Latest News

Monday, July 16, 2018

ချယ်လ်ဆီးအသင်း၏ အဓိကကစားသမားဟာဇက်ကို ရီးယဲလ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂ဝဝ ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်

ချယ်လ်ဆီးအသင်း၏ အဓိကကစားသမားဟာဇက်ကို ရီးယဲလ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂ဝဝ ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်

မော်စကို ဇူလိုင် ၁၅

ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံတောင်ပံ တိုက်စစ်ကစားသမား ဟာဇက်က အင်္ဂလန်ကို ယမန်နေ့ညက နှစ်ဂိုးပြတ်အနိုင်ရသည့် ကမ္ဘာ့ဖလား တတိယနေရာလုပွဲအပြီးတွင် ချယ်လ်ဆီးအသင်းမှ ထွက်ခွာချိန်တန်ပြီ ဟု ထုတ်ဖော်ပြောခဲ့ရာ ၎င်းအားအလိုရှိနေသော ရီးယဲလ်အသင်းထံသို့ ပြောင်းရွှေ့သွားဖွယ်ရှိနေသည်။ ဟာဇက်သည် အင်္ဂလန်နှင့်ပွဲတွင် ဒုတိယအနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂ဝ၁၈ ကမ္ဘာ့ဖလားပွဲတွင် အထူးခြေစွမ်းပြ နိုင်ခဲ့သူဖြစ်သည်။

မကြာသေးမီကလည်း မိမိ၏အနာဂတ်ကို ချယ်လ်ဆီးအသင်း နည်းပြကွန်တီနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် ချပြီးပါက ဆုံးဖြတ်မည်ဟု ပြောခဲ့သောဟာဇက်က ''ချယ်လ်ဆီးမှာ ကျွန်တော် ခြောက်နှ စ်နေခဲ့ပြီးပါပြီ။ ကမ္ဘာ့ဖလားပွဲကြီး တစ်ပွဲကိုလည်း ဆင်နွှဲခဲ့ပြီးပါပြီ။ ဒါကြောင့် ပြောင်းလဲချိန်တန်နေပါပြီ။ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ ချယ်လ်ဆီးအသင်းကပဲ ချမှတ်ရမှာပါ။ သူတို့က ကျွန်တော့် ကို အသင်းက ထွက်ခွာစေချင်တယ် ဆိုရင် ကျွန်တော် ဘယ်အသင်းပြောင်းဖို့ ရည်မှန်းထားသလဲဆိုတာ သိရမှာပါ။ ချယ်လ်ဆီးမှာ ခြောက်နှစ် ဖြတ်သန်းခဲ့ပြီးတာကြောင့် တစ်စုံတစ်ရာခြားနားမှုကို ရှာဖွေရတော့မယ့် အချိန်ရောက်ပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ဒီကိစ္စက ကျွန်တော်ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ လက်ရှိတော့ ရတဲ့အချိန်လေး နွေရာသီအား လပ်ရက်ခရီးထွက်မယ်။ ဘာတွေဖြစ် မလဲ စောင့်ကြည့်ရမှာပါ''ဟု ပြောသည်။

ရီးယဲလ်အသင်းသည် ဟာဇက်ကို ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ကြေးပေါင်သန်း ၁ဝဝ ဖြင့် ပြောင်းရွှေ့သွား သောစီရော်နယ်ဒိုနေရာတွင် အစားထိုးရန် အဓိက ပစ်မှတ်ထားနေပြီး ဟာဇက်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်သော ပေါင်သန်း ၂ဝဝ ဖြင့် ကမ်းလှမ်းရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် ရာသီစတင်ရန်တစ်လပင် မလိုတော့သည့် အချိန်ရောက်မှ နည်းပြကွန်တီကိုထုတ် ပယ်ကာ နည်းပြသစ်အဖြစ် နာပိုလီနည်းပြဟောင်း ဆာရီကို ဇူလိုင် ၁၄ ရက်က တရားဝင် ခန့်အပ်ခဲ့ရာ ဟာဇက်၏အနာဂတ်မှာ ဆာရီ၏ ဆုံးဖြတ်ချက်အပေါ် များစွာမူတည်နေသည်။

ဟာဇက်က ဆာရီသည်လည်း အီတလီနိုင်ငံသားနည်းပြ ဖြစ်ခြင်းကြောင့် လေ့ကျင့်ခန်း အစီအစဉ်များမှာများ စွာ ခက်ခဲပင်ပန်းမည်ဖြစ်သော်လည်း ကွန်တီလက်ထက်ကလည်း ထိုအတိုင်းရှိခဲ့၍ ပြဿနာမရှိဟု ပြော သည်။ ''ကျွန်တော်တို့က မကြာမီ ဆာရီက ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာမယ်ဆိုတာကို ကြိုသိထားကြပြီးသားပါ။ သူက နည်းပြကောင်းတစ်ယောက်ဆိုရင် ကျွန်တော်တို့ကို ဆုဖလားတွေ ယူပေးနိုင်သူ ဖြစ်မှာပေါ့။ နာပိုလီမှာ ကစားနေတဲ့နိုင်ငံ အသင်းဖော်ဒရိုင်းမာတန်းစ်ကို မေးကြည့်တော့ ဆာရီက နည်းပြကောင်းတစ် ယောက်လို့ပြောတယ်။ သူကလည်း အလုပ်ကို ပင်ပင်ပန်းပန်းကြိုးစားလုပ်သူပါ။ အီတလီနိုင်ငံသားတွေရဲ့ နည်းလမ်းအတိုင်း အသင်းကို မောင်းနှင်မှာပါ။ ကွန်တီလက်ထက်ကလည်း ဒီလိုပဲဖြစ်ခဲ့တာကြောင့် ကျွန် တော်တို့လည်း ဒီလိုအတွေ့ အကြုံကို အသားကျနေပါပြီ''ဟု ပြောသည်။

MWD

No comments:

Post a Comment