Latest News

Sunday, July 15, 2018

ဆေးရုံတွင် ဆေးကုသခံယူနေသော ထိုင်းကျောင်းသားလူငယ်ဘောလုံးသမားများအားလုံး ကြာသပတေးနေ့ဆေးရုံမှ ဆင်းမည်

ဆေးရုံတွင် ဆေးကုသခံယူနေသော ထိုင်းကျောင်းသားလူငယ်ဘောလုံးသမားများအားလုံး ကြာသပတေးနေ့ဆေးရုံမှ ဆင်းမည်


ဗန်ကောက်   ဇူလိုင်    ၁၄

ထိုင်းနိုင်ငံမြောက်ပိုင်းလိုဏ်ဂူအတွင်းမှ ကယ်တင်ခဲ့သော လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ၄င်းတို့၏ နည်းပြတို့သည် ဆေးရုံမှလာမည့်ကြာသပတေးနေ့တွင် ဆင်းမည် ဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ အရာရှိများက ပြောခဲ့သည်။
၎င်းတို့ကို လိုအပ်သော စိတ်ပိုင်းဆိုင်ရာ ကူညီမှုများပြုလုပ်ပေးလျက်ရှိသည့် အပြင် မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုကို လတ်တလောတွင် မဖြေကြားစေချင် ကြောင်း သိရသည်။
တောဝက်အမည်ရ အဆိုပါအသင်းသည် ဇွန် ၂၃ ရက်က မွေးနေ့ပြုလုပ်ရန် လွန်ခဲ့သောနှစ်များက သွားရောက်ခဲ့ဖူးသော အဆိုပါဂူသို့သွားရောက်ခဲ့ကြောင်း၊ သို့သော်လည်း ဂူအတွင်းရေများတက်လာသည့်အတွက် ဂူအတွင်း ပိတ်မိနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့အားလုံးကို ဇူလိုင် ၁ဝ ရက်က ဂူအပြင်ဘက်သို့ ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ကမ္ဘာသူ ကမ္ဘာသားများအနေဖြင့် အခုမှပင် အသက်ရှူချောင်နိုင်တော့ကြောင်း သိရ သည်။
တောဝက်အသင်းမှ ၁၃ ဦးလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း၊ ထို့အတူ စိတ်ပိုင်းဆိုင်ရာများလည်း ကောင်းမွန်လျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး ပီယာစာကော စာကောဆက်တာယတွန်က သတင်းထောက်များကို ဇူလိုင် ၁၄ ရက် ကပြောခဲ့သည်။
¤င်းတို့အားလုံးမှာ လာမည့်အပတ် ကြာသပတေးနေ့တွင် ဆေးရုံမှ အတူတကွ ဆင်းမည်ဖြစ်ကြောင်း သိရသည်။ 
ကလေးများ၊ ကလေးမိဘများကို သူငယ်ချင်းများ၊ မိတ်ဆွေများဖြင့် အချိန်ကို အကျိုးရှိစွာ သက်သောင့်သက်သာကုန်ဆုံးစေနိုင်ရန် အကြံပြုထားပြီး မည်သည့်                မီဒီယာတွေ့ဆုံမေးမြန်းမှုမျိုးကိုမဆို လက်မခံရန် တိုက်တွန်းထားကြောင်း သိရသည်။ အကယ်၍ မီဒီယာတွေ့ဆုံမေးမြန်းမှုများ ပြုလုပ်လာပါက မလိုလားအပ်သော စိတ်ကစဥ့် ကလျားအခြေအနေများ ဖြစ်ပွားနိုင်ကြောင်းလည်း ပြည်သူ့ကျန်းမာရေးဝန်ကြီး ပီယာစာကောက ပြောထားသည်။
၎င်းတို့ကို အောင်မြင်စွာ ဂူအတွင်းမှ ကယ်ထုတ်နိုင်ရန် စုစုပေါင်း အချိန်သုံးရက် ယူခဲ့ရကြောင်းသိရပြီး    ကယ်ထုတ်မှုလုပ်ငန်းစဉ်အတွင်း   ရေငုပ်သမားတစ်ဦး အသက်စွန့်ခဲ့ရကြောင်း သိရသည်။                                                 

MMAL

No comments:

Post a Comment