Latest News

Sunday, July 15, 2018

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ်ခဲ့ကြသည့် လုပ်ကြံမှုကြီးအတွင်းရေးများနှင့် ဦးစော၏ ကြိုးစင်သို့အသွား ဝန်ခံစကားများ


ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ်ခဲ့ကြသည့် လုပ်ကြံမှုကြီးအတွင်းရေးများနှင့် ဦးစော၏ ကြိုးစင်သို့အသွား ဝန်ခံစကားများ


ဦးစောအား ထမင်းဝယ်ကျွေးရခြင်း
ထောင်ပိုင်ဝန်  ဦးတင်မောင်သည်လည်း  ယခင်ခေတ် ဟောင်းက နန်းရင်းဝန်တည်းဟူသော အရှိန်အဝါ၊ ဘုရင်ခံ၏  အကြံအစည်ဟူသည်တို့ကြောင့်  အင်းစိန်ဗဟိုထောင်ဘူးဝ ပထမထပ်တွင် ဦးစောအား နေရာချထားပေးလေသည်။ ဦးစော ရောက်ပြီး၍ ညနေ ၅ နာရီခန့်တွင် ၄င်း မနက်စာ ထမင်းပင် မစားမသောက်ရသေးသဖြင့်   ¤င်းအား   တစ်ခုခုကျွေးရန် ပြောလေရာ အင်းစိန်ဈေး ကာကာကုလားဆိုင်မှ ဒံပေါက် ထမင်း၊ ဟင်းများ ဝယ်ပြီးကျွေးလေသည်။
ထိုအချိန် ညနေ ၆ နာရီထိုးခါနီးရောက်မှ အင်းစိန်ရဲတပ်ဖွဲ့ မှ.ှု.ဏ ရဲအုပ်အရာရှိ  စောရဲလိုးနှင့ှ်.ှု.ဏ စောဂျိမ်းတာပ တို့နှစ်ယောက်  မော်တော်ဆိုင်ကယ်ဖြင့် ရောက်လာကြပြီး  မစ္စတာဘက်ကို အပြင်သို့ ခဏခေါ်ယူ၍ စာရွက်တစ်ရွက်ကို  ပေးအပ်လေသည်။
ထူးဆန်းသော ဖမ်းဝရမ်း
မစ္စတာဘက်က တစ်ဖန် ထောင်ပိုင်ဝန် ဦးတင်မောင်အား  လက်တို့၍  စာရွက်ကို  ပေးလိုက်လေသည်။   ထောင်ပိုင်ဝန် ဦးတင်မောင်သည် ထိုစာရွက်ကို ဖတ်ကြည့်လိုက်ရာ သက်ဆိုင် ရာမှ  ထုတ်လိုက်သော ဦးစောအား ဖမ်းဆီးထိန်းသိမ်းလိုက်သည့် ဖမ်းဝရမ်းအမိန့်စာ(Detention Order) ဖြစ်နေသည်ကို  သိလိုက်ရတော့သည်။
ထောင်ပိုင်ပရိယာယ် ဦးစောနားမလည်
သို့သော် ထောင်ပိုင်ဦးတင်မောင်သည် ထိုအမိန့်စာနှင့်  ပတ်သက်၍ ဦးစောအား အသိမပေးသေးဘဲ ဧည့်ခံကျွေးမွေး ပြီးနောက်မှ   ''ဦးစော၊  ကျွန်တော်တစ်ခုပြောပါရစေ။  အခု အင်းစိန်ဈေးပိုင်းတစ်ဝိုက်မှာလည်းပဲ  ဆူဆူပူပူတွေ ဖြစ်နေ ကြပြီတဲ့။  ဒါကြောင့်  ကျွန်တော်ဒီအပေါ်မှာ  ဦးစောအတွက်  လုံခြုံမှုမပေးနိုင်ပါဘူး။   ကျွန်တော့်မှာ   လက်နက်ကိုင်ဝါဒါ နည်းနည်းပဲ ရှိတယ်။ မလုံလောက်ဘူး။ ထောင်ကိုလာဝိုင်းကြရင် ခက်မယ်။   အဲဒီတော့   ကျွန်တော်အကြံပေးချင်ပါတယ်။ ထောင်အတွင်းက  ဆေးရုံဆိုရင် သပ်သပ်ရပ်ရပ်လည်းရှိတယ်။ လုံခြုံပါတယ်။ အဲဒီကို ရွှေ့ကြရအောင်လား'' ဟု ဦးတင်မောင် က အကြံပေးသလိုလို ပြောဆိုသည်။
တုန်လှုပ်ချောက်ချားနေသော ဦးစော
ထိုအကြံကို ထိုအချိန်က အတော်တုန်လှုပ်နေပြီဖြစ်သော  ဦးစောက လက်ခံလိုက်နာသဖြင့်  ထောင်ကြီးအတွင်းရှိ ဆေးရုံ ပေါ်သို့   ချက်ချင်းရွှေ့ပြောင်းလိုက်ပြီး  ဆေးရုံအဝင်အထွက် တံခါးပေါက်သော့ကို   ထောင်ပိုင်ဝန်  ဦးတင်မောင်ကိုယ်တိုင် ကိုင်တွယ်ထိန်းသိမ်းထားလိုက်ရသည်။ (ထိုစဉ်က သတင်းစာ များတွင် နိုင်ငံတော်လုပ်ကြံမှုကြီး၏ တရားခံများဖြစ်သည့်  ဦးစောနှင့် အပေါင်းပါတို့ကို အခင်းဖြစ်ပြီး တစ်နာရီအတွင်း  ဖမ်းဆီးလိုက်နိုင်သည်ဟု ဖော်ပြခဲ့ကြသည်။ သို့သော် အဖြစ်မှန် အတိုင်း လေ့လာကြည့်လျှင် ဗြိတိသျှတို့၏ အကြံအစည်များကို   သိနိုင်ကြမည် ဖြစ်ပါသည်။)
ဗမာပြည်မှာ အာဏာရဖို့ရာ
''ဗမာပြည်မှာ နိုင်ငံရေးဆက်လုပ်ပြီး နိုင်ငံရေးအာဏာ ရဖို့ဆိုတာ တို့ရဲ့ အတိုက်အခံအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ အားလုံးကို သတ်ဖြတ်ပစ်နိုင်ရမယ်။ ဒါ့အပြင် လက်နက်ကိုင် အများဆုံးနဲ့ နောက်လိုက်များများရှိတဲ့ နိုင်ငံရေးအဖွဲ့ကသာ  နိုင်ငံကို အုပ်စိုးနိုင်မယ်''
ဦးစော၏ လူသတ်ဝါဒလမ်းစဉ်
ဗြိတိသျှအလိုတော်ရိခေါင်းဆောင်ကြီး ဂဠုန်ဦးစောသည်  နိုင်ငံတော်လုပ်ကြံမှုကြီးတွင် ပါဝင်ကျူးလွန်ခဲ့ကြသူ လူသတ် သမား လူရမ်းကားတစ်စုတို့အား မိုက်ဇာတ်သွင်းဟောကြား ပေးခဲ့သော သူ၏ ''အကြံကုန် ဂဠုန်ဆားချက်၊ အကြံပက်စက်  လူသတ်ဝါဒ လမ်းòန်ချက်'' များဖြစ်ပါသည်။ ထိုဟောပြော ချက်များဖြင့် သူ၏ လက်ရင်းတပည့်များအား စည်းရုံးသိမ်းသွင်း ခဲ့ပုံ အဖုံဖုံတို့ကို ¤င်းနိုင်ငံတော်လုပ်ကြံမှုကြီးအား စစ်ဆေးသည့် အခါတွင် ဖော်ကောင်ဘညွန့်၏ ထွက်ဆိုချက်များမှ ကြားသိ ကြရသော စကားများဖြစ်ပါသည်။
ထင်သာထင် မဝင်ခဲ့ဘူး
ဦးစောသည် ထိုစဉ်က ထိပ်တန်းရောက်နေပြီဖြစ်သော  အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ  ကက်ဘိနက်အဖွဲ့ဝင်ဝန်ကြီးများအားလုံးကို သုတ်သင်ရှင်းလင်း ပစ်နိုင်ပြီဆိုလျှင် ဗြိတိသျှအစိုးရ မြန်မာပြည်ဆိုင်ရာ ဘုရင်ခံက  ¤င်းအား ခေါ်ယူပြီး အစိုးရအာဏာလွှဲအပ်အုပ်ချုပ်စေလိမ့် မည်ဟု တထစ်ချ ထင်မှတ်ပုံရလေသည်။
သခင်နုအစိုးရတက်ခဲ့ရ
သို့သော်    သူလုပ်ကြံရန်စေခိုင်းလိုက်သည့်အချိန်က လွတ်မြောက်နေသော ဖဆပလအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ သခင်နုကို   ဗြိတိသျှဘုရင်ခံက   ဝန်ကြီးချုပ်ရာထူးလက်ခံ၍  အစိုးရသစ်အမြန်ဆုံးဖွဲ့စည်းပါရန် တရားဝင်ဖိတ်ခေါ်တာဝန် ပေးခြင်းခံရလေသည်။   မကြာခင်   သခင်နု  ဦးဆောင်သော မြန်မာနိုင်ငံ   ဘုရင်ခံအမှုဆောင်ကောင်စီ  အစိုးရအဖွဲ့သစ် ဖွဲ့စည်းကြောင်း ကြေညာချက်ထွက်ပေါ်လာသည်။
နည်းစုံလမ်းစုံကြံစည်နေသော ဦးစော
ဦးစောကား အင်းစိန်ဗဟိုထောင်ကြီးထဲမှ ထွက်ပြေး လွတ်မြောက်ရန်  နည်းလမ်းအစုံစုံဖြင့်  အစွမ်းကုန်ကြံစည် ကြိုးကုတ်   အားထုတ်၍သာ   နေလေသည်။   အင်းစိန်ဗဟို အကျဉ်းထောင်ကြီးတစ်ဝိုက်တွင်လည်း လုံခြုံရေးအစောင့်များ တင်းကျပ်ထားသည်နှင့် ကြုံတွေ့နေရလေသည်။
ဘုရင်ခံထံ လျှို့ဝှက်စာပို့ပြီ
ထိုအထဲ ဦးစောသည် အကြံတစ်မျိုးဖြင့် ကြံစည်ကြိုးစား ပြန်သည်။   အင်္ဂလိပ်စာဖြင့်   ဦးစောကိုယ်တိုင်ရေးသော စာနှစ်စောင်ကို   ဘုရင်ခံထံသို့ ပို့ပေးရန်   ထောင်မှူးကြီး ဦးဟန်တင်အား စည်းရုံးပြီး အကူအညီတောင်းလေသည်။  ထိုစာကို  ပို့ပေးသည့်အတွက်  ဦးဟန်တင်ကို   ဂိုးလ်ဒင်းပတ် သံပုံးဖြင့်   စိန်တစ်ပုံးပေးလိုက်ရန်   ဇနီး ဒေါ်သန်းခင်ထံသို့ စာတစ်စောင်ရေး၍ ပေးလိုက်လေသည်။
ဘုရင်ခံထံသို့ ဦးစောစာပို့
ထိုစာများကို ထောင်ပိုင်မှတစ်ဆင့် ထိုစဉ်က တရားရေး ဝန်ကြီးဌာန အတွင်းဝန်နှင့် အကျဉ်းဌာနမင်းကြီးအဖြစ် တွဲဖက် တာဝန်ယူထားရသူ အတွင်းဝန် ဦးသောင်းစိန်ထံတင်ပြပြီး  အင်းစိန် C.I.D  တွင် ထိုစာတို့ကို ဓာတ်ပုံရိုက်ကူးယူပြီးနောက်  ဖဆပလအစိုးရ၏   သဘောတူခွင့်ပြုချက်အရ  မူရင်းစာကို  ဘုရင်ခံထံသို့  ပေးပို့စေလိုက်သည်ဟု  ဆိုပါသည်။  ဗြိတိသျှ ဘုရင်ခံထံမှ       ထူးခြားချက်    တစ်စုံတစ်ခုမျှ      ထွက်ပေါ် မလာခဲ့ပေ။
ထင်သလိုဖြစ်မလာခဲ့၍
ဦးစောထင်သလို ဖြစ်မလာနိုင်တော့သည်သာမက ဦးစော နှင့် အပေါင်းအပါများ ကျူးလွန်ခဲ့သော နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်သည့် ရာဇဝတ်ပြစ်မှုကြီးကို စီရင်ဆုံးဖြတ်ရန် တရားစီရင် ရေးခုံရုံးကို ထိုစဉ်က ဘုရင်ခံဖြစ်သူ ဆာဟူးဘတ်ရန့်(စ်)(Sir Hubert Rance) က ဖွဲ့စည်းလေသည်။   တရားလွှတ်တော် တရားသူကြီး ဦးကျော်မြင့်ကို  ခုံရုံးသဘာပတိအဖြစ်  ရွေးချယ်၍ သ္ဘာရင့်    ဥပဒေပညာရှင်များထဲမှ     ခုံရုံးအဖွဲ့ဝင်အဖြစ် သင့်တော်မည့်  ပုဂ္ဂိုလ်နှစ်ဦး    ဖြည့်စွက်ခန့်ထားရန်   စီစဉ် ရွေးချယ်ရာတွင် မမျှော်လင့်ဘဲ အခက်အခဲများနှင့် ကြုံတွေ့ ရသည်။
တရားစီရင်ရေးခုံဖွဲ့သည်အထိ အခက်တွေ့ခဲ့
ဘုရင်ခံက  လျာထားသူ  တရားရေးဆိုင်ရာ  တရားသူကြီး အားလုံးလိုလိုက  ¤င်းခုံရုံးတာဝန်ကို  မထမ်းဆောင်လိုကြပေ။  သူတို့မှာ နှလုံးရောဂါရှိသည်၊ သွေးတိုးရောဂါရှိသည်စသည်ဖြင့်  ဆင်ခြေပေး၍  ရှောင်တိမ်းကြလေသည်။  သို့ဖြင့်  ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)သည် နောက်ဆုံးတွင် သ္ဘာရင့်စက်ရှင်  တရားသူကြီး ဦးအောင်သာကျော်နှင့် ဦးစီဘူးတို့ဖြင့် ၁၉၄၇ စက်တင်ဘာလ ၂ဝ ရက်နေ့တွင်မှ အထူးခုံရုံးကို တရားဝင် ခန့်အပ်ဖွဲ့စည်းပြီး တာဝန်ပေးနိုင်ခဲ့လေသည်။
ဦးစောအမှု စတင်စစ်ဆေးခြင်း
ထိုနှစ်  စက်တင်ဘာ  ၂၄  ရက်နေ့တွင်  ဦးစောတို့၏ နိုင်ငံတော်လုပ်ကြံမှုကြီးကို အင်းစိန်ထောင်တွင်း၌ ဖွဲ့စည်း ထားရှိသော အထူးတရားခုံရုံးမှ ပထမဆုံးစစ်ဆေးကြားနာမှု စတင်ပြီး တရားလိုဘက်မှ စွပ်စွဲလျှောက်လဲချက်ကို ဦးစွာ ကြားနာသည်။ ထို့နောက် ဘုရင့်သက်သေများကို စစ်ဆေး သည်။ အမှုမှာ ဗြိတိသျှဘုရင်အစိုးရနှင့် ဦးစောနှင့် အပေါင်းအပါ  ကိုးဦးတို့ အမှုဖြစ်ပါသည်။
ဦးစောအထွန့်တက်မှုကြောင့် ရွှေ့ဆိုင်းခဲ့ရ
ထိုခုံရုံးမှာ စစ်ဆေးသည်မှ မစရသေး၊ ဦးစော  အထွန့် တက်မှုကြောင့်  တစ်လခန့်  ဆိုင်းငံ့သွားခဲ့ရသည်။  ယခင်အခါက ရန်ကုန်တွင် နေထိုင်ခဲ့သော တရားလွှတ်တော်ရှေ့နေ အင်္ဂလန် တွင်နေထိုင်သည့် မစ္စတာ ဘင်ဂျမင် ရာဖယ် ဗာတန်နစ် (Mr.Benjamin Rephael Vartannes) ကို ၄င်း၏ စရိတ်ဖြင့်  ငှားရမ်းနိုင်ရေးအတွက် ဦးစော၏ လျှောက်ထားချက်ကို ခွင့်ပြု၍  တရားဆိုင်ခြင်းကို အောက်တိုဘာလ ၁၅ ရက်အထိ ဆိုင်းငံ့ လိုက်လေသည်။
အာဇာနည်ခေါင်းဆောင် ကိုးဦးရှိသလို
အစွပ်စွဲခံတရားခံ ကိုးဦးရှိလာခြင်း
တရားဆိုင်ခြင်းကို အင်းစိန်ထောင်ကြီးတွင် နောက်ဆုံး စတင်နိုင်သောအခါ ¤င်းတရားဆိုင်ခြင်းသည် ဗြိတိသျှဘုရင်နှင့်  (၁) ဦးစော (အဖွဲ့ခေါင်းဆောင်)၊ (၂) မောင်စိုး (လူသတ်သမား)၊ (၃) သက်နှင်း (လူသတ်သမား)၊ (၄) မောင်စိန် (ခ) စိန်ကြီး (ခ) လှအောင် (လူသတ်သမား)၊ (၅) ရန်ကြီးအောင် (ခ)လှထွန်း (လူသတ်သမား)၊ (၆) သုခ (ဒရိုင်ဘာ)၊ (၇) ခင်မောင် ရင် (ကြံရာပါ)၊ (၈) မောင်နီ (ကြံရာပါ)၊ (၉) မှုန်ကြီး (ခ) မောင်မှုန် (ကြံရာပါ) တို့၏ အမှုဖြစ်လာသည်။
ထိုနိုင်ငံတော်လုပ်ကြံမှုကြီးတွင် ကျဆုံးကြရသော အာဇာ  နည်ခေါင်းဆောင်ကြီးကိုးဦးရှိသလို လုပ်ကြံမှုကြီးကျူးလွန်ကြသူ  တရားခံလည်း ကိုးဦးထွက်ပေါ်လာသည်။ ဘညွန့်မှ ဖော်ကောင် ဖြစ်လာ၍ တရားခံစာရင်း၌ မပါခဲ့ပေ။
လူထုရှေ့မှောက်တရားခွင်
ဤအမှုကြီးကို တရားဆိုင်စေရာ၌ ပြည်သူလူထုရှေ့မှောက် တွင်ဖြစ်ပြီး အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းရှိ သီးသန့် အခန်းကြီးတစ်ခန်းတွင် တရားရုံးသဖွယ် ပြင်ဆင်ခင်းကျင်းလျက်  စစ်ဆေးကြားနာခဲ့သည်။

ဟံသာဝတီ - ဦးအုန်းကြိုင်

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment