မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ
တာဝန်ရှိသူများ၊ ဖျာပုံမြို့ရှိ အချုပ်ခန်းများနှင့်
အကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေး
ရန်ကုန် ဇူလိုင် ၂၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ရှိ အချုပ်ခန်းများနှင့် အကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖျာပုံမြို့မရဲစခန်း အချုပ်ခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။ ထို့နောက် အကျဉ်းဦးစီးဌာန ဖျာပုံအကျဉ်းထောင်သို့သွားရောက်ကာ အကျဉ်းသားများအား အိပ်ဆောင်ရှိ အခန်းခုနစ်ခန်းတွင် လည်းကောင်း၊ အကျဉ်းသူ၊ အချုပ်သူများအား အမျိုးသမီးအဆောင်တွင်လည်းကောင်း တွေ့ဆုံ၍ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ရှိ၊ မရှိ တို့ကို စစ်ဆေးမေးမြန်းပြီး အကျဉ်းသား၊ အကျဉ်းသူအိပ်ဆောင်များ၊ စားဖိုကြီး၊ စာကြည့်တိုက်များနှင့် ဆေးပေးခန်းတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် အကျဉ်းထောင်ရှိ အကျဉ်းသားများထဲမှ သီးခြားတွေ့ဆုံ တင်ပြလိုသူ အကျဉ်းသား ၁၁ ဦးကို တစ်ဦးချင်းတွေ့ဆုံ၍ အခက်အခဲများ မေးမြန်းခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လိုအပ်သလို အကြံပြုနိုင်ရန် မှတ်တမ်းတင်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ဖျာပုံမြို့ရှိ ခရိုင်၊ မြို့နယ် တရားရုံးအချုပ်ခန်းနှင့် ဖျာပုံခရိုင်ဆေးရုံကြီးတွင် ဆေးရုံအချုပ်ခန်း မရှိသဖြင့် ဝင်ရောက်ကြည့်ရှုပြီး လူ့အခွင့်အရေးရှုထောင့်မှ အကြံပြုချက်များကို ဆေးရုံအုပ်ကြီး၊ ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူးတို့နှင့်အတူ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ အဆိုပါကော်မရှင်အဖွဲ့ဝင်များသည် ဇူလိုင် ၂၃ ရက် နံနက် ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ရှိ အကျဉ်းဦးစီးဌာန၊ ဆားမလောက်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်း- ဇော်ကြီး၊ ဓာတ်ပုံ- ဖေဇော်
Tuesday, July 24, 2018
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ဖျာပုံမြို့ရှိ အချုပ်ခန်းများနှင့် အကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေး
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ဖျာပုံမြို့ရှိ အချုပ်ခန်းများနှင့် အကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေး
Reviewed by Ar Ti
on
9:57 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment