ဖားကန့်မြေပြိုမှုတွင် သေဆုံး၊ ဒဏ်ရာရရှိသူများအား
ထောက်ပံ့ ဒဏ်ရာရရှိသူများထဲမှ နှစ်ဦး ထပ်မံသေဆုံး
ဖားကန့် ဇူလိုင် ၁၅
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု ဆန်ခါကျေးရွာရှိ မဟာအစပထမကုမ္ပဏီ လုပ်ကွက် ဟောင်းအတွင်း ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်က အမြင့်ပေ ၃ဝဝ ခန့်ရှိ ကမ်းပါးယံပြိုကျမှုကြောင့် တစ်ဖက် မျက်နှာချင်းဆိုင် ကမ်းပါးယံတွင် ရေမဆေးကျောက် ရှာဖွေသူများအား ရေလှိုင်းရိုက်မိ၍ နုန်းကန်အတွင်းသို့ ပြုတ်ကျသေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာ ရရှိသူ ၄၅ ဦးထိရှိခဲ့ရာ ယနေ့တွင် နုန်းကန်အတွင်းနစ်မြုပ်နေသူများ ကျန်ရှိ၊ မရှိ ဆက်လက်ရှာဖွေမှုကို မိုးရွာနေမှု နှင့် အ္တရာယ်ဆက်လက်ဖြစ်ပွားနိုင် သည့် အခြေအနေအရ ရပ်ဆိုင်းထားပြီး ပျောက်ဆုံးစာရင်းစိစစ်မှုများ ထူးခြားမှု မရှိသေးကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများ အား ဇူလိုင် ၁၄ ရက် ည ၉ နာရီခန့်က ဖားကန့်ဆေးရုံကြီးသို့ လူနာ ၁၃ ဦး၊ မြစ်ကြီးနားဆေးရုံကြီးသို့ လူနာ ၁၉ ဦး လွှဲပြောင်းဆေးကုသမှုခံယူရန် လူမှု ကူညီရေး ယာဉ်များဖြင့် ပို့ဆောင်ပေး ခဲ့ပြီး လုံးခင်းဆေးရုံတွင် လူနာ ၁၃ ဦး ဆေးဝါးကုသမှုခံယူလျက်ရှိရာ ယနေ့ တွင် လုံးခင်းဆေးရုံမှ လူနာနှစ်ဦး ဆင်းသည့်အတွက် လူနာကိုးဦး ဆက် လက်ကုသမှုခံယူလျက်ရှိပြီး ဖားကန့် ဆေးရုံကြီးတွင် လူနာနှစ်ဦးဆင်း၊ လူနာ နှစ်ဦးအား မြစ်ကြီးနားဆေးရုံကြီးသို့ ထပ်မံလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိ လူနာ ကိုးဦး ဆေးဝါးကုသမှုခံယူလျက်ရှိသည်။
မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင် ကုသမှုခံယူစေသည့် စုစုပေါင်းလူနာ ၂၁ ဦးထဲမှ ယနေ့တွင် လူနာနှစ်ဦး ထပ်မံ သေဆုံးသွားကြောင်း ဆက်လက်သိရှိ ရရာ ကမ်းပါးယံပြိုကျမှုဖြစ်စဉ်ကြောင့် သေဆုံးသူပေါင်း ၁၇ ဦးအထိ ရှိလာခဲ့ ပြီဖြစ်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီစဉ်မှု ဖြင့် ကနဦးထောက်ပံ့ငွေများအဖြစ် သေဆုံးသူ ၁၇ ဦးအား နာရေး ထောက်ပံ့ငွေတစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် စုစုပေါင်း ၅၁ သိန်း၊ ဖားကန့်ဆေးရုံကြီးမှ လူနာ ကိုးဦးနှင့် လုံးခင်းဆေးရုံမှ လူနာ ၁၁ ဦးအား တစ်ဦးလျှင်ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ငွေ ကျပ် သိန်း ၂ဝ၊ မြစ်ကြီးနား ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူ လျက်ရှိသူ လူနာ ၁၉ ဦးအား တစ်ဦး လျှင်ငွေကျပ် တစ်သိန်းနှုန်းအပြင် မဟာအစပထမကုမ္ပဏီကလည်း တစ်ဦး လျှင် ငွေကျပ် တစ်သိန်းနှုန်း စုစုပေါင်း ငွေကျပ် ၃၈ သိန်းတို့ကို ကူညီထောက်ပံ့ခဲ့ ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment