Latest News

Sunday, July 29, 2018

နက္ခတ်တာရာကြည့်သူများကိုဆွဲဆောင်နိုင်ခဲ့သော ၂၁ ရာစု၏ အချိန်အကြာဆုံးလကြတ်မှု

နက္ခတ်တာရာကြည့်သူများကိုဆွဲဆောင်နိုင်ခဲ့သော ၂၁ ရာစု၏ အချိန်အကြာဆုံးလကြတ်မှု

လကြတ်ခြင်းဖြစ်စဉ်သည် လပြည့်ညများ
တွင်ဖြစ်ပွားလေ့ရှိသည်။ သာမန်အားဖြင့်
လကြတ်ခြင်းသည် အချိန်အနည်းငယ်သာ
ကြာမြင့်သည်။ သို့သော် ၂၁ ရာစု၏အချိန်
အကြာဆုံးလကြတ်ခြင်းဖြစ်စဉ်သည် ဇူလိုင်
၂၇ ရက်ညပိုင်းတွင်ဖြစ်ပွားပြီး ကမ္ဘာတစ်ဝန်း
ရှိ နက္ခတ်တာရာကြည့်သူအများစုကို
ဆွဲဆောင်နိုင်ခဲ့သည်။

လအပြည့်ကြတ်ခြင်းသည် ၁ နာရီ ၄၂
မိနစ် ၅၇ စက္ကန့်ကြာမြင့်ပြီး ကမ္ဘာ၏အရိပ်
ဖျော့ထဲသို့လ၀င်ရောက်ခြင်းနှင့် အရိပ်ဖျော့
မှပြန်ထွက်ခြင်းတို့အတွက် ကြာမြင့်ချိန်များ
နှင့်ပေါင်းလိုက်ပါက လကြတ်ခြင်းဖြစ်စဉ်မှာ
လေးနာရီနီးပါးကြာမြင့်ခဲ့သည့်အတွက် ၂၁
ရာစု၏ အချိန်အကြာဆုံးလကြတ်ခြင်းဖြစ်
သည်။

ထိုသို့လကြတ်ခြင်းဖြစ်စဉ်အပြည့်အစုံကို
ဥရောပ၊ ရုရှား၊ အာဖရိက၊ အရှေ့အလယ်
ပိုင်း၊ သြစတြေးလျနှင့် အာရှတိုက်ရှိနေရာ
အများစုမှတွေ့မြင်ခဲ့ကြသည်။ မြောက်အမေ
ရိကနှင့် ပစိဖိတ်ဒေသရှိနေရာအများစုကမူ
တွေ့မြင်နိုင်ခဲ့ခြင်းမရှိပေ။

လကြတ်ခြင်းဖြစ်စဉ်မှာ ကမ္ဘာကိုလှည့်ပတ်
နေသည့်လသည် နေအလင်းရောင်ကြောင့်
ထွက်ပေါ်လာသော ကမ္ဘာ၏အရိပ်စစ်ထဲသို့
ဝင်ရောက်သွားခြင်းကြောင့် ဖြစ်ပေါ်ရခြင်း
ဖြစ်သည်။ လက ကမ္ဘာ၏အရိပ်ထဲသို့စတင်
ဝင်ရောက်ချိန်နှင့် ပြန်ထွက်ချိန်တို့တွင် လကို
အနီရောင် သို့မဟုတ် နီညိုရောင်ဖြင့်မြင်ရ
သည်။

ကမ္ဘာ့လေထုအပေါ်ကျရောက်သော နေ
ရောင်ခြည်အချို့သည် ကမ္ဘာဂြိုဟ်၏အစွန်းမှ
နေ၍ လ၏မျက်နှာပြင်ပေါ်သို့ဖြာကျသည်။
ကမ္ဘာ့လေထုသည် အစိမ်းရောင် သို့မဟုတ်
အပြာရောင်ကဲ့သို့ လှိုင်းတိုအလင်းများကို
ပြန့်ကျဲသွားစေသည့်အတွက် အနီရောင်ကဲ့
သို့ လှိုင်းအလျားရှည်သောအလင်းရောင်သာ
ကျန်ရှိတော့ပြီး ထိုအလင်းက လ၏မျက်နှာ
ပြင်ပေါ်သို့ကျရောက်ခြင်းကြောင့် လကိုအနီ
ရောင် သို့မဟုတ် နီညိုရောင်ဖြင့်မြင်တွေ့ရ
ခြင်းဖြစ်သည်။

လသည် ကမ္ဘာကိုဘဲဥပုံအ၀ိုင်းပတ်
လမ်းဖြင့် လှည့်ပတ်နေခြင်းဖြစ်သည်။ ယခု
အခါ လသည် ကမ္ဘာနှင့်အဝေးဆုံးနေရာရှိ
ပတ်လမ်းကြောင်းပေါ်တွင် ရောက်ရှိနေ
သည့်အတွက် ကမ္ဘာဂြိုဟ်မှနေ၍ လကို
အသေးဆုံးအရွယ်အစားဖြင့်မြင်တွေ့ရခြင်း
ဖြစ်သည်။

ထို့ပြင် အဆိုပါပတ်လမ်းနေရာတွင် လက
ကမ္ဘာကိုပတ်သည့်အချိန်မှာလည်းကြာမြင့်
သည်။ ထို့ကြောင့် ယခုဖြစ်ပေါ်ခဲ့သည့်
လကြတ်ခြင်းဖြစ်စဉ်သည် ၂၁ ရာစုအတွက်
အချိန်အကြာဆုံးဖြစ်စဉ်အဖြစ် မှတ်တမ်း
ဝင်သွားခြင်းဖြစ်သည်။

ယခုနှစ်အတွက်ထူးခြားသောဖြစ်စဉ်တစ်
ခုရှိသေးသည်။ ထိုဖြစ်စဉ်မှာ ကမ္ဘာနှင့်အနီး
ဆုံးဂြိုဟ်ဖြစ်သည့် ဂြိုဟ်နီကြီးဟုခေါ်သော
အင်္ဂါဂြိုဟ်မှာလည်း ကမ္ဘာနှင့်အနီးဆုံးရှိ
ပတ်လမ်းကြောင်းသို့ရောက်ရှိနေခြင်းဖြစ်
သည်။ ထို့ပြင် လနှင့်အနီးဆုံးသို့လည်း
ရောက်ရှိနေသည်။ ထို့ကြောင့် လနှင့်အနီး
တွင် အနီရောင်ကြယ်တစ်စင်းကို မြင်တွေ့
ရခြင်းဖြစ်သည်။

နောက်တစ်ကြိမ် လကြတ်ခြင်းဖြစ်စဉ်မှာ
၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်တွင်ဖြစ်ပွား
မည်ဖြစ်ပြီး မြောက်အမေရိကဒေသမှနေ၍
အပြည့်အ၀မြင်တွေ့ရမည်ဖြစ်သည်။ ကြာ
မြင့်ချိန်မှာ ၁ နာရီ ၂ မိနစ်သာကြာမြင့်မည်
ဖြစ်သည်။

MWD

No comments:

Post a Comment