အမြင့်ပေ ၃ဝဝ ခန့်ရှိ ကမ်းပါးယံပြိုကျမှုကြောင့် တစ်ဖက်မျက်နှာချင်းဆိုင်ကမ်းပါးယံတွင် ရေမဆေးကျောက်ရှာဖွေသူများအား ရေလှိုင်းရိုက်မိ၍ နုန်းကန်အတွင်းသို့ ပြုတ်ကျသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများဖြစ်ပွား
ဖားကန့် ဇူလိုင် ၁၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့် မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါ ကျေးရွာရှိ မဟာအစပထမကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်က အမြင့် ပေ ၃ဝဝ ခန့်ရှိ ကမ်းပါးယံပြိုကျမှု ကြောင့် တစ်ဖက်မျက်နှာချင်းဆိုင် ကမ်းပါးယံတွင် ရေမဆေးကျောက် ရှာဖွေသူများအား ရေလှိုင်းရိုက်မိ၍ နုန်းကန်အတွင်းသို့ ပြုတ်ကျသေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာရရှိသူ ၄ဝ ကျော် ရှိကြောင်း သိရသည်။
အဆိုပါနေရာသို့ ပြုတ်ကျပျောက် ဆုံးသူများအား ကျေးရွာအုပ်ချုပ်ရေး အဖွဲ့၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြင့်မြတ်သူလူမှုကူညီရေးနှင့် သင်္ဂဟလူမှု ကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်း ရှာဖွေခဲ့ရာ သေဆုံးသူအလောင်း ၁၄ လောင်း၊ ဒဏ်ရာရရှိသူ ၄၆ ဦးအား ရှာဖွေတွေ့ရှိခဲ့ပြီး လုံးခင်းဆေးရုံသို့ ပို့ဆောင်ကာ ဒဏ်ရာရရှိသူများအား လိုအပ်သည့်ကုသမှုများ ဆောင်ရွက် နေစဉ်အတွင်း ဒဏ်ရာရရှိသူများထဲမှ တစ်ဦး သေဆုံးသွားခဲ့ကာ သေဆုံးသူ စုစုပေါင်း ၁၅ ဦးထိရှိနေပြီဖြစ်ကြောင်း သိရပြီး ဒဏ်ရာရရှိသူများ၏ စိုးရိမ်ရမှု၊ မစိုးရိမ်ရမှု အခြေအနေများအား လုံးခင်း ဆရာဝန်ကြီးက ဦးဆောင်စစ်ဆေးနေဆဲ ဖြစ်ကြောင်း ကနဦးသိရသည်။
အခင်းဖြစ်နေရာတွင် အ္တရာယ် ဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေ များကြောင့် ရှာဖွေမှုကို ညနေ ၅ နာရီခွဲတွင် ရပ်ဆိုင်းခဲ့ရပြီး ဇူလိုင် ၁၅ ရက်တွင် မိုးရွာသည့် အခြေအနေ နှင့် အန္တရာယ်ဖြစ်ပွားနိုင်သည့် အခြေ အနေများအား စောင့်ကြည့်ကာ ပျောက်ဆုံးသူများ ကျန်ရှိ၊ မရှိကို ဆက်လက် ရှာဖွေသွားမည်ဖြစ်ပြီး ကျေးရွာအတွင်းနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ရေမဆေးကျောက် ရှာဖွေသူများ ပျောက်ဆုံးမှုအခြေအနေ ကိုလည်း စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)
Sunday, July 15, 2018
အမြင့်ပေ ၃ဝဝ ခန့်ရှိ ကမ်းပါးယံပြိုကျမှုကြောင့် တစ်ဖက်မျက်နှာချင်းဆိုင်ကမ်းပါးယံတွင် ရေမဆေးကျောက်ရှာဖွေသူများအား ရေလှိုင်းရိုက်မိ၍ နုန်းကန်အတွင်းသို့ ပြုတ်ကျသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများဖြစ်ပွား
အမြင့်ပေ ၃ဝဝ ခန့်ရှိ ကမ်းပါးယံပြိုကျမှုကြောင့် တစ်ဖက်မျက်နှာချင်းဆိုင်ကမ်းပါးယံတွင် ရေမဆေးကျောက်ရှာဖွေသူများအား ရေလှိုင်းရိုက်မိ၍ နုန်းကန်အတွင်းသို့ ပြုတ်ကျသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများဖြစ်ပွား
Reviewed by Ar Ti
on
5:51 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment