Latest News

Sunday, July 29, 2018

ဘယ်အသင်းတွေ အရန်ကစားသမားအင်အား အတောင့်တင်းဆုံးလဲ

ဘယ်အသင်းတွေ အရန်ကစားသမားအင်အား
အတောင့်တင်းဆုံးလဲ

ဒီနေ့ကမ္ဘာမှာ ဘောလုံးအသင်းတစ်သင်းရဲ့ အောင်
မြင်မှုက ကစားသမားကောင်းတွေရှိခြင်း၊ မရှိခြင်းက
အဓိကကျနေပါတယ်။ ဒါကြောင့် အသင်းတိုင်းက
အကောင်းဆုံးကစားသမားတွေကိုရရှိနိုင်ဖို့ ငွေကြေး
တွေပုံအောသုံးစွဲနေကြတယ်။ အသင်းကောင်းတစ်သင်း
အတွက် ၁၀လကြာဖြတ်သန်းရတဲ့ ဘောလုံးရာသီ တစ်ခု
မှာ အောင်မြင်နိုင်ရေးက အကောင်းဆုံးကစားသမား
၁၁ ဦးကို ပွဲတိုင်း ပွဲထွက်ကစားခိုင်းလို့ မရပါဘူး။
ဒါကြောင့် အသင်းတိုင်းက အရန်အင်အားတောင့်တင်း
ဖို့လည်း တည်ဆောက်ရပါတယ်။ အကောင်းဆုံးပွဲထွက်
၁၁ ဦးပါတဲ့အသင်းက ပွဲတစ်ပွဲချင်းစီကို နိုင်ဖို့သာ
လုံလောက်ပါတယ်။ တစ်ရာသီအတွင်း ယှဉ်ပြိုင်ရမယ့်
ဆုဖလားက ပြည်တွင်းဖလားသုံးလုံးနဲ့ ဥရောပအဆင့်
ဖလားတစ်လုံးရှိနေလို့ ဒီလိုဖလားတွေကို ရယူနိုင်ဖို့
အတွက်ဆိုရင် အရန်အင်အားတောင့်တင်းမှသာ
ဖြစ်နိုင်မှာပါ။ အရန်ခုံတန်းမှာ အကောင်းဆုံးကစားသမား
ခုနစ်ဦးလောက်ရှိဖို့ လိုအပ်တဲ့အတွက် ဒီလိုတည်ဆောက်မှုမှာ ဘယ်အသင်းတွေက အရန်ကစားသမားအင်အား
အကောင်းဆုံးဖြစ်မလဲဆိုတာကို လေ့လာကြည့်ရအောင်။

-ပီအက်စ်ဂျီ

အကောင်းဆုံး အရန်ကစားသမားခုနစ်ဦး

အာရီယိုလာ၊ မူနီယာ၊ သီယာဂိုဆေးလ်ဗား၊ ဒရက်ဇ်
လာ၊ အန်ကန်ကူ၊ တီမိုသီဝီယာ၊ ဒီမာရီယာ။

ဂျာမနီနိုင်ငံသားနည်းပြ သောမတ်တူချယ်ကို
နည်းပြသစ်အဖြစ်ခန့်အပ်ထားတဲ့ ပီအက်စ်ဂျီက ပြင်သစ်
လီဂူးဝမ်းပြိုင်ပွဲမှာကစားနေပေမယ့် ဥရောပထိပ်တန်း
အသင်းတွေထဲ ကစားသမားအင်အားအကောင်းဆုံး
အသင်းအဖြစ် သတ်မှတ်ရမှာပါ။ ဒီနွေဈေးကွက်မှာ
ဂျူဗင်တပ်စ်ကထွက်လာတဲ့ ၀ါရင့်ဂိုးသမားကြီး ဘူဖွန်
ကိုအလွတ်ခေါ်ယူလိုက်နိုင်လို့ အသက် ၂၅ နှစ်
သာရှိသေးတဲ့ ပါရမီရှင် ဂိုးသမားလေး အာရီယိုလာက
အတွေ့အကြုံအရ ဘူဖွန်ကိုမကျော်နိုင်တာကြောင့်
အရန်ခုံတန်းရောက်သွားရမယ့်သူပါ။ ဘယ်လ်ဂျီယံနဲ့
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးတောင်ပံခံ
စစ်၊ တိုက်စစ်သမားအဖြစ် ကစားနိုင်ခဲ့တဲ့ မူနီယာ၊
ဘရာဇီးဝါရင့်ခံစစ်မှူး သီယာဂိုဆေးလ်ဗားတို့ကလည်း
ပီအက်စ်ဂျီလိုအသင်းမှာ အရန်အဖြစ်သာ နေရာရနိုင်ပါ
တယ်။ အသက် ၂၀ သာရှိသေးပြီး ပြီးခဲ့တဲ့ရာသီမှာ
ခြေစွမ်းတောက်ပခဲ့တဲ့ အန်ကန်ကူ၊ အသက် ၁၈ နှစ်သာ
ရှိသေးတဲ့ ဂျော့ခ်ျဝီယာရဲ့သား တီမိုသီဝီယာတို့ကလည်း
အတောက်ပဆုံး အနာဂတ်ပိုင်ရှင်တွေဖြစ်ပေမယ့်
အရန်ခုံတန်းမှာသာရှိရမှာပါ။ ဒရက်ဇ်လာနဲ့ ဒီမာရီယာ
တို့ဆိုရင်လည်း ဘယ်အသင်းပြောင်းပြောင်း ပွဲထွက်
ကစားသမားဘ၀ရနိုင်ပေမယ့် ပီအက်စ်ဂျီမှာတော့
အရန်အဆင့်သာရှိနိုင်လို့ အရန်အင်အားမှာ ပီအက်စ်ဂျီ
ကစားသမားတွေရဲ့ တန်ကြေးနဲ့ စွမ်းဆောင်ရည်က
အကောင်းဆုံးပုံစံမှာရှိနေပါတယ်။

အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်း

ဘူဖွန်၊ အဲလ်ဗက်စ်၊ ကင်ပမ်ပီ၊ မာကွင်ဟို့စ်၊ ကာဇာ
ဝါ၊ ဗာရတ်တီ၊ ဂျီယိုဗန်နီလိုဆယ်လို၊ ရာဘီယော့၊ အမ်
ဘပ်ပီ၊ ကာဗာနီ၊ နေမာ။

အရန်စာရင်းပြင်ပရောက်ကစားသမားကောင်းများ

ကီဗင်ထရပ်၊ လက်ဆာနာဒီယာရာ၊ ဂျီဆီ၊ ဂွန်ကာလို
ဂူဒက်စ်။

-ဂျူဗင်တပ်စ်

အကောင်းဆုံး အရန်ကစားသမားခုနစ်ဦး

မတ်တီယာပါရင်၊ ဟီဂူအင်၊ ဘာနာဒက်ချီ၊
ဒေါက်ဂလက်စ်ကော်စတာ၊ ဘန်တန်ကာ၊ ဘာဇာဂလီ၊
မာတိုင်ဒီ။

ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့
စီရော်နယ်ဒိုရောက်လာခြင်းကြောင့် အားလုံးရဲ့
အာရုံစိုက်ခံရတဲ့ ဂျူဗင်တပ်စ်အသင်း အရန်အင်အား
ကလည်း တောင့်တင်းလွန်းလှပါတယ်။ စီရော်နယ်ဒို
ရောက်လာခြင်းကြောင့် အသင်းအတွက် ၁၀၅ ပွဲမှာ
၅၅ ဂိုးသွင်းပေးနိုင်ခဲ့တဲ့ ဟီဂူအင်လည်း အသင်းမပြောင်း
ဖြစ်ခဲ့ရင် အရန်စာရင်းကို ရောက်သွားမှာပါ။ ဘူဖွန်ထွက်
သွားလို့ ဂျူဗင်တပ်စ်က ထိပ်တန်းဂိုး သမားမတ်တီယာပါရင်ကို ခေါ်ယူခဲ့ပေမယ့် အတွေ့အကြုံပိုင်းအရ ၀ါရင့်တဲ့
ဆက်ဇီနီသာ ပွဲထွက်ခွင့်ရနိုင်လို့ ပါရင်ကိုလည်း အရန်
ဂိုးသမားအဖြစ်သာ သတ်မှတ်ရပါမယ်။ ပြင်သစ်နဲ့
ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ မာတိုင်ဒီ၊ အသက် ၃၇
နှစ်ရှိပြီဖြစ်ပေမယ့် အကောင်းဆုံးခံစစ်မှူးတစ်ဦးအဖြစ်
ကစားနိုင်သေးတဲ့ ဘာဇာဂလီ၊ ဘရာဇီးနဲ့ ကမ္ဘာ့
ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ ဒေါက်ဂလက်စ်ကော်စတာ၊
ကြံ့ခိုင်မှုပြန်ရလာတဲ့ ဘာနာဒက်ချီ၊ ဥရုဂွေးအသင်းနဲ့
ကမ္ဘာ့ဖလားပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဘန်တန်ကာတို့ကလည်း
ဂျူဗင်တပ်စ်အရန်ခုနစ်ဦးစာရင်းမှာပါဝင်မယ့်သူတွေ
ဖြစ်ပါတယ်။

အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်း

ဆက်ဇီနီ၊ ကန်စယ်လို၊ ချီရယ်လီနီ၊ ဘီနာတီယာ၊
အဲလက်ဆန်ဒရို၊ မာချီစီယို၊ အမ်မရီကန်၊ ပီဂျာနစ်၊ မန်ဇူ
ကစ်၊ စီရော်နယ်ဒို၊ ဒိုင်ဘာလာ။

အရန်စာရင်းပြင်ပရောက်ကစားသမားကောင်းများ

ဆစ်ဂလီယို၊ရူဂါနီ၊ စတူရာယို၊ ကွာဒရာဒို၊ ကယ်လ်
ဒါရာ၊ ခီဒီယာ။

-ဘိုင်ယန်

အကောင်းဆုံး အရန်ကစားသမားခုနစ်ဦး

ဆဗန်ရူလ်ရစ်ခ်ျ၊ ဆန်ဒရိုဝက်ဂ်နာ၊ နစ်ကလပ်ဆူလီ၊
ဂိုရတ်ဇ်ကာ၊ ကင်စလေကိုးလ်မန်း၊ အာဂျန်ရော်ဘင်၊
အာတူရိုဗီဒယ်။

လက်ရှိမှာ ဘိုင်ယန်အသင်းက အသက်ကြီးကစား
သမားတွေ ခြေကျလာချိန်၊ လူငယ်မျိုးဆက်သစ်တွေက
လည်း ၀ါရင့်ကစားသမားတွေရဲ့ ခြေစွမ်းမျိုးကို မရနိုင်
သေးချိန်ဖြစ်နေတဲ့အတွက် နည်းပြသစ်နီကိုကိုဗက်
အခက်တွေ့နိုင်တဲ့ရာသီဖြစ်ပါတယ်။ ကင်စလေကိုးလ်မန်း
ဆိုရင် အသက် ၂၂ နှစ်သာရှိသေးပြီး ခြေစွမ်းကောင်းပေ
မယ့်ဒဏ်ရာပြဿနာတွေကြောင့် ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ
မှာပွဲ ၂၀ သာကစားနိုင်ခဲ့လို့ ဟော့ဖန်ဟိမ်းကို အငှားသွား
ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆာဂျီဂနာဘရီကို အဓိကထားပွဲထွက်စေနိုင်ပါတယ်။ ရော်ဘင်လည်း အသက်အရွယ်အရ ပွဲတိုင်းကစားနိုင်တဲ့အနေအထားမရှိတော့သလို
အသက် ၃၁ နှစ်အရွယ်ရောက်လာပြီဖြစ်တဲ့ ဗီဒယ်လည်း
ဂျူဗင်တပ်စ်ကလို ခြေစွမ်းမျိုးမရတော့ပါဘူး။ ဆန်ဒရို
ဝက်ဂ်နာလည်း တိုက်စစ်မှူးကောင်းဖြစ်ပေမယ့် လီဝန်
ဒေါစကီးရှိနေလို့ အရန်အဖြစ်သာ ရှိနေမှာပါ။ နစ်ကလပ်
ဆူလီလည်း အသက် ၂၂ နှစ်သာရှိသေးလို့ အတွေ့အကြုံ
ပိုင်းလိုအပ်သေးသလို ဂိုရတ်ဇ်ကာလည်း ဂျာမနီလက်ရွေး
စင်အသင်းခေါင်းဆောင်တိုနီကရူးစ် လက်သစ်ဖြစ်လာဖို့
လိုအပ်ချက်တွေရှိနေသေးလို့ အရန်အဖြစ်သာရှိပါလိမ့်
မယ်။

အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်း

နူအာ၊ ကင်မစ်ခ်ျ၊ ဟမ်မဲလ်၊ ဘိုတန်၊ အလာဘာ၊
ဂျာဗီမာတီနက်ဇ်၊ သီယာဂိုအယ်လ်ကန်တာရာ၊ ဂျိမ်းစ်
ရိုဒရီဂွက်ဇ်၊ ဆာဂျီဂနာဘရီ၊ လီဝန်ဒေါစကီး၊ သောမတ်စ်
မူလာ။

အရန်စာရင်းပြင်ပရောက်ကစားသမားကောင်းများ

တိုလစ်ဆို၊ ရီဘာရီ၊ ဆီဗက်စတီယန်ရူဒီ၊ ရေနာတို
ဆန်းချက်ဇ်၊ ရာဖင်ဟာ။

-လီဗာပူး

အကောင်းဆုံး အရန်ကစားသမားခုနစ်ဦး

ကာရီယက်စ်၊ ဂျိုးဂိုမက်ဇ်၊ ၀စ်ခ်ျနယ်လ်ဒန်၊ စတာရစ်ခ်ျ၊
ရှာကွီယီ၊ ဂျိမ်းစ်မီလ်နာ၊ လယ်လာနာ။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ပြီးမှ
ရှုံးခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အဆင့်(၄)သာရခဲ့တဲ့
လီဗာပူးရဲ့ အဓိကအားနည်းချက်က အရန်အင်အား
မတောင့်တင်းခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီမှာ
နည်းပြ ဂျာဂန်ကလော့က အကောင်းဆုံးပြင်ဆင်မှု
အဖြစ် ကွင်းလယ်မှာ နာဘီကီတာနဲ့ ဖာဘင်ဟိုတို့ကို
ခေါ်ယူလိုက်တဲ့အတွက် ၀စ်ခ်ျနယ်လ်ဒန်နဲ့ ဂျိမ်းစ်မီလ်နာ
တို့ အရန်စာရင်းကိုရောက်သွားမှာပါ။ ဆွစ်ဇာလန်အသင်း
နဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ရှာကွီယီ
ကို ခေါ်ယူထားပေမယ့် အသင်းရဲ့ အထိုင်တောင်ပံကစား
သမားတွေအဖြစ် မာနေးနဲ့ ဆာလက်ခ်ျတို့ရှိနေပြီးသား
ဖြစ်လို့ သူလည်း အရန်အဖြစ်သာရှိမှာပါ။ ဂိုးသမားသစ်
အဖြစ် ကမ္ဘာ့စံချိန်တင်ဈေးနဲ့ခေါ်လိုက်တဲ့ အဲလစ်ဆန်
ကြောင့် ကာရီယက်စ်လည်း အရန်ဖြစ်သွားပါပြီ။ ဒဏ်ရာ
ပြဿနာတွေနဲ့ လုံးပန်းနေရတဲ့စတာရစ်ခ်ျ၊ အသက် ၃၀
ရှိပြီဖြစ်တဲ့ လယ်လာနာတို့ကလည်း လက်ရှိအခင်း
အကျင်းမှာ အရန်အဖြစ်သာရှိနေမှာသေချာပါတယ်။
ချမ်ဘာလိန်ကတော့ ဒူးဒဏ်ရာပြင်းထန်စွာရရှိထားလို့
ရာသီအစမှာ ပါဝင်နိုင်ဖို့ မရှိတော့ပါဘူး။ လက်ရှိ
လူအင်အားနဲ့ လီဗာပူးက မန်စီးတီးကို ယှဉ်နိုင်ဖို့ အလား
အလာအကောင်းဆုံးဖြစ်နေမှာပါ။

အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်း

အဲလစ်ဆန်၊ အလက်ဇန္ဒားအာနိုး၊ လိုဗရန်၊ ဗန်ဒစ်၊
အန်ဒရူးရော်ဘတ်ဆန်၊ ဖာဘင်ဟို၊ ဟန်ဒါဆန်၊ နာဘီ
ကီတာ၊ ဆာဒီယိုမာနေး၊ ဖာမင်နို၊ ဆာလက်ခ်ျ။

အရန်စာရင်းပြင်ပရောက်ကစားသမားကောင်းများ

မစ်ဂနိုလက်၊ နသန်နီရယ်ကလိုင်း၊ ရက်ဂ်နာကလာ
ဗန်၊ အဲလ်ဘာတိုမိုရီနို၊ ဂျိုရယ်မာတစ်၊ ဒန်နီအင်းစ်၊
ဆိုလန်ကီ၊ ချမ်ဘာလိန်၊ ဘန်ဝုဒ်ဘန်း။

-မန်ယူ

အကောင်းဆုံး အရန်ကစားသမားခုနစ်ဦး

ရိုမာရို၊ ဒီယေဂိုဒါလော့၊ ဖီးလ်ဂျုံးစ်၊ အန်ဒါဟာရဲယား၊
စမောလင်း၊ မာတာ၊ ရက်ရှ်ဖို့ဒ်။

အရန်ခုံမှာထိုင်ရမယ့်ကစားသမားခုနစ်ဦးရဲ့အသက်
ကိုပျမ်းမျှချကြည့်ရင် တခြားအသင်းအရန်ခုနစ်ဦး
ထက် ပိုငယ်တာကိုတွေ့ရမှာပါ။ ကစားသမား
သစ်ဒါလော့ကလည်း ငယ်သေးလို့ ပွဲထွက်ခွင့်ရဖို့ အချိန်
ပေးရဦးမယ့်သူပါ။ မာရှယ်ကတော့ မော်ရင်ဟိုနဲ့ဆက်
ဆံရေးမပြေလည်မှုကြောင့် အရန်ကစားသမားစာရင်းဝင်
နိုင်ဖို့မလွယ်ပါဘူး။ ဟာရဲယားလည်း လိုအပ်မှ လူစားဝင်
ကစားသမားအဖြစ်အသုံးပြုခံရမှာပါ။ မာတာလည်း
မော်ရင်ဟိုရဲ့ ကွင်းလယ်ကစားကွက်မှာ ဦးစားပေးခံရ
မယ့်သူမဟုတ်လို့ အရန်စာရင်းမှာပဲရှိနေဦးမှာပါ။

အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်း

ဒီဂီယာ၊ ဗလင်စီယာ၊ ဘိုင်လေ၊ လင်ဒီလော့ဖ်၊
အက်ရှ်လေယန်း၊ မာတစ်၊ ဖရတ်၊ ပေါ့ဂ်ဘာ၊ ဆန်းချက်ဇ်၊
လူကာကူ၊ လင်ဂတ်။

အရန်စာရင်းပြင်ပရောက်ကစားသမားကောင်းများ

မားကို့စ်ရိုဂျို၊ မာရှယ်၊ ပါရီးယား၊ လုခ်ရှော၊ တိုမင်နေး၊
မတ်တီယိုဒါမီယန်း။

-မန်စီးတီး

အကောင်းဆုံး အရန်ကစားသမားခုနစ်ဦး

ဘရာဗို၊ မာရက်ဇ်၊ ဖီးလ်ဖိုဒန်၊ အဂူရို၊ ဘာနာဒို
ဆေးလ်ဗား၊ အော့တမန်ဒီ၊ ဂန်ဒိုဂန်။

ပြီးခဲ့တဲ့ရာသီက မန်ယူကို ၁၉ မှတ်ဖြတ်ပြီး ပရီးမီး
ယားလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့ မန်စီးတီးအသင်းက ဒီနွေရာသီ
အပြောင်းအရွေ့ဈေးကွက်မှာ ပထမဆုံးခေါ်ယူမှုအဖြစ်
အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နဲ့
မာရက်ဇ်ကို ခေါ်ယူခဲ့တာပဲရှိပါတယ်။ မန်စီးတီးကွင်းလယ်မှာဒီဘရိုင်းနဲ့ ဒေးဗစ်ဆေးလ်ဗား တို့ရှိနေပြီးသားဖြစ်လို့
ဘာနာဒိုဆေးလ်ဗားနဲ့ မာရက်ဇ် တို့က ကမ္ဘာ့ထိပ်တန်း
ကွင်းလယ်ကစားသမားတွေဖြစ်ပေမယ့် အရန်ခုံမှာပဲ
ထိုင်ရမှာပါ။ ဖိုလ်ဒန်က အသက် ၁၈ နှစ်သာရှိသေးလို့
ပညာသင်ရဦးမှာပါ။ နည်းပြဂွါဒီယိုလာရဲ့ ပွဲထွက်စာရင်း
မှာ အဂူရိုကိုလည်း ဂျီးဆက်နောက် ဒုတိယဦးစားပေး
တိုက်စစ်မှူးအဖြစ်ပဲ ရှိနေဦးမှာပါ။

အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်း

အီဒါဆန်၊ ကီလီဝေါ်လ်ကာ၊ ကွန်ပနီ၊ လာပေါ်တီ၊
ဘင်ဂျမင်မန်ဒီ၊ ဖာနန်ဒင်ဟို၊ ကီဗင်ဒီဘရိုင်း၊ ဒေးဗစ်
ဆေးလ်ဗား၊ လီရွိုင်းဆာနီ၊ ဂါဘရီရယ်ဂျီးဆက်၊ စတာ
လင်း။

အရန်စာရင်းပြင်ပရောက်ကစားသမားကောင်းများ

ဖေဘီယန်ဒဲလ်၊ ဒါနီလို၊ ဂျွန်စတုန်း၊ ဇင်ချန်ကို၊ ဘရာ
ဟင်ဒီယက်ဇ်။

-ရီးယဲလ်

အကောင်းဆုံး အရန်ကစားသမားခုနစ်ဦး

ကီကိုကာဆီလာ၊ ဗီနီးစီးယက်စ်ဂျူနီယာ၊ အဆန်စီယို၊
ကိုဗာဆစ်၊ အိုဒရီယိုဇိုလာ၊ နာချို၊ လူးကပ်စ်ဗက်ဇ်ကွက်။

ရီးယဲလ်အသင်းကတော့ စီရော်နယ်ဒိုထွက်သွားတဲ့
နေရာမှာ အခုထိ သင့်တော်တဲ့ အစားထိုးနိုင်မှုမရှိ
သေးလို့ ခန့်မှန်းရခက်တဲ့အနေအထားပါ။ ဒါပေမဲ့
အသင်းရဲ့ အကောင်းဆုံးပွဲထွက် ၁၁ ဦးစာရင်းကတော့
စီရော်နယ်ဒို မပါတာကလွဲပြီး အပြောင်းအလဲသိပ်မရှိ
နိုင်ပါဘူး။ ဂါရတ်ဘေးလ်ရဲ့ အခန်းကဏ္ဍကတော့
ဒီရာသီမှာ ပိုပြီးအရေးပါလာမှာဖြစ်ပါတယ်။ တိုက်စစ်မှူး
အသစ် ဘယ်သူရောက်လာမလဲဆိုတာပဲ စိတ်ဝင်စား
ဖို့ကောင်းတာပါ။

အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်း

နာဗက်ဇ်၊ ကာဗာဂျယ်၊ ဗာရာနီ၊ ရာမို့စ်၊ မာဆယ်လို၊
ကက်စီမိုင်ရို၊ မိုဒရစ်၊ တိုနီကရူးစ်၊ ဘေးလ်၊ ဘင်ဇီမာ၊
အစ္စကို။

အရန်စာရင်းပြင်ပရောက်ကစားသမားကောင်းများ

သီယိုဟာနန်ဒက်ဇ်၊မာယိုရယ်၊ မားကို့စ်လိုရန်တီ၊
ဗယ်လီဂျို၊ ကာဘယ်လော့စ်၊

ဇေယျာ

No comments:

Post a Comment