ စက်ဆန်းအုပ်စုနေ အောင်အောင်(ခ)ဘကြီးအောင်၏
အဆက်အသွယ်ဖြင့် တိုးအောင်(ခ)အသေးလေးအား ငွေကျပ်သိန်း(၁၅၀)
ဖြင့် ငှားရမ်းခဲ့ကြောင်း ပေါ်ပေါက်ပါသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ပျိုးတိုး(ခ)
မျိုးလွင်(၄၆)နှစ်အား ၁၉-၇-၂၀၁၈ ရက်နေ့ ဝ၂၀ဝအချိန်တွင်လည်းကောင်း၊ အောင်အောင်(ခ)ဘကြီးအောင်(၅၂)နှစ်အား ယင်းနေ့ နံနက် ဝ၆၀ဝ အချိန်
တွင်လည်းကောင်း၊ တိုးအောင်(ခ)အသေးလေး(၄၈)နှစ်အား ယင်းနေ့
ဝ၉၃၀ အချိန်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ များအား စစ်ဆေးခဲ့ရာ ၁၇-၇-၂၀၁၈ ရက်နေ့ နံနက် ၁၁၀ဝ
အချိန်တွင် ဦးခင်မောင်ထွေးမှ ၄င်းအပေါင်ခံထားသော လယ်မြေများကို
အမည်ပေါက်ပြောင်းလဲပေးရန် လာခဲ့မည်ဖြစ်ကြောင်း၊ မောင်မောင်အေး (ခ)မောင်အေးအား ဖုန်းဆက်အကြောင်းကြားသဖြင့် ဦးခင်မောင်ထွေး
လာရောက်မည်ကိုသိရှိပြီး မောင်မောင်အေး(ခ)မောင်အေး၊ ပျိုတိုး(ခ)
မျိုးလွင်နှင့် တိုးအောင်(ခ)အသေးလေးတို့မှ တွံတေး-လှိုင်သာယာလမ်းမ
ကြီး၊ အထက်တမာတကောကျေးရွာအနီးရှိ တိုးဂိတ်တွင် စောင့်ဆိုင်းနေကာ
ဦးခင်မောင်ထွေး ရောက်ရှိလာသဖြင့် တိုးအောင်(ခ)အသေးလေးအား
မြေစာရင်းဝန်ထမ်းဟုပြောဆိုပြီး ကားပေါ်တင်ပေးခဲ့ကြောင်း၊
ဦးခင်မောင်ထွေးမှ တိုးအောင်(ခ)အသေးလေးနှင့်အတူ ကားမောင်း
ထွက်သွားခဲ့ပြီး၊ မောင်မောင်အေး(ခ)မောင်အေးမှ ဆိုင်ကယ်ဖြင့် နောက်မှ
လိုက်ခဲ့ကြောင်း၊ ၁၆ မိုင် ၅ဖာလုံ အရောက်တွင် တိုးအောင်(ခ)အသေးလေး
မှ ကားရပ်ခိုင်းကာ အသင့်ပါလာသော ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း၊
ဦးခင်မောင်ထွေး ကိုင်ဆောင်သည့် တယ်လီဖုန်းနှင့် ကားသော့တို့ကိုယူပြီး မောင်မောင်အေး (ခ)မောင်အေး အားပေးခဲ့ကြောင်း၊ ၎င်းတယ်လီဖုန်းနှင့်
ကားသော့ကို ခနောင်တိုချောင်းအတွင်း လွှင့်ပစ်ခဲ့ ကြောင်း ပေါ်ပေါက်
ပါသည်။
အထူးအမှုစစ်အဖွဲ့မှ ပြစ်မှုကျူးလွန်သူများ၏ ဖော်ထုတ်ချက်အရ ပြစ်မှု
ကျူးလွန်ရာတွင် အသုံးပြုသည့် ဓားဦးချွန်(၁)ချောင်းနှင့် အခင်းဖြစ်စဉ်က
ဝတ်ဆင်ခဲ့သော အဝတ်အထည်များကို တိုးအောင်(ခ) အသေးလေးထံမှ
သိမ်းဆည်းရရှိခဲ့သည့်အပြင် ဆက်သွယ် အသုံးပြုသည့် တယ်လီ
ဖုန်း(၄)လုံးနှင့် ဦးခင်မောင်ထွေးအား သတ်ပေးရန် စရံပေးထားသည့်
ငွေကျပ်(၁၁)သိန်းအနက် ငွေကျပ်(၆)သိန်းတို့ကို အသီးသီးသိမ်းဆည်း
ရမိခဲ့ပါသည်။
ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ အောင်အောင်(ခ)ဘကြီးအောင်မှာ
၁၉၈၆ ခုနှစ်က ဆိပ်ကမ်းမြို့နယ်အတွင်း လုယက်မှုဖြင့် ထောင်(၃)နှစ်ကျခံ
ခဲ့ဖူးကြောင်း၊ ၁၉၉၉ ခုနှစ်တွင် ဘုရင့်နောင်မြစ်ကူးတံတား အောက်တွင်
သင်္ဘော(၁)စီးအား လုယက်မှုအပါအဝင် အခြားအမှု(၃)မှုဖြင့်ထောင်(၁၅)
နှစ်ကျခံခဲ့ဖူးကြောင်း၊ ၂၀၁၃ ခုနှစ်တွင် နေပြည်တော်၊ ကင်းသာရဲဘက်စခန်း
မှ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ကြောင်း၊ တရားခံ တိုးအောင်(ခ)
အသေးလေးမှာ ၂၀ဝ၂ ခုနှစ်တွင် တာမွေ၊ လှိုင်၊ စမ်းချောင်း၊ မရမ်းကုန်း
မြို့နယ်များတွင် ခိုးမှု(၁၁)မှုဖြင့် ထောင်ဒဏ်(၃၇)နှစ်ကျခံခဲ့ဖူးကြောင်း၊
၂၀၁၇ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူရာ ဘာထုတ်လုပ်ရေး
စခန်းမှ ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် လူသတ်မှု ကျူးလွန်ရာတွင်
ပါဝင်သူ(၄)ဦးအား အချိန်တို အတွင်း ဖမ်းဆီးရမိခဲ့ပြီး ထိရောက်သော
ပြစ်ဒဏ်ရရှိရေးအတွက် ဆက်လက်အရေးယူဆောင်ရွက် သွားမည်ဖြစ်
ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment