Latest News

Monday, July 16, 2018

ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်ရှိ ဗောဓိကျေးရွာအနီး မြေသားတောင် ပြိုခြင်းအား လမ်းပိတ်ဆို့မှု မရှိအောင် အချိန်မီ ဆောင်ရွက်နိုင်ခဲ့

ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်ရှိ ဗောဓိကျေးရွာအနီး မြေသားတောင် ပြိုခြင်းအား လမ်းပိတ်ဆို့မှု  မရှိအောင် အချိန်မီ ဆောင်ရွက်နိုင်ခဲ့


ဂွ ဇူလိုင် ၁၆

ရခိုင်ပြည်နယ်  ဂွမြို့ ဗောဓိကျေးရွာအနီး ဂွ-ငါးသိုင်းချောင်းကားလမ်း၏ မိုင်တိုင်အမှတ်(၃၂/၁)နှင့် (၃၂ /၂)ကြားတွင် ဇူလိုင်လ ၁၅ ရက်နေ့  ည ၁၁ နာရီ၃၀မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းမဘေးရှိ မြေသားတောင်၏ မြေအနည်းငယ် ပြိုကျသဖြင့် ကားလမ်းသုံးပုံ တစ်ပုံခန့် အထိ မြေသားနှင့်ဝါးပင်အချို့ လျှောကျကာ လမ်းပိတ်ဆို့လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းပိတ်ဆို့မှုကြောင့် ယာဉ်ငယ်များသွားလာ၍ရသော်လည်း ယာဉ်ကြီးများသွားလာ၍ မရသောကြောင့် ငါးသိုင်းချောင်းဘက်မှလာသော ကုန်တင်ကား(၁၅)စီးခန့်နှင့် ဂွမြို့ဘက်မှလာသည့်ကုန်တင်ကား(၂၀)စီးတို့ ရပ်တန့် စောင့်ဆိုင်းလျက်ရှိကြောင်းနှင့် ကားလမ်းပေါ်သို့ လျှောကျ ဆင်းနေသည့် မြေသားများ၊ ဝါးပင်များကို မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယ ရဲအုပ်ကိုကိုမောင်နှင့်အဖွဲ့၊ ဒေါင့်ချောင်း အုပ်ချုပ်ရေးမှူးဦးတင်ဝင်းနှင့်အဖွဲ့၊ လမ်းအထူး (၂၀)မှ SAE ဦးမြတ်ထွန်းသိန်းနှင့်အဖွဲ့၊ ဒေသခံရွာသားများမှ အချိန်မီဖယ်ရှား ရှင်းလင်းမှုကြောင့် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ယာဉ်များ ယခင်အတိုင်း ကောင်းမွန်စွာ ဖြတ်သန်းသွားလာ နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment