ပြင်သစ်ဂိုးသမား လိုရစ် ပုစဉ်းကိုကိုက်မိပြီး မျိုချမိမလိုဖြစ်ခဲ့
နိုဗ်ဂိုရတ် ဇူလိုင် ၇
ပြင်သစ်ဂိုးသမား ဟူဂိုလိုရစ်သည် ဥရုဂွေးကို နှစ်ဂိုး ပြတ်အနိုင်ရသည့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပုစဉ်းတစ်ကောင် ပါးစပ်အတွင်းသို့ ဝင်လာသည်ကို သတိလက်လွတ် ဖြစ်လုနီးရှိကာ မျိုချမိ မလိုဖြစ်ခဲ့ပြီးမှ ထွေးထုတ် ခဲ့ရသည်။ ပွဲချိန် ပထမပိုင်း ကစားနေစဉ် အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး လက်ရှိ ရုရှားနိုင်ငံ၏ ပူနွေးသော နွေရာသီကြောင့် အင်းဆက်များစွာ ရှိနေပြီး ပုစဉ်းများသည်လည်း နိုဗ်ဂိုရတ်ကွင်းအတွင်း များစွာရှိနေခြင်းကြောင့် လိုရစ် ပါးစပ်ထဲသို့ ဝင်သွားခဲ့ခြင်းဖြစ်သည်။
လိုရစ်သည် ထိုပွဲ၌ ပွဲချိန် ၄၅မိနစ်တွင် ဥရုဂွေး တောင်ပံကစားသမား မာတင်ကာကာရက်စ် အပိုင် ကန်သွင်း သည့် ဂိုးကို ဒိုင်ဗင်ထိုးကာ အံ့မခန်းကာကွယ် နိုင်ခဲ့သလို ဥရုဂွေးခံစစ်မှူး ဂိုဒင်ခေါင်းတိုက်သွင်းယူ သည့်ဂိုးကို လက်စွမ်းပြကာကွယ်နိုင်သော်လည်း ကွင်းအတွင်း ပုစဉ်းများ နှောင့်ယှက်မှုကို ရှောင်လွှဲမရနိုင်ဖြစ် ခဲ့ရသည်။
ရုရှားတွင် ပလိပ် ရောဂါဖြစ်စေသော ခြင်များစွာ ရှိနေခြင်းကိုလည်း မီဒီယာများက ပွဲမတိုင်မီကတည်းက ဖော်ပြ ခဲ့ကြသည်။
MWD
Subscribe to:
Post Comments (Atom)
No comments:
Post a Comment