Latest News

Saturday, July 28, 2018

မိုင်းဆတ်-မိုင်းခုတ်လမ်း မြေပြိုမှုကြောင့် လမ်းလုပ်သားသုံးဦး မြေပိပျောက်ဆုံး

မိုင်းဆတ်-မိုင်းခုတ်လမ်း မြေပြိုမှုကြောင့် လမ်းလုပ်သားသုံးဦး မြေပိပျောက်ဆုံး

မိုင်းဆတ်   ဇူလိုင်   ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့၌  ဇူလိုင် ၂၆ ရက်ညပိုင်းနှင့် ၂၇ ရက် နံနက်ပိုင်းက မိုးသည်း ထန်စွာရွာသွန်းမှုကြောင့်  မိုင်းဆတ်-မိုင်းခုတ်သွားလမ်းမ သဲတောင် ၂၃ ကီလိုမီတာတွင် လမ်းခင်းလုပ်ငန်း လုပ်ကိုင် လျက်ရှိသော  အလုပ်သမားများနေထိုင်သည့် ယာယီ တဲတန်းပေါ်သို့ ကျောက်တုံးများနှင့် မြေသားများပြိုကျမှု ကြောင့် တဲအတွင်းအိပ်နေသော အလုပ်သမားများအနက် ဦးတင်လင်း၊   ဦးစိုးပိုင်နှင့်  ဦးဇော်ဦးတို့သုံးဦး မြေပိ ပျောက်ဆုံးလျက်ရှိကြောင်း သိရသဖြင့် မွန်းလွဲ ၁ နာရီ ခန့်က  မြို့အုပ်ချုပ်ရေးမှူး ဦးလင်းမင်းထွန်း၊ နယ်မြေ စခန်းမှူး ရဲအုပ်ညွန့်ဝင်းဆွေနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူ များက ကူညီရှာဖွေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁ နာရီက မိုင်းဆတ်-မိုင်းခုတ် သွားလမ်းမ ရှုခင်းသာ(၂)ကျေးရွာအနီးနှင့် လွယ်ဆောင် ကျေးရွာအနီးတို့တွင်  မြေပြိုပြီး ကားလမ်းပိတ်ဆို့နေ၍ ယာဉ်များသွားလာနိုင်ရေးအတွက်   လမ်းဦးစီးဌာနမှ ဘက်ဟိုးယာဉ်တစ်စီးဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုး အောင်၊ ခရိုင်လမ်းဦးစီးမှူး ဦးမျိုးဇာနည်ဦး၊ မိုင်းဆတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်နိုင်ရွှေ ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း ရှင်းလင်းဖယ်ရှားလျက်ရှိကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)

No comments:

Post a Comment