Latest News

Tuesday, July 24, 2018

အလည်တစ်ခေါက်လာစေချင်သည် ရေတံခွန်နှင့် မုက္ခာဆင်စခန်းဆီ

အလည်တစ်ခေါက်လာစေချင်သည် ရေတံခွန်နှင့်
မုက္ခာဆင်စခန်းဆီ


ပျော်ရွှင်ကြည်နူး သာယာလှပ စည်ကားနေသော
မုက္ခာဆင်စခန်းနှင့် ရေတံခွန်ကို အလည်တစ်ခေါက်
သွားမည်ဆိုလျှင် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် သရက်တပင် တာဆုံ ရန်ကုန်-ပြည် ကား
လမ်းမကြီးမိုင်တိုင် ၁ဝ၃ မှ အရှေ့ဘက်သို့ စိန်ကန့်လန့်-
မြို့ချောင်း ကားလမ်းအတိုင်းသွားပြီး မိုင်တိုင်အမှတ် ရှစ်မိုင်ခြောက်ဖာလုံသို့ရောက်လျှင် ဘန့်ဘွေးကုန်း ကျေးရွာအနီးရှိ ရေတံခွန်နှင့် ဆင်စခန်းကိုရောက်ပြီ  ဖြစ်ပါသည်။

မင်းလှတာဆုံမှ ဆင်စခန်းနှင့် ရေတံခွန်သို့ သွားရာ
လမ်းတစ်လျှောက်တွင် စိန်ကန့်လန့်ကျေးရွာကို ဖြတ်
ကျော်သွားရမှာဖြစ်ပြီး လမ်းကလည်း ကတ္တရာလမ်း
ဖြစ်တာကြောင့် တောတောင်ရေမြေ သဘာဝအလှ
တရားများကို ခံစားကြည့်ရှုရင်း  တောပန်းရနံ့များ လေကောင်း လေသန့်များကို ခံစားရှူရှိုက်၍ လောက၏
သောကအမောတွေကို ဖြေဖျောက်ရင်း ဆင်စခန်းနှင့်
မုက္ခာဆည်ကို ရောက်မှန်းမသိရောက်ပါလိမ့်မည်။ 

ကားများ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်
များဖြင့်လာရောက်လျှင် ယာဉ်ရပ်နား အပ်နှံထားရှိမည့်
နေရာများတွေ့ရပြီး စားသောက်ဖွယ်ရာများအတွက် စားသောက်ဆိုင်များလည်း ဖွင့်လှစ်ထားသည်။

ဆင်စခန်းသည် တောင်ကုန်းပေါ်တွင်တည်ရှိသော
ကြောင့်  ချောင်းကူးဝါးတံတားလေးကို ဖြတ်ကျော်ပြီး
သွားရပါသည်။ တံတားပေါ်မှကြည့်လျှင် အလွန်ကြည့်
ကောင်းပြီး ကြည်လင်အေးမြနေသောရေများကြောင့် အလွန်စိတ်အမောပြေပါသည်။ ဆင်စခန်းတွင်းသို့ ဝင်
ရောက်လှည့်ပတ်ကြည့်ရှုမည်ဆိုလျှင် လူတစ်ဦး ကျပ် ၅ဝဝ ဖြင့် ဝင်ရောက်လေ့လာ အပန်းဖြေနိုင်ပါသည်။

ဆင်စခန်းသည် မုက္ခာကြိုးပြင်ကာကွယ်တောတွင် အကျယ် နှစ်ဧက တည်ရှိပြီး ၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်နေ့
က စတင်ဖွင့်လှစ်ခဲ့သည်။ ဝင်ကြေးမှာ ပြည်တွင်း ခရီး
သွားအတွက် ဝင်ကြေး ကျပ် ၅ဝဝ၊ ဆင်စီးခ ကျပ် ၃ဝဝဝ၊
နိုင်ငံခြားသား ခရီးသွားများအတွက် ဝင်ကြေးနှင့် ဆင်စီးခ ကျပ် ၂ဝဝဝဝ ဖြစ်သည်။ ဆင်စီးမည်ဆိုလျှင် လမ်းကြောင်းနှစ်ကြောင်း  ပေးထား၍ ရေတံခွန် ပတ်လမ်းကြောင်းနှင့် တောပတ်လမ်းကြောင်း အနက်မှ
နှစ်သက်ရာတစ်ခုကို ရွေးပြီးစီးနိုင်ပါသည်။

ဓာတ်ပုံရိုက်သူများဖြင့် စည်ကား

ယခင်က ဆင် ၁၁ ကောင်မှ ယခု ဆင် ၁၅ ကောင်ရှိ
ရာ  ဒေသခံနှင့် အနယ်နယ်အရပ်ရပ်မှ လူကြီး၊ လူငယ်၊
ကလေးများ စိတ်ဝင်တစားလာရောက်ကြသည်။ဆင်
ပေါက်ကလေးမှာလည်း ချစ်စရာကောင်းပြီး ဆင်ကြီး
များကလည်းလိမ္မာသောကြောင့် အစာကျွေးသူများနှင့် အမှတ်တရဓာတ်ပုံရိုက်သူများဖြင့် စည်ကားနေသည်။ အားလပ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်
များ၊ အခါကြီးရက်ကြီးများတွင် လာရောက်သူများ ပိုပြီးများပြားလှသည်။ ယနေ့အချိန်ထိ ပြည်ပခရီးသွား ဧည့်သည်များ လာရောက်ခြင်းမရှိသေးပါ။

ဆင်စခန်းတွင် ဆင်များအားဆင်အစားအစာများ ဝယ်ယူကျွေးမွေးနိုင်ခြင်း၊ ဆင်များနှင့် ဓာတ်ပုံရိုက်ခြင်း၊ ဆင်များ၏ သဘာဝအားကြည့်ရှုလေ့လာခြင်း၊ ဆင်စီး
ခြင်းတို့ဖြင့် အနားယူ အပန်းဖြေနိုင်ပါသည်။ ကျန်းမာရေး
သန့်စင်ခန်း၊  အဝတ်လဲခန်း၊  နားနေဆောင် ငါးခု၊
ရှင်းလင်းဆောင်တစ်ခု၊ ဆင်စာဆိုင် သုံးဆိုင်၊ သဘာဝ
ကြံရည်ဆိုင်၊  ထမင်းဆိုင်တို့ရှိရာ အလွန်ပျော်စရာ ကောင်းပြီး စည်ကားလှပါသည်။ ဆင်ပြသချိန် နံနက်
၈ နာရီမှ ညနေ ၅ နာရီ၊ ဆင်စီးချိန် နံနက် ၉ နာရီမှ
မွန်းတည့် ၁၂  နာရီ၊     မွန်းလွဲ ၂   နာရီမှ   ညနေ ၅ နာရီထိ
ဖြစ်ပြီးဆင်စခန်းအား ပိတ်ရက်မရှိနေ့စဉ်ဖွင့်လှစ်ပေး ထားသည်။

ဆင်စခန်းကြီးကြပ်ရေးတာဝန်ခံ ဦးဝင်းမြင့် (သစ်တော
အုပ်)က တောတောင်များ သစ်တောများ ပြုန်းတီးမှု
ကာကွယ်ရေးအတွက် ပဲခူးရိုးမသစ်ထုတ်လုပ်ငန်း
အား ရပ်နားထားခြင်းကြောင့် ဆင်များ၊ ဆင်ဦးစီးများ
လုပ်ငန်းဖြစ်မြောက်ရေးအတွက် ပတ်ဝန်းကျင်ခရီးသွား
ပြည်သူများနှင့် ဆင်များ ရင်းနှီးကျွမ်းဝင်မှုရှိစေရေး၊
ဆင်များ၏ အမူအကျင့် အနေအထိုင်များကို လေ့လာနိုင်
ရေးအတွက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဆင်များအတွက် ဧက ၁၅ဝ ရှိသောသဘာဝစားကျက်၌ အစာကျွေးမွေး
ထိန်းကျောင်းကြောင်း၊ ဆင်စခန်းသို့ လာရောက်လည်
ပတ်သော ဧည့်သည်များအတွက် လုံခြုံရေး၊ သွားလာ
ရေး၊ နေထိုင်မှုများကို ဆင်ဝိုင်းဝန်ထမ်းများက တာဝန်
ယူစောင့်ရှောက်ပေးကြောင်း၊ ဆင်စခန်းက ကောက်ခံ
ရရှိသောဝင်ငွေမှာ တစ်လထက်တစ်လ တိုးမြှင့်ရရှိ
သောကြောင့် နိုင်ငံတော်ဝင်ငွေ ဖြည့်ဆည်းပေးနိုင်
ကြောင်း ပြောကြားသည်။

မုက္ခာရေတံခွန်သည် ဘန့်ဘွေးကုန်းကျေးရွာအထက် ဆင်စခန်းနှင့် အနီးကပ်တည်ရှိပြီး လူအများ သွား
ရောက် အပန်းဖြေနားခိုစရာ စခန်းတစ်ခုအဖြစ် လူသိ
များလျက်ရှိသည်။ ဆည်မြောင်းဦးစီးဌာနက မုက္ခာဆည်
ကို ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ရာ
၂ဝ၁၅ ခုနှစ်တွင်ပြီးစီးခဲ့ပြီး ပဲခူးရိုးမမှ စီးဆင်းလာသော မုက္ခာချောင်းမှာ ရေစီးသန်သော ချောင်းဖြစ်ပါသည်။

လာရောက်အပန်းဖြေ

မုက္ခာရေတံခွန်မှာ ရေလှောင်တမံ၏ အောက်ဘက်
ပေ ၁၄ဝဝ အကွာ၌ တည်ရှိပြီးအမြင့်ပျမ်းမျှ ပေ ၅ဝ၊ 
အကျယ်  ပေ ၄ဝ   ဆင်ခြေလျှောပုံစံရေစီးဆင်းမှု
အားကောင်းခြင်း၊     ဆည်မှလွှတ်သောရေများမှာ
ကြည်လင်အေးမြနေပြီး  ပတ်ဝန်းကျင်  တောတောင်
သဘာဝရှုခင်းများ     ကောင်းမွန်ခြင်းတို့ကြောင့်
လာရောက် အပန်းဖြေရေကစားကြသူများ  တိုးပွား
လာပြီး လူစည်ကားလှသည်။

ယခု ဆင်စခန်းနှင့် မုက္ခာရေတံခွန်မှာ နီးကပ်လျက်
ရှိခြင်းကြောင့် အလွန်ပင်အတွဲညီ စည်ကားသာယာလှပ
နေပါသည်။ ဒေသခံပြည်သူများက လာရောက်ရောင်းချ သော သဘာဝအုန်းစိမ်းရည်၊  ကြံရည်၊  ပုရစ်ကြော်၊ ငါးကင်၊  အအေးနှင့် အခြားစားသောက်ဖွယ်ရာများ၊ အမှတ်တရ အင်္ကျီများဖြင့် စည်ကားစွာရောင်းချကြရာ အပန်းဖြေလာရောက်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူ စားသောက်ကြသည်။ ဈေးဆိုင်တန်းများ အလွန်များပြား
နေလည်း ဝယ်ယူစားသောက် အပန်းဖြေနေသူများဖြင့်
စည်ကားနေကြောင်း တွေ့နေရပါသည်။ ဆင်စခန်းနှင့် ရေတံခွန်ကိုအမှီပြု၍ ဒေသခံ ပြည်သူများအလုပ်အကိုင်၊ စီးပွားရေးအခွင့်အလမ်းများလည်း ကောင်းမွန်တိုးတက် နေသည်ကို မြင်တွေ့ရပါသည်။

ပတ္တမြားစားသောက်ဆိုင်တွင် ရောင်းချသော ဈေး
သည် မစန်းစန်းသွယ်က ''ကျွန်မက ဒီနားက ရွာခံ
မဟုတ်ပါဘူး။ မင်းလှမြို့က လာရောက်ပြီး ဈေးရောင်း တာပါ၊ ဆင်စခန်းနဲ့ ရေတံခွန်ကို နေ့စဉ်လာရောက်
တဲ့သူ များပြားတဲ့အတွက် အအေး၊ ရေသန့်ဘူး၊ ကော်ဖီ၊
အသုပ်စုံနဲ့ အခြားစားဖွယ်တွေ   အစုံရောင်းချရတဲ့  အတွက် အဆင်ပြေပါတယ်။ အရက်၊ ဘီယာ လုံးဝ
မရောင်းပါဘူး၊ စားသုံးသူတွေသန့်ရှင်းစွာ စားသောက်
နိုင်အောင် သန့်သန့်ပြန့်ပြန့်ရောင်းချတဲ့အတွက် နေ့စဉ်
ပုံမှန် ခုနစ်သောင်း၊ ရှစ်သောင်းဖိုးရောင်းရပြီး အခါကြီး
နေ့ကြီးရက်တွေမှာ   တစ်သိန်းခွဲမှ   နှစ်သိန်းဖိုးထိ
ရောင်းချရပါတယ်။   အပန်းဖြေလာရောက်သူတွေနဲ့ ဈေးဆိုင်တန်းတွေအတွက် အဝတ်လဲခန်း၊ သန့်စင်ခန်း  တွေ ထားရှိပေးထားပါတယ်'' ဟု ပြောသည်။

ထို့ကြောင့် လူကြီး၊ လူငယ်၊ ကလေးငယ်များ၊ လူမျိုး
မရွေး၊ ဘာသာမရွေး ဆင်ထိန်းသိမ်းရေး အခြေပြု ခရီး
သွားလုပ်ငန်း တစ်ခုဖြစ်သည့် မင်းလှ မုက္ခာရေတံခွန်
ဆင်စခန်းကို ပျော်ပျော်ပါးပါး လာရောက်အပန်းဖြေ ဆင်စီးပြီး ရေကစားကြဖို့အတွက် အလည်တစ်ခေါက်
လာလည်စမ်းပါလို့ ဖိတ်ခေါ်ချင်ပါသည်။     ။

ပေါက်စ(မင်းလှ)

No comments:

Post a Comment