Latest News

Sunday, July 8, 2018

မေမေပြောသော မြင့်မိုရ်အကြောင်း

မေမေပြောသော မြင့်မိုရ်အကြောင်း


(၁)

''ကြည့်စမ်း'' ဆပ်ပြာတစ်ခဲလုံး ညစ်ပတ် နေတာ အမြင်မတော်ရင် ဆေးကြပါဦးလား။ စည်းကမ်းကို မရှိကြဘူး''

အိမ်ရှေ့ရေကပြင်မှာ မျက်နှာသစ်နေ သည့် ဒေါ်တင်စိန်၏  ကမ္ဘာပျက်မတတ် အော်လိုက်သံကြောင့်  နံနက်ခင်းအလှသည် အကျည်းတန်၍ သွားသည်။ မိုးလင်းလာ သည်နှင့် ဇနီးဖြစ်သူ ဒေါ်တင်စိန်အသံက စီစီ ညံနေသဖြင့် ဦးထွန်းတောက် သတင်းစာကို ကောက်ကိုင်လိုက်ကာ မသိချင်ယောင်ဆောင် နေလိုက်သည်။ ပတ်ဝန်းကျင်ကိုတော့ အားနာ ဖို့ ကောင်းနေပါပြီဟု တွေးမိကာ ဦးထွန်း တောက် သက်ပြင်းချလိုက်သည်။

ပွစိပွစိဖြင့်    အိမ်ပေါ်တတ်လာသည့် ဒေါ်တင်စိန်ကို မြင်လိုက်သည်နှင့် ကိုယ့်ဘက် မြှားဦး လှည့်လာမည်စိုးသောကြာင့် မျက်နှာကို သတင်းစာနှင့်ကာ၍ ဖတ်နေလိုက်သည်။

''အမေကလည်း မနက်စောစောစီးစီး ဆူညံ နေတာပဲ၊ အိပ်လို့ကိုမရဘူး။ စိတ်ညစ်ပါတယ်''

''အမလေး.. မယ်မင်းကြီးမ.. ညည်း ကများ ငါ့ကို ပြောရတယ်ရှိသေး၊ ဘယ်အချိန် ရှိနေပြီလဲ၊ ထတော့.. သွား.. ထမင်းသွား ချက်ချေ''   ဒေါ်တင်စိန်၏ ပစ်မှတ်သည် အိပ်ခန်းထဲမှ သမီးငယ်နှင်းမှုံထံ ရောက်ရှိ၍ သွားပြီမို့ ဦးထွန်းတောက် ခုမှပင် သက်ပြင်း ရဲရဲချဝံ့တော့သည်။

''အန်တီတင်စိန်... အန်တီတင်စိန်''

''ဟေ ဘယ်သူလဲဟေ့ မနက်စောစောစီးစီး''

''မိလှိုင်ပါ အန်တီ''

''ပြော.. ဘာကိစ္စတုန်း''

''ကျွန်မ ပိုက်ဆံလေး နည်းနည်းလောက် လိုချင်လို့ပါ''

''ဘာ.. ပိုက်ဆံ ဟုတ်လား၊  ညည်းက လည်းအေ.. စောစောစီးစီး ငါ့အိမ်လာပြီး ပိုက်ဆံချေးနေသေးတယ်။ အရင်အြေ<ွကး တောင်     ကျေအောင်မဆပ်ရသေးဘဲ နောက်ထပ်လာချေးရဲတဲ့ ညည်းသတ္တိကိုတော့ ငါအံ့သြလို့ မဆုံးဘူး၊ ဒီမှာ.. ကျုပ်က အတိုး ရချင်လွန်းလို့    ငွေချေးစားနေတာအေ့၊ ပေါလွန်းလို့ အလှူလုပ်နေတာ မဟုတ်ဘူး၊ ညည်းအရင်ယူထားတဲ့ အတိုးကော အရင်း ကော လာပြန်မဆပ်သေးဘဲ  နောက်ထပ် မချေးပေးနိုင်ဘူးအေ''

မိလှိုင်မျက်နှာကတော့   ပြိုတော့မည့်မိုး နှယ်။  မိလှိုင်၏  အမျိုးသားမှာ  ဖားကန့် မှော်ထဲတွင် အလုပ်လုပ်နေကြောင်း ဦးထွန်း တောက် သိထားပြီးဖြစ်၏။   ခင်ပွန်းသည် အနားမှာမရှိသဖြင့် မိလှိုင်မှာ ကလေးတစ်ဖက် နှင့် ဒုက္ခရောက်၍ နေရှာသည်။

''ဒီတစ်ခါတော့  ကူညီပါနော်  အန်တီ၊ သားလေးညကတည်းက နေမကောင်းဖြစ်ပြီး အပြင်းဖျားနေလို့ ဆေးခန်းသွားမှ ဖြစ်မှာမို့လို့ ပါ အန်တီရယ်၊ ဒီလကုန်ရင် အကုန်ပြန်ဆပ် ပါ့မယ်၊ အတိုးလည်း အန်တီ တောင်းသလောက် ပေးပါ့မယ်''

''ညည်းတို့က လာချေးတုန်းတော့ ဒီလိုပဲ၊ ဘယ်တော့ပေးပါ့မယ်၊ ဘယ်ခါပေးပါ့မယ်နဲ့၊ ပြီးရင် အတိုးလေးတောင် မှန်မှန်လာဆပ်ကြ တာ မဟုတ်ဘူး''

''ကိုငွေမောင်းလည်း ဒီလကုန်ရင် ပိုက်ဆံ လွှဲမှာပါ၊ လကုန်ရင် အတိုးရော၊ အရင်းပါ အကုန်ပြန်ဆပ်ပါ့မယ် အန်တီရယ်၊ အခုလည်း ကျွန်မ တကယ်ခက်ခဲနေလို့ပါ''

စကားပြောရင်း မိလှိုင်အသံသည် တိမ်ဝင် သွားလေ၏။

''အရင်အြေ<ွကးက အတိုးပေါ် အတိုးဆင့် လို့ အတိုးက   အရင်းထက်  များနေပြီအေ့၊ ညည်းတို့က ချေးတုန်းဆိုမျက်ရည်လေး ကလယ် ကလယ်နဲ့၊ တောင်းပြီဆို   မျက်နှာတစ်မျိုးနဲ့၊ တကတည်း''   မယ့်ကာရွဲ့ကာပြောနေသည့် ဒေါ်တင်စိန်ကြောင့် မိလှိုင်ကို ဦးထွန်းတောက် အားနာနေမိသည်။

''ကျွန်မ ဒီလကုန်ရင် သေချာပြန်ဆပ်ပါ့မယ်၊ ဒီတစ်ခါတော့ ကျွန်မကို ကူညီပါနော် အန်တီ''

''အေး ဒီတစ်ခါတော့ ချေးပေးလိုက်မယ်၊ လကုန်လို့မှ ညည်းကတိအတိုင်း ညည်းပြန်လာ မဆပ်လို့ကတော့ ကျုပ်အဆိုးမဆိုနဲ့နော်''

''ဟုတ်.. ဟုတ် ကျေးဇူးကြီးလှပါတယ် အန်တီရယ်''

''ညည်းမပြန်ခင် ဟိုစာကို ဖတ်ကြည့်သွား ဦး''

ဒေါ်တင်စိန် မေးငေါ့ကာ ပြသည့်နေရာသို့ ဦးထွန်းတောက် ယောင်ရမ်း၍ ကြည့်လိုက် မိသည်။ မိလှိုင်ခမျာ ဖတ်ကြည့်ပြီး ဟုတ်ကဲ့ ဟုဆိုကာ  အလျင်အမြန်ပင်   အိမ်ပေါ်က ဆင်းသွားလေတော့၏။ ငွေလာချေးသူတွေ အတွက် ဒေါ်တင်စိန် ရည်ရွယ်ချက်ရှိရှိနှင့် ကပ်ထားသည့် ဆောင်ပုဒ်က အိမ်ရှေ့ခန်းတွင် ထီးထီးကြီးရှိ၍နေသည်။

''ကြွေးယူတော့ပြုံးပြုံး၊ တောင်းတော့မုန်း''

(၂)

''ဟယ်လို... သားလား...   ဘာ ပိုက်ဆံလိုပြန်ပြီ..ဟုတ်လား၊ ဟိုတလောကမှ အမေ နှစ်သိန်းပို့ပေးထားတယ်လေ''

သားတော်မောင်၏ ဖုန်းဆိုကတည်းက ဘာအတွက်ဆက်သည်ကို   ဦးထွန်းတောက် သိပြီးဖြစ်၏။ သားတော်မောင်သည် ငွေမလို ဘဲနှင့် ဘယ်သောအခါမှ ဖုန်းမဆက်တတ်။

''နည်းနည်းပါးပါးလည်း   စည်းကမ်းရှိရှိ၊ ရိုရိုသေသေလေး ကိုင်ဦးမှပေါ့၊  အဲဒီဖုန်းက ဝယ်ပေးထားတာမှ   မကြာသေးဘူး၊   ခု ပျက်ပြန်ပြီ၊   ပိုက်ဆံကို  သုံးကောင်းတိုင်း သုံးမနေကြနဲ့ဦးဟဲ့၊  ကိုယ့်အမေ ဘယ်လိုရှာရ၊ ဖွေရတယ်ဆိုတာလည်း ခေါင်းထဲ ထည့်ထား ဦး''

သိပ်မကြာခင်မှာပင်    ဒေါ်တင်စိန်ထံမှ ''အေးအေး အမေလွှဲပေးလိုက်မယ်''ဟူသည့် စကားကို ကြားလိုက်ရသည်။   ဇနီးသည်မှာ သားသမီးတွေ ပညာရေးအတွက်ဆို လိုလေ သေးမရှိအောင်   ဖြည့်ဆည်းပေးနိုင်သည့် အတွက် ဦးထွန်းတောက် ချီးကျူးမိသော်လည်း ကလေးတွေကို အလိုလိုက်လွန်းသည်ဟု ထင် သည်။    သားငယ်ရန်ပိုင်မှာ   တက္ကသိုလ် ကျောင်းသားမို့  ကျောင်းပိတ်ရက်များ၌သာ အိမ်ပြန်လာတတ်သည်။ ပြန်မလာသည်က များ၏။ ငွေလိုသည့် အချိန်များ၌သာ အိမ်သို့ ဖုန်းဆက်တတ်သည်။

(၃)

''ဟဲ့.. အေးမြ.. အေးမြ''

ဒေါ်တင်စိန်အသံကြောင့်     အေးမြ အိမ်ရှေ့သို့ အလျင်အမြန်ပြေးထွက်လာခဲ့လိုက် သည်။  မထွက်လို့လည်းမရ။  ဒေါ်တင်စိန် အကြောင်း အေးမြသာမက တစ်ရပ်ကွက်လုံး ကောင်းကောင်းသိသည်။

''သြော်  မတင်စိန် ဘာကိစ္စရှိလို့ပါလိမ့်''

''ခုမှ ဘာကိစ္စလည်းဟုတ်လား။ မေးတတ် ပါ့အေ၊   ညည်းယူထားတဲ့ အြေ<ွကး၊ ခုထိ ပြန်လာမဆပ်သေးလို့ လာတောင်းတာဟဲ့၊ ကဲ ရှင်းပြီလား၊ ဘယ်မလဲ ကျုပ်ပိုက်ဆံ''

''ဒီတစ်လလေးတော့ ဆိုင်းပေးပါဦးလား မတင်စိန်ရယ်၊ ကျွန်မသားလေး ဒီလ ဘွဲ့ယူမှာ မို့ ပိုက်ဆံစုနေရလို့ပါ၊ နောက်လကျ ကျွန်မ ဆက်ဆက်ပြန်ဆပ်ပါ့မယ်''

''မလိုချင်ဘူးအေ.. ကျုပ်လည်း  ကျုပ် သားအတွက် အရေးတကြီး ပိုက်ဆံ ပို့ပေးစရာ ရှိလို့ လာတောင်းတာ၊ ကျုပ် ငွေချေးစားတယ် ဆိုတာ ဟိုပိုက်ဆံ ဒီပို့၊  ဒီပိုက်ဆံ ဟိုပို့ လုပ်ပြီး ချေးစားနေတာဟဲ့၊ ညည်းတို့က ချေး ချေးပြီး ပြန်လည်းမဆပ်၊   လိုက်တောင်းနေရတယ်၊ ယူတုန်းက အိမ်ပေါ်မှာ ငိုကြီးချက်မ လာချေး ကြပြီး ပေးခါနီးကျတော့မှ မသိချင်ယောင် ဆောင်နေကြတယ်၊ ကောင်းကြသေးရဲ့လား အေ''

''မဟုတ်ရပါဘူး မတင်စိန်ရယ် ကျွန်မ''

''မလိုချင်ဘူးအေ လာမပြောနဲ့၊ ညည်းကို ကိုယ့်တစ်ရပ်ကွက်ထဲသားချင်းမို့ အခွင့်အရေး အနေနဲ့ တစ်ရက်အချိန် ပေးလိုက်မယ်။ ညည်း ဘယ်လိုပဲ ရအောင်ရှာရှာ၊ မနက်ဖြန်ညနေ ကျုပ်အြေ<ွကးအားလုံးလာဆပ်တာ   လိုချင် တယ်။ အေး အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ ကျုပ်အဆိုးမဆိုနဲ့။ သက်ဆိုင်ရာနဲ့ စကား ပြောသင့်ရင် ပြောရလိမ့်မယ် အေးမြ။

ပြောကာဆိုကာ    ထွက်သွားသည့် ဒေါ်တင်စိန်၏ ကျောပြင်ကိုကြည့်ကာ အေးမြ မျက်ရည်ကျမိသည်။ အေးမြတို့လို တစ်နေ့လုပ် တစ်နေ့စား ဘဝသမားများအတွက် ငွေလိုလာ လျှင် ဒေါ်တင်စိန်မှတစ်ပါး ပြေးဆွဲစရာ နေရာ မရှိချေ။ ဒေါ်တင်စိန်အကြောင်း သိပြီးသားမို့ မနက်ဖြန်ညနေ မဖြစ်မနေ ဆပ်ဖြစ်အောင် ဆပ်ရမည်ဟူသည့် အတွေးက အေးမြမျက်ရည် တွေအားြေ>ွခယူသွားတော့၏။

(၄)

အိမ်ပေါ်သို့ တဒုန်းဒုန်းဖြင့် တက်ချလာ သည့် ခြေသံကြောင့်   ထမင်းပွဲပြင်နေသည့် ဦးထွန်းတောက်တို့ သားအဖ မီးဖိုချောင်မှ ထွက်လာကာ အလန့်တကြား ကြည့်လိုက်မိ သည်။ ဟော.. တင်စိန်တစ်ယောက် ဖြစ်လာ ပြန်ပြီထင်ပါ့ဟုတွေးကာ   ဦးထွန်းတောက် ခေါင်းခါယမ်းလိုက်သည်။

''အမေ ထမင်းစားရအောင်လေ၊ ထမင်း ဝိုင်းပြင်ထားပြီးပြီ၊ အမေ ပြန်မလာသေးလို့ စောင့်နေတာ''

''မစားသေးဘူးအေ ညည်းတို့ဘာသာ စားနှင့်ကြ''

ဆူဆူအောင့်အောင့် ပြောနေသည့် ဇနီး သည်အသံကြောင့် ဦးထွန်းတောက် ထမင်း ဝိုင်းတွင်   ထိုင်ဖို့   ဟန်ပြင်နေသည်ကိုပင် ရပ်တန့်သွားတော့သည်။     ဖြစ်လာပြန်ပြီ။ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် စိတ်ဆိုးဒေါသ ဖြစ်နေတတ်သည့် ဒေါ်တင်စိန်ကိုကြည့်ကာ ဦးထွန်းတောက် သနားစိတ်ဝင်လာမိသည်။

ဦးထွန်းတောက် ထမင်းစားပြီးသည့်အချိန် ထိ ဒေါ်တင်စိန်ခမြာ   ဂဏန်းပေါင်းစက် တစ်ဖက်၊ စာအုပ်ကြီးတစ်ဖက်နှင့် အလုပ်ရှုပ် နေဆဲ။ သမီးဖြစ်သူက သူ့အမေအကြောင်း သိပြီးဖြစ်၍   ထမင်းပန်းကန်တွင်   ဟင်းများ ပုံထည့်ကာ သူ့အမေအနား လာချပေးသည်။ ထိုအခါမှ  ဒေါ်တင်စိန်   ထမင်းတစ်ဇွန်း နှစ်ဇွန်းစားလိုက်၊    ဂဏန်းပေါင်းစက်ကြီး တစ်ချက်ချက်လုပ်လိုက်   ဖြစ်နေလေသည်။ ဒေါ်တင်စိန်၏အဖြစ်ကိုကြည့်ကာ ဦးထွန်း တောက် သက်ပြင်းမောတစ်ခု   ချလိုက်ပြီး ခေါင်းအုံးတစ်လုံးယူကာ ကျောဆန့်၊ ခြေဆန့် လှဲနေရင်းက မှေးခနဲ အိပ်ပျော်သွားတော့၏။

မီးအလင်းရောင်ကြောင့် ဦးထွန်းတောက် ခဏခဏနိုး၍နေသည်မှာ   ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါမှန်းပင် မသိတော့။ ဒေါ်တင်စိန်က တော့ စားပွဲပေါ်တွင် အလုပ်ရှုပ်နေဆဲ။

''တင်တင်ရယ်   ညဥ့်နက်နေပြီ  အိပ်ပါ တော့လား''

''မအိပ်နိုင်သေးပါဘူးတော်    အြေ<ွကး စာရင်းတွေ တွက်နေတာ  မပြီးနိုင်သေးလို့၊ မှားလို့မဖြစ်ဘူး''

''လုပ်တာကလည်းလုပ်ပေါ့     ခုအိပ်ချိန် ရောက်နေပြီလေ''

''ကျုပ်မှာ သေသေချာချာ တွက်ချက်ပြီး တောင်းနေတာတောင် မပေးကြဘူး တော်ရေ။ ရှင့်သားတော်မောင်ကလည်း ဖုန်းဝယ်ပေးဖို့ ပူဆာထားတာ၊   လလည်းကုန်နေပြီဆိုတော့ မုန့်ဖိုးပါ ပေါင်းလွှဲပေးရတော့မှာ၊  ပိုက်ဆံက လည်း ရှာသလောက် လောက်တယ်မရှိပါဘူး ကိုထွန်းတောက်ရယ်၊ ကျုပ်လည်း ကျုပ်သား သမီးတွေရဲ့နောင်ရေး   စိတ်အေးရအောင် ရှာနေရတာ၊ ကျုပ်ရှာနေသမျှ ကျုပ်သားသမီး တွေ အတွက်ပဲ''

''အေးပါ မင်းစေတနာကို ငါနားလည်ပါ တယ် တင်တင်ရာ၊ လုပ်တာက လုပ်ပေါ့၊ မင်း ဟာက နေ့တိုင်းလိုဖြစ်နေပြီ၊  ကျန်းမာရေး ထိခိုက်မှာစိုးလို့   ငါပြောနေတာ၊  ခုလည်း တအားနောက်မကျစေနဲ့ပေါ့ကွာ၊  မင်းမှာ လည်း သွေးတိုးရောဂါကြီးနဲ့''ဟု   ပြောပြီး အိပ်ခန်းထဲဝင်ကာ အိပ်ရာဝင်လိုက်သည်။

ဂဏန်းတွက်စက်ဆီက တစ်ချက်ချက်အသံ မှအပ ညသည် တိတ်ဆိတ်ငြိမ်သက်၍နေ၏။

(၅)

''အဖေရေ အဖေ လာပါဦး၊ ဒီမှာ အမေ ဘာဖြစ်တာလဲ မသိဘူး၊  ခေါ်လို့လည်း မရ တော့ဘူး''

သမီးငယ်၏   စူးစူးဝါးဝါးအသံကြောင့် ဦးထွန်းတောက် လန့်နိုးလာခဲ့သည်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်မို့ ဘယ်အချိန် ရှိသွားပြီလဲဆိုတာမသိ။   သမီးငယ်၏အသံ ထပ်မံကြားလိုက်ရသောကြောင့် ဦးထွန်းတောက် အိမ်ယာထက်မှ အလန့်တကြား ထလိုက်သည်။ နာရီကိုကြည့်လိုက်တော့   နံနက် ၂ နာရီသာ ရှိသေး၏။

တင်တင်။  ညဥ့်နက်သည်ထိ   စာရင်း စာရွက်များနှင့် အလုပ်ရှုပ်နေသည့် ဇနီးသည် ကို သတိရမိတော့ စိုးရိမ်စိတ်တို့ ငယ်ထိပ် တက်လာ၏။ အိပ်ခန်းထဲမှ ကမန်းကတန်း ထွက်လိုက်သည်။

''ဟာ   သမီးအမေ   ဘာဖြစ်တာလဲ၊ တင်တင်၊ တင်တင်''

ဦးထွန်းတောက် ဒေါ်တင်စိန့်ပခုံးကို အသာလှုပ်ကာ   ခေါ်ကြည့်လိုက်သည်။ ဒေါ်တင်စိန်က မလှုပ်။

''မသိဘူး အဖေ၊ သမီးလည်း ဒုန်းခနဲ အသံကြားလို့ ထလာတာ၊ အမေလဲနေတာ တွေ့တာပဲ၊ အမေ အမေ ဟီး''

သမီးငယ်က ပြောရင်း ဟီးခနဲ ငိုချလိုက် ၏။   ဦးထွန်းတောက်က   ဒေါ်တင်စိန်၏ နှာခေါင်းနား လက်တေ့ကြည့်သည်။ လေတိုး သည်ကို ခံစားရ၏။

''သမီး မငိုနဲ့တော့ စိတ်အေးအေးထား၊ သမီးအမေကို ဆေးရုံချက်ချင်းပို့ရမယ်၊ အဖေ ကားသွားငှားလိုက်မယ်''

သမီးကို စိတ်အေးအေးထားရန် မှာခဲ့ပြီး ကားငှားဖို့ရန် ထွက်ခဲ့လိုက်၏။

ဒေါ်တင်စိန်ကို ညတွင်းချင်း ဆေးရုံပို့ လိုက်နိုင်သောကြောင့် အသက်ကယ်လိုက်နိုင် ၏။ တစ်ညလုံး သတိလစ်နေပြီး နောက်တစ်နေ့ ညနေပိုင်းမှ သတိပြန်ရလာသည်။

''လူနာကို   အချိန်မီဆေးရုံပို့နိုင်ခဲ့လို့ အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိတော့ ပါဘူး၊ ဒါပေမယ့် သွေး ရုတ်တရက်ဆောင့်တိုး လိုက်တော့ ဦးနှောက်ရဲ့အဓိက သွေးကြောတွေ ပေါက်သွားပြီး ဘယ်ဘက်တစ်ခြမ်း လေဖြတ် သွားပါတယ်''

ဆရာဝန်ကြီး၏စကားက ဦးထွန်းတောက် နားထဲ မိုးကြိုးပစ်ချလိုက်သလို မြည်ဟည်း သွား၏။ ဖြစ်မှဖြစ်ရလေ   တင်တင်ရယ်။ ကျန်းမာရေးဂရုစိုက်ပါလို့ ငါအတန်တန်မှာနေ တဲ့ကြားကကွာ  မင်းက     စနေသမီးပီပီ ခေါင်းမာတယ်။ တဇွတ်ထိုးလုပ်တတ်ပြီး စိတ်ကြီး တဲ့ မင်းရဲ့အကျင့်တွေက  အခုတော့ မင်းကို ဒုက္ခပေးပြီလေ။

တစ်လကျော်    ဆေးရုံတက်ခဲ့ရပြီး ဒေါ်တင်စိန့်ကို   အိမ်ခေါ်ခဲ့လိုက်သည်။ ဘယ်ဘက်တစ်ခြမ်း လေဖြတ်ကာ လှုပ်မရ တော့ပေ။ ပါးစပ်က ညာဘက်သို့ရွဲ့ကာ စကား မပြောနိုင်တော့။ ဝူးဝူးဝါးဝါးသာ အသံထွက် ၏။ ဆန်ပြုတ်တိုက်လျှင်   အကုန်မဝင်။ နှုတ်ခမ်းထောင့်မှ စီးကျနေ၏။

ဒေါ်တင်စိန် ဘယ်ဘက်တစ်ခြမ်း လေဖြတ် သည့်သတင်းက   ရပ်ကွက်ထဲ၌  မေးငေါ့ စောင်းချိတ်စရာဖြစ်လာသည်။

''ဖြစ်တာတောင်နည်းသေး၊ အဲဒီမိန်းမကြီး က စာနာစိတ်ရှိတာ မဟုတ်ဘူး၊ ချေးထားတာ များ မပေးရင် ရှိသမျှအကုန် သိမ်းချင်နေတာ''ဟူသည်က တစ်မျိုး။

''ဦးလေးထွန်းကိုတော့ သနားပါတယ်အေ၊ ဒေါ်တင်စိန်ကိုတော့ ကြည့်လို့ကိုမရဘူး၊ မနှစ် က အြေ<ွကးလေးတစ်သိန်းကိုဟယ် တစ်လ လောက် ဆိုင်းပေးပါဦးဆိုတာ မရဘူး၊ အိမ်က ရေစုပ်စက်ကိုသိမ်းသွားတာ နင်တို့အသိပဲ၊ ချစ်တီးမကြီး အခုဘာတတ်နိုင်သေးလဲ'' ဟူ သည်က တစ်ဖုံ။

အမျိုးမျိုးသော ကိုယ်ချင်းမစာနာသည့် စကားတို့က ဦးထွန်းတောက် မကြားချင်သော် လည်း ကြားနေရ၏။   ဇနီးသည်အတွက် စိတ်မကောင်းဖြစ်ရုံမှတစ်ပါး ဘာမှမတတ်နိုင်။

''ဒီတစ်ဇွန်းလောက် ကုန်အောင်သောက် လိုက်ပါအမေရယ်၊ အမေက လိမ္မာပါတယ် နော် အမေ''

သမီးငယ်၏ ချော့မော့သံ၊ ဇနီးသည်၏ ဝူးဝူးဝါးဝါး အသံများကြောင့် အတွေးလွန်နေ ရာမှ ဦးထွန်းတောက် လှည့်ကြည့်မိသည်။ ဒေါ်တင်စိန်မှာ ဆံပင်တို့  ဖွာလန်ကြဲနေ၏။ ရွဲ့စောင်းနေသော   နှုတ်ခမ်းထောင့်စွန်းမှ ဆန်ပြုတ်တို့ စီးကျနေ၏။ လုံးဝမလှုပ်နိုင်တော့ သည့် ဘယ်ဘက်လက်ကို ညာဘက်လက်ဖြင့် ဆွဲထား၏။ ဇနီးသည်အဖြစ်ကို မြင်ရသည်မှာ ဦးထွန်းတောက် ရင်ထဲဆို့နစ်သွားရသည်မို့ ဆက်ပြီး မကြည့်ရက်သောကြောင့် မျက်နှာ လွှဲလိုက်မိစဉ် အိမ်ရှေ့ရေကပြင်ရှိ ဆပ်ပြာခွက် ထဲတွင် ရွှံ့တို့ဖြင့်ပေကျံလျက် ဆေးကြောသူ ကင်းမဲ့နေသည့် ဆပ်ပြာခဲလေးကို တွေ့လိုက် လေသည်။

''တင်တင်ရယ်၊ တကယ်တော့ မင်းအဖြစ် က ဆပ်ပြာခဲလေးလိုပါပဲကွာ၊ မင်းဟာ မင်းရဲ့ မိသားစုအတွက်၊  သားသမီးတွေအတွက် မင်းငွေတွေရှာခဲ့တယ်၊ တခြားသူတွေရဲ့ အညစ် အကြေးတွေ သန့်စင်ဖို့၊ ဘဝ အနာဂတ်တွေ လှပဖို့အတွက် မင်းကိုယ်တိုင် အညစ်အကြေး တွေ အစွန်းပေခံပြီး လုံးပါးပါးခဲ့ရတယ်၊ အခု တော့ မင်းကို လူတွေကပြောနေကြပြီ၊ မင်းဟာ ကိုယ်ချင်းစာတရားမရှိတဲ့သူကြီးတဲ့၊ ချစ်တီးမ ကြီးတဲ့၊ ငါ့ရင်ထဲမှာ မချိလှဘူး တင်တင်ရယ်''

ဦးထွန်းတောက်ရင်ထဲမှ စကားများကို ဒေါ်တင်စိန်မကြားနိုင်။ သမီးငယ်ချော့မော့ ကျွေးသည့်  ဆန်ပြုတ်ကိုသာ  ခက်ခက်ခဲခဲ သောက်နေရရှာတော့သည်။     ။

ရိုးရာ(မကန)

No comments:

Post a Comment