ဝန်ကြီးများရုံးပြင်ဆင်မှုပြီးစီးပါက အာဇာနည်ပြတိုက်အဖြစ် ထားရှိသွားမည်
ရန်ကုန် ဇူလိုင် ၇
ဝန်ကြီးများရုံးအား ပြုပြင်မွမ်းမံပြင် ဆင်မှုပြီးစီးပါက အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် အာဇာနည် ပြတိုက်အဖြစ် ထားရှိသွားမည်ဖြစ် ကြောင်း ဝန်ကြီးများရုံးဟောင်း ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက အာဇာနည်နေ့အတွက် ပြင်ဆင်ထား ရှိမှုများနှင့် ပတ်သက်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြား သည်။
အာဇာနည်နေ့အတွက် ပြင်ဆင် ထားရှိမှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ သိမ်ဖြူလမ်း ရှိ ဝန်ကြီးများရုံး၌ ကျင်းပခဲ့ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏မိသားစုဝင်များက အာဇာနည်နေ့ အတွက် ပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုကြသည်။
''ပြင်ဆင်မှုတွေပြီးသွားတဲ့အခါ ရည်ရွယ်ချက်က ဗိုလ်ချုပ်နဲ့အာဇာနည် တွေကို ဂုဏ်ပြုတဲ့အနေနဲ့ အာဇာနည် ပြတိုက်ဆိုပြီး ထားပါမယ်။ နောက် တစ်ခုက မြန်မာပြည်ရဲ့ ပထမဆုံး လွှတ်တော်ဖြစ်ခဲ့တဲ့ ဒီဝင်းထဲက လွှတ်တော်ကို လွှတ်တော်ပြတိုက်ဆိုပြီး နာမည်ပေးပါမယ်။ နောက်တစ်ခုက မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ပြခန်းတွေထားပါမယ်။ တိုင်းရင်းသား တွေရဲ့ ဝတ်စားဆင်ယင်မှုတွေ၊ အသုံး အဆောင်ပစ္စည်းတွေ အဲဒါတွေကို ပြခန်းသဘောမျိုးထားပါမယ်။ ပုဂ္ဂလိ ကပြတိုက်အနေနဲ့ ထားရှိသွားမှာပါ။ ဝင်ကြေးနဲ့ပြသမှာပါ။ မြန်မာနိုင်ငံ သားတွေ လာရောက်လေ့လာစေချင် သလို နိုင်ငံခြားသားတွေကိုလည်း လာကြည့်စေချင်ပါတယ်။ လွတ်လပ် ရေးလှုပ်ရှားမှုသမိုင်း၊ အာဇာနည် သမိုင်းကို သိစေချင်တယ်။ ပြည်သူ တွေအပန်းဖြေလို့ ရအောင်လည်း ပန်းခြံအဖြစ်နဲ့ ဖွင့်ပေးထားပါမယ်''ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
ဝန်ကြီးများရုံး ဧရိယာအကျယ် အဝန်းမှာ ၁၆ ဧကရှိပြီး အဆောက် အအုံပြင်ဆင်ပြီးစီးမှု ရာခိုင်နှုန်းသည် လက်ရှိအချိန်တွင် ၃ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ ၂ဝ၁၉ ခုနှစ် မတ်လပိုင်းတွင် ပြင်ဆင်မှုပြီးစီးမည် ဖြစ်ပြီး ပြင်ဆင်မှုကုန်ကျစရိတ် အမေ ရိကန်ဒေါ်လာ သန်း ၂ဝ ကျော် ကုန်ကျမည်ဖြစ်ကြောင်း၊ အဆိုပါ အဆောက်အအုံသည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၌သာ ပုံစံ တူနှစ်ခုကျန်ရှိတော့ကြောင်း၊ ထို့ကြောင့် ပြင်ဆင်ပြီးပါက အာဇာနည်ပြတိုက် အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး နောင် လာနောက်သားများအနေဖြင့် လွတ်လပ် ရေးလှုပ်ရှားမှုသမိုင်း၊ အာဇာနည် သမိုင်းများကို လာရောက်လေ့လာ သင့်ကြောင်းကို ¤င်းက ဆက်လက် ပြောသည်။
''ဒီနှစ်ကျင်းပမယ့် အာဇာနည်နေ့နဲ့ ပတ်သက်လို့ အရင်နှစ်က ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ ခန်းမကို တက်ခွင့်ပြု ခဲ့ပါတယ်။ အာဇာနည်တွေရဲ့ ကိုယ်ပိုင်ပစ္စည်း ၂၈ မျိုးကိုပါ ပထမ ဆုံးအကြိမ် ပြသထားတယ်။ လာရောက် လေ့လာတဲ့လူတွေလည်း အလွန်များ ပါတယ်။ လာရောက်တဲ့အခါ တက်တဲ့ လှေကားကို သြစတြေးလျနိုင်ငံက အင်ဂျင်နီယာတွေ အကူအညီနဲ့ ငွေကုန်ကြေးကျခံပြီးတော့ ခိုင်ခံ့အောင် တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် လူတွေအလွန်များတော့ လှေကားက ဟနေတာကို တွေ့ရတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ တက်ခွင့်မပြုဘူး။ ဗိုလ်ချုပ်ပြတိုက်မှာလည်း တက်ခွင့် မပြုဘူး။ ဘာလို့လဲဆိုတော့ အန္တရာယ် ရှိလို့ပါ။ အောက်မှာLED ဘုတ်တွေ နဲ့တော့ ပြသသွားမှာပါ''ဟု ဒေါက်တာ မောင်မောင်သိန်းက ရှင်းလင်းပြော ကြားသည်။
သတင်းနှင့်ဓာတ်ပုံ
အေးမင်းသူ၊ ဇာနည်မောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment