Latest News

Sunday, July 29, 2018

ဘားအံမြို့နယ်အတွင်းစက်​တပ်​​လှေတစ်​စီး တိမ်း​မှောက်​၍ သုံးဦး​ပျောက်​ဆုံ

ဘားအံမြို့နယ်အတွင်းစက်​တပ်​​လှေတစ်​စီး တိမ်း​မှောက်​၍
သုံးဦး​ပျောက်​ဆုံ

ဘားအံ ဇူလိုင်​၂၉

ကရင်ပြည်နယ် ဘားအံမြို့နယ် ဒေါ်လန်း​ကျေးရွာမှ သာယာကုန်း​ကျေးရွာ ဘက်​သို့ မိုးရာသီ ​လိုင်း​ပြေးဆွဲသည့်​ စက်​တပ်​​လှေတစ်​စီးသည်ခရီးသည်​ ၅ ဦးတင်​​ဆောင်​မောင်းနှင်​လာစဉ်​ ဇူလိုင်​ ၂၈ရက်​​နေ့ မွန်းလွဲ ၂နာရီအချိန်​ခန့်​ကတိမ်း​မှောက်​ခဲ့ရာ စက်​​လှေ​ပေါ်တင်​​ဆောင်​လာသည့်​ ခရီးသည်​ငါးဦးအနက်​ သုံးဦး​ပျောက်​ဆုံးလျှက်​ရှိ ​ကြောင်းသိရသည်​။

"​ဒေါ်လန်းကမိုးရာသီအတွင်း လိုင်​​ပြေးဆွဲတဲ့ ဟွန်​ဒါစက်​တပ်​​မောင်းတဲ့ စက်​​လှေအ​သေးပါ၊ စက်​​လှေကို ​အော်​ဒါငှါးရမ်းခဲ့တာလို့သိရပါတယ်​၊ ယ​နေ့မွန်းလွဲ ၂နာရီ​လောက်​က ​ညောင်ရွှေကွင်းအတွင်းမှာ တိမ်း​မှောက်​ခဲ့တာပါ နှစ်​ဦးဆယ်​ယူရရှိပြီး သုံးဦး​ရေနစ်​​ပျောက်​ဆုံး​နေတယ်​လို့သိရပါတယ်​။ ​ပျောက်​ဆုံး​နေတဲ့သုံးဦးကို ဝိုင်းဝန်းရှာ​ဖွေ​နေပါတယ်​''ဟု သာယာကုန်း​ကျေးရွာ​နေ ကို​မောင်​ဦးက​ပြေသည်​။
စက်​တပ်​​လှေ​ကို ​ကေါက်ရ(ခ)ကျော်နိုင် အသက်(၄၉-နှစ်)က ​မောင်းနှင်​ခဲ့ခြင်းဖြစ်​ပြီး စက်​​လှေ​ပေါ်တွင်​ ခရီးသည်​၅ဦးကို တင်​​ဆောင်​၍ ​ဒေါ်လန်းဘက်​မှာ ​မောင်းနှင်​လာစဉ်​ ဘားအံမြို့ နယ်​၊ သာယာကုန်း​ကျေးရွာ၊ ​ညောင်​​ရွှေကွင်းအ​ရောက် ​စက်​တပ်​​​လှေမှာ တိမ်း​မှောက်​သွားခဲ့ပြီး စင်​တပ်​​လှေ​ပေါ်လိုက်​ပါလာသူ ၅ဦးအနက်​  သိန်းဌေး (၃၇-နှစ်)၊ဒေါ်လန်းကျေးရွာနေ သူနှင့် မအေးအေးသင်း (၂၁နှစ်)၊ ဒေါ်လန်းကျေးရွာနေ နှစ်ဦးသာတွေ့ရှိရပြီး ကိုစိုးဌေး (၃၅-နှစ်)၊ ဒေါ်လန်းကျေးရွာ၊ မမေမြတ်စိုး (၁၄-နှစ်) ဒေါ်လန်းကျေးရွာနေ သူနှင့်​ မနဒီဦး(၇-နှစ်)ဒေါ်လန်းကျေးရွာနေ သူတို့မှာရေနစ်ပျောက်ဆုံးနေကြောင်း သိရသည်​။

ဖြစ်​စဉ်​အား သာယာကုန်းရဲကင်းမှူး ရဲအုပ်​ လှ​ငွေက စစ်​​ဆေးလျှက်​ရှိပြီး ​ပျောက်​ဆုံး​နေသူသုံးဦးကို ရဲတပ်​ဖွဲ့ဝင်​များ၊အုပ်​ချုပ်​​ရေးအဖွဲ့များ၊ မီးသတ်​တပ်​ဖွဲ့ဝင်​များ၊ လူမှုကူညီ​ရေးအဖွဲ့များ၊​ကျေးရွာသူ/သားများဖြင့်​ ဝိုင်းဝန်းရှာ​ဖွေလျှက်​ရှိ​ကြောင်း သတင်းရရှိသည်​။

မင်းသူ/ထွန်းထွန်း​ထွေး(ဘားအံ)

No comments:

Post a Comment