Latest News

Monday, July 30, 2018

ရေနံစိမ်းလှယ်ထည့်နေစဉ် မီးလောင်မှုဖြစ်၍ ယာဉ်နှစ်စီးမီးလောင် တစ်ဦးသေဆုံး

ရေနံစိမ်းလှယ်ထည့်နေစဉ် မီးလောင်မှုဖြစ်၍ ယာဉ်နှစ်စီးမီးလောင် တစ်ဦးသေဆုံး

ဘုတလင်  ဇူလိုင် ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး  ဘုတလင်မြို့နယ်  လက်ပံမြောက် ကျေးရွာအနီး ကွင်းအမှတ်(၁၉ဝ/က) ဆပ်ပြာကျင်းကွင်း၌ ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီက ဦးသန့်ဇင်(စိစစ်ဆဲ)ပိုင် ရေနံ ချက်ဖို (လျှောက်ထားဆဲ) သို့  မော်လိုက်မြို့နေ မောင်ဇော်      (၃ဝ နှစ်) မောင်းနှင်သည့် 8K/---- ဆီဘောက်ဆာယာဉ်သည် ရေနံစိမ်းများ သယ်ဆောင်လာပြီး ငါန်းဇွန်မြို့နယ် နတ်ကြီးရွာနေ အောင်ပု  (၂၇ နှစ်)  မောင်းနှင်သည့် YGN-5D/---- ဆီဘောက်ဆာယာဉ်ပေါ်သို့ ပြောင်းရွှေ့ထည့်နေစဉ် ကားဝိုင်ယာ ရှော့ဖြစ်ပြီး  မီးလောင်မှုဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် မော်တော်ယာဉ်နှစ်စီး မီးလောင် ဆုံးရှုံးခဲ့ကာ  လူတစ်ဦးမှာ  မီးလောင်သေဆုံးသွားခဲ့သော ကြောင့်  မောင်ဇော်၊ အောင်ပုနှင့် ရေနံချက်ဖို မန်နေဂျာ ကိုတင့် (၃၅နှစ်)တို့ ဦးအား ဘုတလင်မြို့မရဲစခန်းက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ကိုရဲ

                                   

No comments:

Post a Comment